တစ်ပိဿာကိုသိန်း၃၀ လောက်ရှိတဲ့တနိုင်တပိုင်စီးပွားဖြစ်ဌက်သိုက်မွေးမြူခြင်းဌက်သိုက်ဆိုရင် မြန်မာနိုင်ငံကလူအများစုကတန်ဖိုးကြီးတဲ့စားစရာတခုအနေနဲ့လောက်ဘဲ သိကြပါတယ်အရှေ့တောင်အာရှနိုင်ငံတွေမှာဘဲတွေ့ရတဲ့ဇီဝဇိုး
ဌက်လို့ခေါ်တဲ့ဌက်တမျိုးရဲ့အံဖတ်နဲ့လုပ်ထားတဲ့ဌက်သိုက်ဖြစ်ပြီး မြန်မာနိုင်ငံကတနင်္သာရီတိုင်းမှာလည်းထွက်တယ်ကိုယ်ခံအားimmunity ကောင်းစေတယ်ဒါလောက်ဘဲသိကြတာပါဌက်သိုက်စားသုံးသူအများဆုံးကတရုတ်နိုင်ငံဖြစ်ပြီးကမ္ဘာ့စားသုံးမှု၏90% ကျော်တယ်လို့
Nation Thailand 2021ကဖော်ပြပါတယ်ဌက်သိုက်ကို ဟောင်ကောင်ဈေးကွက်နဲ့အမေရိကန်တို့ကိုအများစုတင်ပို့ကြပါတယ်ဟောင်ကောင်မှာ နှစ်စဉ် ရောင်းအားဟာခန့်မှန်းခြေအားဖြင့်HKD2ဘီလီယံUSD 257million Nation Thailand2021ခန့်ရှိပြီးအင်ဒိုနီးရှားသည်
အရှေ့တောင်အာရှတွင်ကြက်ငှက်သိုက်ထုတ်လုပ်သည့်အကြီးဆုံးနိုင်ငံဖြစ်လာပြီးတစ်နှစ်လျှင် တန်ချိန်၂၀၀၀ခန့်တင်ပို့နေပြီးမလေးရှားကတစ်နှစ်လျှင်၆၀၀တန်နှင့်ထိုင်းနိုင်ငံက တစ်နှစ်လျှင်၄၀၀တန်Nation Thailandတင်ပို့ပါတယ်ခန့်မှန်းချက်များအရဌက်သိုက်နဲ့ဆက်နွယ်တဲ့
လုပ်ငန်းတွေရဲ့ထုတ်ကုန်တန်ဖိုးဟာအင်ဒိုနီးရှားပြည်တွင်းထုတ်ကုန်စုစုပေါင်းGDP ၏0.5%နိုင်ငံ၏ငါးဖမ်းလုပ်ငန်း၏ လေးပုံတစ်ပုံခန့်နှင့်ညီမျှသည်ထိုင်းနိုင်ငံမှာတော့ဌက်သိုက်နဲ့ဆက်စပ်လုပ်ငန်းတွေကတစ်နှစ်လျှင်THB10 billion USD 307 millionခန့်ရှိသည်မြန်မာနိုင်ငံမှာ
လည်းဇီဝစီုးဌက်ရှိပြီးဌက်သိုက်ထုတ်လုပ်တာရှိပါတယ်ဒါပေမဲ့ဘယ်လောက်အထိထုတ်လုပ်နိုင်သလဲ သေချာမသိပါဘူးတခြားနိုင်ငံမှာပင်လယ်ကမ်းရိုးတန်းတလျောက်မှာဇီဝစိုးဌက်ကို တွေ့ရှိရပေမဲ့ မြန်မာနိုင်ငံမှာတော့နိုင်ငံအနှံတွေ့ရှိရပါတယ်အခုအခါမှာရန်ကုန်၊ နေပြည်တော်အပါအဝင်
မြို့ကြီးတချို့ရဲ့ဆင်ခြေဖုန်းအရပ်တွေမှာဌက်သိုက်မွေးမြူခြင်းများပြုလုပ်လာကြပါပြီရန်ကုန်မှာသံလျင်၊ မှော်ဘီ၊မင်္ဂလာဒုံ၊ဒဂုံဆိပ်ကမ်း၊လှိုင်သာယာ စတဲ့မြို့နယ်တွေမှာစတင်မွေးမြူလာကြပါပြီမွေးတယ်လို့တာပြောရတာတကယ်တော့ နေဖို့အိမ်နဲ့လိုအပ်တဲ့အခြေအနေတွေကို
