မြန်မာ့တောတောင်များအတွင်းရှိတန်ဖိုးကြီးမားရှားပါးသည့်အရာများမသိသူကျော်သွားသိသူဖော်စားမြန်မာ့တောတောင်များအတွင်းမှာရှိတဲ့တန်ဖိုးကြီးမားပြီးရှားပါးထူးဆန်းတဲ့အရာများကိုဖော်ပြပေးလိုက်ပါတယ်။

အဆိုပါပစ္စည်းတွေဟာတဖက်နိုင်ငံကတရားမဝင်ကုန်သွယ်ရောင်းဝယ်မှုတွေကြောင့်အတော်များများပျက်စီးပျောက်ဆုံးကုန်ပြီဖြစ်ပါတယ်။ယင်းပစ္စည်းများကိုထိန်းသိမ်းစေလိုတဲ့ရည်ရွယ်ချက်နဲ့ပုံမမြင်ဘူးသူများမြင်ဖူးစေရန်အတွက်ပုံနှင့်

တကွဖော်ပြလိုက်ရပါတယ်ညောင်နီပင်မြန်မာနိုင်ငံမှာရှိတဲ့တောထဲတွင်ရံဖန်ရံခါတွေရလေ့ရှိသောညောင်ပင်နီဖြစ်သည်။ သစ်ပင်ကိုင်းအားဓါးဖြင့်ခုတ်လျှင်လူကဲ့သို့သွေးများထွက်သည်။တရုတ်နိူင်ငံမှအဓိကထားဝယ်သည်ဟုသိရသည်။

၁၉၆၈ခုနှစ်တွင်ပဲခူးရိုးမတွင်ကွန်မြူနစ်ခေါင်းဆောင်တစ်ဦးမှထိုအပင်ကိုတွေ့ရှိ၍အပင်လိုက်ခုတ်ကာယတရုတ်နိူင်ငံသို့ရောင်းချခဲ့သည်ဟုသိရသည်။ယခုခေတ်တွင်လည်းထိုအပင်ကိုလိုက်လံရှာဖွေဝယ်ယူနေသောထိုင်းလူမျိုးအချို့နှင်

တရုတ်လူမျိုးတို့ကိုတွေ့ဖူးသည်။ဒေသခံအချို့တွေ့ဖူးလျှင်လမ်းပြကြေးပေးကာလိုက်လံရှာဖွေတက်ကြသည်ထိုအပင်သည်ကျောက်မျက်အတုလုပ်သည့်လုပ်ငန်းနှင့်ဆေးဝါးဖော်စပ်သည့်နေရာတွင်အလွန်အသုံးဝင်သည်ဟုကြားဖူးသည်။

ယခုအခါထိုအပင်မှာမရှိသလောက်ရှားပါးသွားသည်ကျွန်းနက်မြန်မာနိုင်ငံရှိရေနံမြေနှင့်ဆက်စပ်နေသောဒေသအချို့တွင်ပေါက်ရောက်သည်။ကျွန်းနက်သည်မူလအစကကျွန်းဖိုပင်ဖြစ်သော်လည်းရေနံမြေ၏အောက်ခံမြေဆီလွာနှင့်

ကျောက်အလွာကြောင့်သက်တမ်းရင့်လာသည့်အခါကျွန်းနက်အဖြစ်သို့ပြောင်းလဲသွားသည်ကျွန်းနက်အားအဂ္ဂရိတ်ထိုသည့်နေရာတွင်အလွန်အသုံးဝင်သည်။ကျွန်းနက်အားအဆီအနှစ်ထုတ်ကာအဂ္ဂရိတ်ပညာဖြင့်သံလုံးရအောင်လုပ်သည်။

ကျွန်းနက်၏မူလအသားမှာလဲမီးရှို့၍ပြာချလျှင်သံလိုက်သယောင်ရှိသည်။အဂ္ဂရိတ်ပညာဖြင့်ဓါတ်လုံးရအောင်ထိုးနိုင်လျှင်ပီယသီဒ္စီ၊ကာယသိဒွီတို့၌အလွန်ထူးခြားသည်။ဂမ္ဘီရအနွယ်ဝင်သစ်ပင်ဖြစ်သောကြောင့်တော်ရုံတန်ရုံတွေ့ရှိဖို့

မလွယ်ကူသလိုတွေ့ရှိသည့်ကျွန်းနက်ပင်အချို့မှာလဲဘုရားဆင်းထုထုပ်လုပ်ရန်သာအသုံးဝင်သည်ကျွန်းနက်သားအစစ်အားပိသာချိန်ဖြင့်ချိန်တွယ်ကာသိန်းဂဏန်းကျပ်ဖြင့်ဝယ်ယူကြောင်းသိရသည်။ဝါးအမြူတေဝါးအမြူတေသည်ဝါးတော

