တနင်္ဂနွေလေးများရဲ့ဘဝတစ်သက်စာဟောစာတမ်းတနင်္ဂနွေသားသမီးတွေကသူများတွေနဲ့မတူပဲထူးခြားတဲ့ စရိုက်ကိုပိုင်ဆိုင်ထားကြသူတွေဖြစ်ပါတယ်။စိတ်ကြီးတယ်စိတ်ဆတ်တယ်မသိရင်မာနကြီးတဲ့ပုံပေါက်နေပေမယ့်တကယ်တမ်း

တော့ဝမ်းနည်းလွယ်ပြီးသနားတတ်တဲ့သူလေးတွေပါသူတို့ကဒေါသကြီးပေမယ့်နူးညံ့တဲ့နှလုံးသားပိုင်ရှင်တွေပတစ်ဖက် သားကိုစာနာသနားတတ်တဲ့နေရာမှာနှစိယောက်မရှိသူတွေဖြစ်ပါတယ်။ စိတ်ဆိုးပြီးဒေါသနဲ့ပြောလိုက်ရင်ပြောလိုက်ပေ

မယ့်ခဏပါပဲပြီးရင်စိတ်ထဲမထားတော့ဘူးဒါပေမယ့်သူတို့ကို ရန်စမိရင်လွယ်လွယ်နဲ့မမေ့တတ်ဘူးအမှတ်ကြီးတဲ့သူလေးတွေရယ်။သူတို့ဟာဗဟုသုတကိုလိုက်စားတယ် ၊ ပတ်ဝန်းကျင်ကိုစူးစမ်းလေ့လာတယ်အအိပ်လဲကြီးကြတယ်။

အစားကတော့အရမ်းမကြီးပေမယ့်ခဏခဏ စားနေတတ်ကြတယ်။အစွဲအလမ်းကြီးတယ်စိတ်ကောက်လွယ်တယ်ဒါပေမယ့်စိတ်ပြေလွယ်တယ်ဒါကြောင့် သူတို့ဟာချစ်ဖို့ကောင်းနေတတ်ကြပြန်ရောချစ်သူကိုကိုယ့်သဘောအတိုင်းဖြစ်စေ

ချင်တဲ့သူမျိုးတွေပါ။ချစ်သူအပေါ် အနိုင်ယူချင်ကြတယ်အရမ်းလည်းချစ်တတ်ပြီးအချစ်လည်းကြီးတယ်။၁ခါ၁လေမှာအချစ်အတွက်တဇွတ်ထိုးနိုင်ကြတဲ့ သူတွေ ဖြစ်ပါတယ်။အဲ့တာကြောင့်အချစ်ရေးမှာ နဲနဲ ညံ့တယ်လို့ ဆိုရမယ်။မိသားစု

ကိုလဲ ချစ်တတ်ကြတယ်အပေါင်းအသင်းကလည်းမက်သေးတယ်။သူငယ်ချင်းများအတွက်အနစ်နာခံလိုစိတ်ရှိသူတွေဖြစ်ပါတယ်။တနင်္ဂနွေ သားသမီးတွေဟာသူတို့ခံစားနေရတာတွေကိုလည်းမျိုသိပ်ထားတတ်ကြတယ် ။ အများနဲ့ဆို ပြုံး

ပျော်နေကြလေ့ရှိပေမယ့်ကွယ်ရာမှာ တိတ်တိတ်လေးကျိတ်ပြီး ခံစားနေတတ်သူတွေပါ။ ဦးဆောင်လိုစိတ်လဲအရမ်းထက်သန်တယ်နေရာတကာ ဆရာကြီးလုပ်တတ်တဲ့သူမျိုးတွေတော့မဟုတ်ကြပေမယ့်ဦးဆောင်နိုင်စွမ်းရှိကြသူတွေ

ဖြစ်ပါတယ်။အထူးခြားဆုံး အချက်ကအစွဲအလမ်းကြီးတတ်လွန်းတာပါပဲ ။တနင်္ဂနွေသားသမီးတွေဆောင်သင့်တဲ့ အဆောင်ကျောက်ကတော့ပတ္တမြားဖြစ်ပါတယ်Credit