ဖန်တီးပေးရုံပါအစာကျွေးဖို့လည်းမလိုပါဘူး။ ပြုစုစောင့်ရှေက်ပေးဖို့လည်းမလိုပါဘူးဘာကြောင့် မွေးသင့်သလဲ၁။ဌက်သိုက်ကအတော် ဈေးကြီးပါတယ်လက်ရှိပေါက်ဈေးတပိသာကိုသိန်း၃၀ လောက်ပေါက်ပါတယ်။ မွေးတဲ့သူတချို့ကတလကို၃,၄ပိသာလောက်အထိရတတ်ပါတယ်
တခါရင်းထားပြီး ရေရှည်ရနိုင်တာမို့အတော် ကောင်းပါတယ်ဌက်ချေးတောင်တပိသာ၃ သောင်းလောက် ရောင်းလို့ရနိုင်ပါတယ်။ မွေးရင်ပိုက်ဆံရမယ်ဆိုပါတော့၂။ဇီဝစိုးဌက်ကendangering specieမျိုးတုန်းဖို့အန္တရာယ်ရှိတဲ့တိရစ်ဆာန်ပါဝိုင်းဝန်းစောင့်ရှောက်ဖို့လိုပါတယ်
၃။ဇီဝစိုးဌက်ကစိုက်ခင်းတွေမှာကျရောက်တတ်တဲ့ပိုးမွားတွေကိုဘဲစားပါတယ်အဲဒီတော့စိုက်ခင်းတွေကပိုးသတ်ဆေးသုံးစွဲရတာလျော့သွားပါလိမ့်မယ်နိုင်ငံခြားငွေကုန်တာနည်းသွားပါတယ်အခုလိုနိုင်ငံခြားငွေရှားပါးနေတဲ့အချိန်မှာလုံးဝလုပ်သင့်တဲ့အလုပ်ပါစိုက်ခင်းသစ်တော
ရေထွက်ပစ္စည်းတို့မှာပိုးသတ်ဆေးရဲ့ဓာတုရုပ်ကြွမ်းပါဝင်မများလို့ မဝယ်ဖို့ ငြင်းနေတဲ့နိုင်ငံတွေရှိပါတယ်ပိုးသတ်ဆေးရဲ့ဓာတုရုပ်ကြွမ်းပါဝင်မူများလို့ကင်ဆာအပါအဝင် ရောဂါပေါင်းစုံ ဖြစ်နေတာ လျော့ကျသွားစေနိုင်ပါတယ်၎။ဌက်ဟာအပင်တွေအတွက်အရေးကြီးတဲ့အလုပ်တခုလုပ်ပေးပါတယ်
ဝတ်မှုန်ကူးပေးတာပါဌက်များများရှိနေတာ ကောင်းပါတယ် မြန်မာနိုင်ငံရဲ့အဓိကစီးပွါးရေးဖြစ်တဲ့စိုက်ပျိုးရေး၊ မွေးမြူရေးသစ်တောလုပ်ငန်းတို့ဟာအရမ်းရုန်းကန်နေရတာပါရာသီဥတုဖောက်ပြန်လို့ပိုးကျလို့၊မိုးခေါင်ရေရှားလို့အလုပ်သမားရှားလို့စသဖြင့်ကပ်တခုခုကျလိုက်တာနဲ့
တောင်သူလယ်သမားအများစုက၃,၄ နှစ်စုထားတဲ့ရှိစုမဲ့စုလေးတွေတချီတည်းနဲ့ကုန်သွားနိုင်ပါတယ်တောင်သူလယ်သမားတွေအတွက်သူတို့လုပ်ငန်းကိုတနည်းတဖုံထောက်ပံ့ပေးနိုင်မဲ့ဒုတိယဝင်ငွေရလမ်းကိုဖန်တီးပေးဖို့လိုပါတယ်ဘယ်လို မွေးမလဲတကယ် မွေးလေ့ရှိတာက
၂၀x၆၀ ပေအကျယ် နှစ်ထပ်အဆောက်အဦပါအထဲမှာတော့လိုအပ်တဲ့စိုထိုင်းဆနဲ့အပူချိန် လေဝင်လေထွက်ရှိနေဖို့အလင်းရောင်မရှိဖို့လုံးဝ မှောင်နေဖို့လိုပါတယ်ဌက်အိမ်လုပ်လို့ရတဲ့ နေရာမျိုးလုပ်ထားပေးလိုပါတယ်အနှောက်အယှက်ပေးနိုင်တဲ့ ကြွက်တို့လင်းဆွဲတို့ဇီးကွက်တို့
