တနင်္ဂနွေသားသမီးများအတွက်ခုနှစ်ရက်စာအထူးဟောစာတန်းဗေဒင်ယခုကာလများအတွင်းကျန်းမာရေးအညံ့များကြုံက မပေါ့ဆသင့်ပါ။ဘယ်ရောဂါဖြစ်ဖြစ်နာတာရှည်ဖြစ် သွားတတ်လို့ပါ။ယာဉ်၊ကားမောင်းနှင်

မှုများ မောင်းနေရင်းကနေစက်ချို့ယွင်းတာမျိုးဖြစ်တတ်ပြီးခရီးကြန့်ကြာသွားတတ်ပါတယ်။ရေတွင်အပျော်ဆော့ကစားခြင်းများ ရေကူးကန်မှာပဲဆောင်ရွက်ပါ။မြစ်ချောင်းအင်းအိုင်တွေ မှာမကူးမိပါနဲ့။ မူးယစ်

ရမ်းကားသောသူများနှင့်လည်းခိုက်ရန်ဖြစ်ပွားတတ်ပါသေးတယ်။လူစည်ကားရာအရပ်ဒေသများသို့သွားလာစဉ်ခါးပိုက် နှိုက်ခံရခြင်း၊ပျောက်ရှခြင်းများဖြစ်ပွားစေရတတ်ပါသည်။ကစဉ့်ကလျားတစ်စစီဖြစ်

နေသောကိစ္စများအားပြန်လည်စုစည်းလုပ်ကိုင်နိုင်မည်မှန်းဆရည်ရွယ်ထားသည်တို့ကိုစနစ်တကျလက်တွေ့အကောင် အထည်ဖေါ်ဆောင်ရွက်ရင်း အောင်မြင်မှုတို့ ရရှိမည်။ အလုပ်ဟောင်းမှထွက်၍ အလုပ်

သစ်ရှာသူများအလုပ်ရရှိမည်။စပ်တူစီးပွားကိစ္စဆောင်ရွက်သူများ အလိုရှိရာပြည့်စုံမည်။တာဝန်ယူဆောင်ရွက်ရသော ကိစ္စများ အောင်မြင်မည်။ ငွေစုခြင်း၊ ပစ္စည်းများ စုဆောင်းသိုလှောင်ခြင်းတွေ ပြုလုပ်သင့်ပါတယ်။

အချစ်ရေး၊အိမ်ထောင်ရေးမှာညီအစ်ကို၊မောင်နှမသားချင်းများကြောင့်စိတ်ရှုပ်ရတတ်ပါတယ်။ချစ်သူအိမ်ထောင်ဘက် ၏ ခရီးသတင်း ကောင်းများ ကြားရတတ်သည်။ဘာသာရေး၊ပညာရေးရည်ရွယ်ချက်များ အောင်မြင်မည်။

အကျိုးပေးဂဏန်း2/4/5အထူးဟောကျန်းမာရေးမပေါ့ပါနဲ့။ယတြာအလှကုန်ပစ္စည်းတစ်ခုခုမိတ်ဆွေတစ်ဦးကိုလက် ဆောင်ပေးလိုက်ပါ။ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)09775555695 /09 44 5555695 credit