တနင်္လာသားသမီးများဟာအများအားဖြင့်အသားမဖြူလွန်းမညိုလွန်းအသားခပ်လတ်လတ်နှင့်အရေပြားပါးလွှာကာအသားအရေနု၍လှနေတက်ခြင်း၊အရပ်မနိမ့်မမြင့်ရှိသူတို့မှာလှပသော

ကိုယ်ခန္ဓာအချိုးအဆစ်တို့ကိုပိုင်ဆိုင်ထားခြင်းနှင့်သေးသွယ်သောမျက်ခုံးလှပသောနှုတ်ခမ်းနှင့်ကြည့်ရင်းကြည့်ရင်ပို၍လှနေတက်သောအလှပိုင်ရှင်များဖြစ်ပါတယ်ထူးခြားတဲ့အားသာချက်ကတော့

အပြစ်ကင်းစင်လွန်းတဲ့အပြုံးကြောင့်လူအများရဲ့ချစ်ခင်မှုကိုရရှိနေတက်ပါတယ်အများအားဖြင့်သွက်သွက်လက်လက်နှင့်စကားပြောကောင်းသူများဖြစ်ပြီးအရာရာကိုအနာဂါတ်အတွတ်

ကြိုတင်မျော်တွေးကာတစိုက်မတ်မတ်လုပ်ကိုင်နေတက်ပြီးဇွဲကောင်းတယ်။ထိုးထွင်းကြံဆနိုင်မှုကောင်း၍ထက်မြတ်သောသူများဖြစ်ပါတယ်လူအများအပေါ်တွင်ယုံကြည်မှုအပြည့်အဝ

ပေးတက်သူဖြစ်ပြီးမိမိယုံကြည်မှုမရှိတော့ပါကလည်းဘယ်တော့အခါမှပြန်လှည့်မကြည့်တတ်တော့တဲ့လူများဖြစ်တယ်။အပေါင်းအသင်းအရမ်းမက်ပြီးကိုယ်ကသာအရာရာအနစ်နာခံ၍

ပေးဆပ်တက်သောစေတနာပိုင်ရှင်များဖြစ်ပါတယ်။ပျော်ပျော်နေတက်ပြီးအပျော်အပါးကိုစိတ်ဝင်စားသူများလည်းဖြစ်ကြပါတယ်။မဟုတ်မခံအမှန်တရားအတွက်ဘာမဆိုလုပ်ရဲတဲ့သူ

မိမိမှားတဲ့အခါရဲ့ရဲ့ဝံ့ဝံ့ဝန်ခံတက်သူအားနွဲ့သူအားငယ်သူများအားကူညီလိုသူတခါတရံစိတ်အလိုမကျကဘုကလန့်ပြောဆိုလုပ်ကိုင်တက်သူတို့ဖြစ်ပါတယ်စိတ်ဆိုးစိတ်တိုဒေါသထွက်လွယ်ပြီး

တခဏအတွင်းစိတ်ပြေခွင့်လွတ်နားလည်ပေးတက်သူမျိူးလည်းဖြစ်ပါတယ်။ဒါပေမယ့်ခွင့်လွတ်တက်သော်လည်းအမှတ်ကြီးသူမျိုးဖြစ်ပါတယ်။သို့သော်အားနာတက်တဲ့အားနည်းချက်က

မိမိကိုမကြာခဏစိတ်ညစ်နေရတက်ပါတယ်အချစ်ရေးမှာတော့အရမ်းကိုအစွဲအလမ်းကြီးတယ်လို့ဆိုရပါမယ်အချစ်ရေးကံကောင်းနေရင်တောင်အမြဲခံစားချက်တွေတော့

ရှိနေတက်သူပါအရာရာမှာသတ္တိရှိသလောက်အချစ်ရေးမှာတော့မသိစိတ်ကသိမ်ငယ်နေရတက်ပါတယ်တကယ်ချစ်မိပြီဆိုရင်ချစ်သူအတွက်ကိုဘယ်အရာနဲ့မဆိုလဲနိုင်သူ၊ဖွင့်ဟပြောပြဖို့ထက်မျိုသိပ်ပြီးချစ်နေတက်သူ

သဝန်တိုပါတယ်လို့ပြောရမှာရှက်ပြီးလူမသိသူမသိအရမ်းသဝန်တိုနေတက်သူသူများတွေနဲ့တခါမှစိတ်မကောင်ရင်တောင်ချစ်တဲ့သူအပေါ်မှာတော့မကြာခဏစိတ်ကောက်နေတက်မျိူးဖြစ်ပါတယ်တနင်္လာသားသမီးတွေရဲ့အချစ်ခံစားချက်နှင့်

မျက်ရည်တွေကိုဗေဒင်ဆရာတွေထက်သူတို့အုံးနေကျခေါင်းအုံးတွေကပိုပြီးသိနေပါလိမ့်မယ်တနင်္လာသားသမီးများအားလုံးဘဝတစ်လျှောက်လုံးအေးချမ်းပျော်ရွှင်စွာအသက်ရှင်နေထိုင်နိုင်ကြပါစေcreditဆရာဦးဘိုနိုင် (ဗေဒင်)