မလာနိုင်အောင်ဖန်တီးပေးထားဖို့လိုပါတယ်သဘာဝဂူတွေလို ဖြစ်အောင်ဖန်တီးပေးထားရတာပါပြီးတော့ဇီဝစိုးဌက်တွေလာအောင်ဇီဝစိုးဌက် အော်သံပါတဲ့stick လေးကိုဖွင့်ထားပေးပြီးရုံပါဘယ်လို နေရာတွေမှာ မွေးမလဲလယ်စပ်တွေသစ်တောနားငါးကန်၊ မြစ်ချောင်းနီးတဲ့ နေရာတွေမှာမွေးလို့
ရပါတယ်။ ရေနဲ့ ဝေးရင်တော့ ရေသောက်လို့ရအောင် ရေကန်တွေစီစဉ်ပေးထားဖို့လိုပါတယ်အကြမ်းအားဖြင့် မွေးတာသိပ်များရင်အစာရတာနည်းသွားနိုင်တာကြောင့် ဌက်သိုက်အထွက်နည်းသွားနိုင်ပါတယ်ဘယ်လောက်ဘယ်လိုကုန်ကျနိုင်သလဲအဆောက်အဦး ဆောက်တဲ့အပေါ်မူတည်ပြီး
၂၀၂၂ ဈေးနှုန်းအရအကြမ်းအားဖြင့်သိန်း၆၀၀ ကျော် လောက်ကုန်ကျနိုင်ပါတယ်။လျပ်စစ်မီးရှိဖို့လိုပြီးဝပ်၂၀၀၀ခန့်သုံးဖို့လိုပါတယ်ရေငွေ့ထုတ်စက်၎လုံး ဆောင်းပေါက်တွီတာအလုံး၁၀၀ခန့်amplifierစတာတွေဖွင့်ထားဖို့ပါလျပ်စစ်မီးမရှိရင်၂၀၂၂ခုနှစ်မှာတော့
Solarက ရွေးချယ်စရာပါဈေးကတော့သိန်း၁၀၀ပတ်ဝန်းကျင်လောက် ကုန်နိုင်ပါတယ်။ မြေဖိုးမပါသိန်း၁၀၀၀ လောက်ဆိုရပါပြီသိန်း၁၀၀၀ဆိုတော့မတတ်နိုင်တဲ့ တောင်သူလယ်သမားအများစု ဖြစ်သွားတာ မြန်မာနိုင်ငံတင်မကပါဘူးအများဆုံးမွေးကြတဲ့အင်ဒိုနီးရှားမလေးရှား
ထိုင်းနိုင်ငံတို့မှာရောပါအဲဒီနိုင်ငံတွေမှာတော့အစိုးရကဘဏ်က ချေးငွေရအောင်မူဝါဒတရပ်ချပြီးကူညီပါတယ်တရားဝင် မွေးခွင့်ရအောင်လည်းစီစဉ်ပေးပါတယ်ဒါ့အပြင်လိုအပ်တဲ့စက်ပစ္စည်းတွေကို ထုတ်လုပ်ခွင့်တင်သွင်းခွင့် ဈေးကွက်ကိုထုတ်ကုန်လွတ်လပ်စွာတင်ပို့ခွင့်တို့ပေးထားပါတယ်
အဲဒီအစိုးရတွေကတော့နိုင်ငံရဲ့လူဦးရေအများစုဖြစ်တဲ့ တောင်သူလယ်သမားတွေ ဘဝရပ်တည်ဖို့ခက်ရင်တနိုင်ငံလုံးရဲ့စီးပွါးရေးကမောက်ကမဖြစ်မှာသတိပြုမိကြလို့ပါDr Tint Swe BVSဌက်အိမ်ကိုကိုယ်တိုင်လိုက်ပြပြီးရှင်းပြခဲ့တဲ့အထူးကျေးဇူးတင်ပါတယ်ဆရာရဲ့စီးပွားဖြစ်ဇီဝဇိုးဌက်သိုက်စာအုပ်ကအထူးကောင်းမွန်ကြောင်း mမှတ်တမ်းတင်ပါတယ်(Tin Sein)