များထဲတွင်တစ်ပင်တည်းထူးခြားစွာပေါက်သည်။ဝါးများထဲတွင်သန္ဓေတည်သည်ပုံစံမှာအလုံးသို့မဟုတ်နွယ်ပင်ကဲ့သို့ပုံစံမျိုးဖြစ်သည်။ဝါးအမြူတေသည်လပြည့်၊လကွယ်ညများတွင်ထိုဝါးထဲမှစကားပြောသံများသီချင်းဆိုသံများဝါးကြိတ်

သံများကြားရတက်သည်ပုဂံခေတ်ကဝါးထဲမှမွေးဖွား၍ဘုရင့်မိဖုရားဖြစ်သွားသောဝေဠုဝတီမိဖုရားသည်ထိုအမြူတေမှပေါက်ဖွားသည့်ဟုကြားဖူးသည်။ထိုဝါးအမြူတေအားအိမ်၌ဆောင်ထားလျှင်စီးပွားတက်ခြင်း၊လာဒ်လာဘပွင့်ခြင်းစသည့်

အကျိုးကျေးဇူးများရရှိသည်အထူးသဖြင့်စုန်း၊ကဝေအောက်လမ်းတို့မပြုစားနိုင်သောကြောင့်စုန်းယုံကြည်သောအာရှနိုင်ငံအချို့နှင့်အာဖရိကနိုင်ငံအချို့ကဈေးကောင်းပေး၍ဝယ်တက်သည်။သစ်ကွင်းတောကြီးတောင်ကြီးများတွင်သာတွေ့

ရတက်သည်။ပုံပါသစ်ကွင်းများကိုအိမ်၌ဆောင်ထားလျှင်မီးကွင်းသည်။လူ၊နတ်ချစ်ခင်သည်။စုန်း၊အောက်လမ်းတို့ပြုစားခြင်းကင်းလွတ်သည်။စုန်းယုံကြည်သောမြန်မာလူမျိုးများနှင့်ထိုင်းလူမျိုး၊မလေးလူမျိုးတို့ကဈေးကောင်းပေး၍ဝယ်

တက်သည်။သံစားကျောက်ရှေးဟောင်းပစ္စည်းပွဲစားများနှင့်ထိုင်းလူမျိုးများအလွန်လိုချင်နေသောကျောက်တစ်မျိုးဖြစ်သည်။ထိုကျောက်ကိုရေတံခွန်များပေါများရာဒေသနှင့်မီးတောင်များရှိရာဒေသတို့တွင်သာတွေ့ရတက်သည်။

ထိုကျောက်၏ကာလပေါက်ဈေးတန်ဖိုးမှာသိန်းတစ်ထောင်အောက်သာဖြစ်သည်။ထိုကျောက်သည်မိုးရေ၊အောက်ဆီဂျင်နှင့်အိုင်းယွန်းဆာလဖြူရစ်တို့နှင့်ထိတွေ့ပြီးဓါတ်ပြုကာအက်ဆစ်ဓါတ်ဖြစ်ပေါ်သောကြောင့်သံအရည်ပျော်ခြင်းဖြစ်သည်။

အရည်ပျော်သည်မှာလဲချက်ချင်းပျော်သွားခြင်းမဟုတ်ဘဲနှစ်ရက်သုံးရက်ခန့်မှသာအရည်ပျော်ခြင်းဖြစ်သည်။ခြသံအဂ္ဂရိတ်ပညာရှင်များတောထဲရှိခြတောင်ပို့များအားဖြို၍ရှာသောကျောက်တစ်မျိုးဖြစ်သည်။ခြသံစစ်လျှင်ကျောက်ပျဉ်၌

သွေးလျှင်နို့ကဲ့သို့အဖြူရောင်အရည်များထွက်တတ်သည်ပုဂံခေတ်ရှင်အဇ္ဇဂေါဏ၏မုဆိုးမဘုရားတည်နိူင်သောရွှေဖြစ်၊ငွေဖြစ်လမ်းစဉ်အောင်မြင်ရခြင်းသည်ခြသံ၏အရေးပါမူကြောင့်လဲဖြစ်သည်ကျောက်လိပ်၊ကျောက်ခရုနှင့်ကျောက်ငါး

ထိုကျောက်ဖြစ်နေသောရေနေသတ္တဝါများအားကျောက်ဆောင်ထူထပ်၍ရေနှင့်နီးသည့်နေရာများတွင်တွေ့ရတက်သည်ထိုကျောက်သတ္တဝါများ၏အသုံးဝင်ပုံမှာရေဖလားထဲတွင်ထည့်၍ပြဒါးကျွေးထားလျှင်ရက်အတန်ကြာသည့်အခါထိုကျောက်သတ္တဝါများစွန့်ပစ်သောအညစ်ကြေးမှာရွှေဖြစ်နေတက်သည်ဟုကြားဖူးသည်