ဤလအတွင်း၌သင်သည်မြေကိစ္စအမွေနှစ်ကိစ္စများကြုံရတတ်သည်ငွေရှာရလွယ်ကူပေမယ့်စုဆောင်း၍မရငွေ၀င်လျှင်ကိုင်မထားရ၊ရွှေ၀ယ်ထားပါဘုရားဆင်းတုတော်၊ပုံတော်

များကြွလာမည်သင့်အတွက်အလွန်ကောင်းသောနိမိတ်ဖြစ်ပါသည်နာရေးကိစ္စကိုအကြောင်းပြ၍ခရီးသွားရတတ်သည်။ဆရာသမားကဲသို့သောပုဂ္ဂိုလ်များနှင့်အဆင်မပြေဖြစ်မည်။

လုပ်ဖော်ကိုင်လက်များမိတ်ဆွေများနှင့်အဆင်မပြေလမ်းခွဲရတတ်သည်အထူးသတိပြုရန်အိမ်ထောင်ရှိသူဆိုလျှင်အိမ်ထောင်ဘက်နှင့်အဆင်မပြေကြီးစွာဖြစ်တတ်သည်သွပ်၊

သံ၊သစ်တစ်ပတ်ရစ်ပစ္စည်းလက်မခံပါနှင့်၊အောက်လက်
ငယ်သားဒုက္ခပေးတတ်သည်။အလှူအတန်းပြုရခြင်း၊မင်္ဂလာပွဲများစီစဉ်ပေးရခြင်းများပြုလုပ်ရတတ်သည်အလုပ်နေရာ

အိမ်နေရာပြောင်းရွှေ့ရတတ်သည်ရွှေ၀င်မည်ရတနာပစ္စည်းများ၀င်မည်အဘက်ဘက်မှာစိတ်ချမ်းသာစရာများကြုံတွေ့လာရလိမ့်မည်ယခုကာလတွင်အိမ်ထောင်ပြုပါက တည်မြဲ

သောအိမ်ထောင်မဖြစ်နိုင်၊အိမ်ထောင်ပြုလျှင် သားသမီးပါလာတတ်သည်လုပ်ငန်းသစ်များစတင်ရတတ်သည်ထိုလုပ်ငန်းများသည်လည်းလွန်စွာကျိုးပေးအောင်မြင်မည်။

ဤကာလတွင်ကိုယ်စိတ်နှုတ်သုံးပါးကိုမဖောက်မပြန်တည်တည်ကြည်ကြည်ထ်ိန်းသိမ်းနိုင်သူတွေတန်ဖိုးကြီးမားသောဘ၀သို့ရောက်နိုင်သည်မထိန်းသိမ်းနိုင်သူအဖို့ရေနှင့်ထိသော

ရွှံ့နွံဘဝရောက်နိုင်သည်ဤကာလအတွင်း၌စီးပွားအလွန်ကောင်းသကဲ့သို့ကိုယ်ကျင့်တရားအထူးအရေးကြီးသောအချိန်ဖြစ်ပါသည်။ အမှုအခင်ဖြစ်နေသူကိုငွေမချေးပါနှင့်၊

အာမခံမလိုက်ပါနှင့်သတိပြု၍ရှောင်ကြဉ်ပါပတ္တမြားမြထွက်တတ်သည်ယခုကာလတွင်အစားမှားဆေးမှားဖြစ်ခြင်းသွားဒုက္ခပေးခြင်းများကြုံရမည်။ ဤကာလအတွင်းကောင်းကျိုး

ချမ်းသာများပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ၊သက်သာပြေပျောက်စေရန်အောက်ပါယတြာများကိုဂရုစိုက်ပြုလုပ်ပါလေကလေးများကိုချောကလက်လက်ဆောင်ပေးလိုက်ပါဘုရားဆင်းတုတော်ရင်ဘတ်တော်အားရွှေချပါ။credit