တရုတ်သူဌေးကြီးဂျက်မားရှင်းပြတဲ့ဆွေးမျိုးအရင်းတွေကို စျေးမရောင်းသင့်တဲ့အကြောင်းဂျက်မားကပြောဖူးတယ်မိတ်ဆွေရင်းချာတွေဆွေမျိုးတွေကိုဈေးရောင်းတဲ့အခါ

ဘယ်လောက်ပဲလျှော့ရောင်းရောင်းတန်ဖိုးထားမှာမဟုတ်ဘဲ ခင်ဗျားသူတို့ရဲ့ပိုက်ဆံကိုလိုချင်တယ်လို့ပဲမြင်မှာဖြစ်တယ်ခင်ဗျားရဲ့ရင်းနှီးထားတဲ့ငွေအချိန်အင်အားတွေကိုသူတို့

အလေးထားမှာမဟုတ်ဘဲခင်ဗျားထက်စာရင် အခြားသူစိမ်းတစ်ယောက်ကသူတို့အပေါ် အမြတ်ထုတ်သွားတာကိုပိုလို့လိုလားတယ်သူတို့နဲ့ရင်းနှီးသူရဲ့စီးပွားရေးကိုအားပေးမယ်ဆို

တာထက်သူတို့စိတ်ထဲမှာခင်ဗျားသူတို့ဆီကအမြတ်ဘယ်လောက်ရသွားပြီလဲပဲတွေးနေမှာဖြစ်တယ်ဒါဟာလူမွဲတွေရဲ့ စိတ်နေစိတ်ထားလို့ ပြောချင်တယ်ချမ်းသာတဲ့သူတွေဘာလို့

ချမ်းသာလဲဆိုတာကြည့်လိုက်မယ်ဆိုရင်သူတို့ဟာသူတို့ရဲ့ အသိုင်းအဝိုင်းကလူတွေကိုပံ့ပိုးလိုစိတ်ရှိတယ်မိတ်ဆွေတွေရဲ့အကျိုးစီးပွားကိုစောင့်ရှောက်ပေးခြင်းအားဖြင့်သူတို့ပေးတာ

ထက်ပိုတဲ့အကျိုးကိုပြန်ရတယ်။ကိုယ့်ကြောင့်စီးပွားဖြစ်သွားတဲ့မိတ်ဆွေတွေကကိုယ့်ကို ပြန်လည်ပံ့ပိုးပေးနိုင်လို့ခင်ဗျားနဲ့အတူခင်ဗျားရဲ့အသိုင်းအဝိုင်းဟာစီးပွားဖြစ်ထွန်းတိုးတက်

လာလိမ့်မယ်ဒီသဘောတရားကိုနားလည်ရင်ခင်ဗျားချမ်းသာလာမှာပဲအဲဒီတော့ဈေးရောင်းတဲ့အခါမှာခင်ဗျားရဲ့ပထမဆုံးဖောက်သည်တွေကသူစိမ်းတွေပဲဖြစ်မှာပဲမိတ်ဆွေတွေကသူ

တို့ကိုဈေးလာရောင်းတော့မှာပဲဆိုပြီးခင်ဗျားကိုရှောင်လိမ့်မယ်အမျိုးတွေကိုဈေးသွားရောင်းတဲ့အခါခင်ဗျားကိုအထင်အမြင်သေးသလို ပြုမူဆက်ဆံလိမ့်မယ်။ဒါပေမယ့်တစ်နေ့

ခင်ဗျားစီးပွားဖြစ်အောင်မြင်တဲ့အခါညစာစားပွဲတွေပွဲလမ်းသဘင်တွေလုပ်တဲ့အခါသူစိမ်းတွေထက်ဆွေမျိုးမိတ်ဆွေရင်းချာတွေစားသောက်တာတွေပျော်မြူးတာတွေအတွက်ခင်ဗျားပိုက်ဆံရှင်းပေးနေရတာကိုတွေ့ရလိမ့်မယ်မူရင်းရေးသားသူအားလေးစားစွာဖြင့်Creditပေးပါသည်