တစ်ခါနှစ်ခါသုံးခါမကအကြိမ်ပေါင်းများစွာဖြေပေးပီးနေသော်လည်းထပ်ခါထပ်ခါသိချင်နေကြသူများအတွက်ပွင့်ပွင့်လင်းလင်းပဲဖြေလိုက်ပါမယ်ကိုယ့်ယောက်ျားကမယားငယ်

ထားရင်မယားငယ်နဲ့ခိုးပြေးသွားရင်မယားကြီး64.5%ဟာကိုယ့်ယောက်ျားကိုအပြစ်မယူရက်ဘူးငါ့ယောက်ျားကလူရိုးလူအေးမပွေမရှုပ်တတ်ဘူးဟိုမိန်းမကစာကလေးကြော်ရွလို့

ထလို့ငါယောက်ျားပါသွားရတာမယားရှိမှန်းသိသိကြီးနဲ့တမင်တကာလာနှိုက်တဲ့မြွေဟောက်မဒင်းကိုပါအိမ်ကယောက်ျားနဲ့အမှု့တွဲမယ်ဒင်းထောင်ကျမှငါကျေနပ်မယ်စသဖြင့်ပေါ့

ဘယ်ယောက်ျားကမှတော့ငါသည်တစ်နေ့ဖောက်ပြန်အောက်တန်းကျရမည်လို့ရည်မှန်းထားတာမရှိပါကိုယ်အနေအထိုင်အပြောအဆိုမတတ်တာဖြစ်ကတတ်ဆန်းနေတာလင်သား

အပေါ်မကြင်နာတာဒါတွေကိုပြန်ဆင်ခြင်ပါကိုယ့်ပေါ်မသာယာလို့လူလွတ်မိန်းကလေးနဲ့ငြိတာမိန်းကလေးကိုထောင်ချမယ်ဆိုတာချည်းပဲဘယ်မိန်းကလေးကမှငါသည်တစ်နေ့

သူတစ်ပါးယောက်ျားကိုကြောင်တောင်နိူက်ပြီးသူတပါးတံတွေခွက်ပက်လက်မျှောရမည်လို့ရည်မှန်းချက်မရှိကြပါစာကလေးကြော်မဟာအပျိုတလင်ကွာမုဆိုးမဖြစ်ရင်မယားရှိမှန်း

မသိလို့ယူတာဖြစ်စေမယားကြီးအားအမြင်ကပ်လို့တမင်တကာဖြစ်စေအိမ်ထောင်ရှိယောင်္ကျားနဲ့ယူတဲ့အတွက်သူမကိုအားပေးကူညီမှု့အပါအဝင်ဘယ်ဥပဒေနဲ့မှလုံးဝလုံးဝအရေး

မယူနိုင်ပါကြောင်းနဲ့ဘယ်ရဲစခန်းကမှလည်းအမှုဖွင့်ပေးမှာမဟုတ်ပါဘူးအဲ့ဒီလိုမယားငယ်အားထောင်ချတဲ့အမှု့မြန်မာပြည်မှာလုံးဝလုံးဝမရှိသေးပါကြောင်းအသိပေး

ရေးသားလိုက်ရပါတယ်တရားဝင်မကွာရှင်းရသေးပဲနောက်အိမ်ထောင်ထပ်ပြုတဲ့အမျိုးသားကတော့ထောင်၇နှစ်ပြေးမလွတ်ပါcreditဥပဒေရေးရာ