တောကြက်ဥမမြင်ဖူးသူတွေအတွက်တောကြက်ဥအိမ်ကြက်ဥနဲ့စီပီကြက်ဥတို့အကြောင်းနှင့်ဆေးဖက်ဝင်ပုံများတောကြက်ဥအိမ်ကြက်ဥCPကြက်ဥတို့ကိုယှဉ်ပြထားတာပါရောင်းရန်မဟုတ်ပါနောက်အလျှင်းသင့်လျှင်ရေကြက်ဥ
ရေဘဲဥ၊ဒင်ကျီးဥများနှင့်ဟင်္သာဥများကိုပါရှာဖွေကာတင်ပြပေးပါမည်တောကြက်ဥတောအစပ်တွင်တွေ့ရလေ့ရှိသည်အပင်ခပ်လတ်လတ်ကိုင်းခြုံဆူးခြုံများရှိအသိုက်များတွင်တွေ့ရသည်တစ်လုံးမှစ၍အများဆုံး၅လုံးခန့်အထိသာတွေ့ရတတ်သည်
ရှားပါး၍ဆေးဖက်ဝင်သည်ဟုဆိုကြ၍တရုတ်သမားတော်များကအဝယ်များသည်ယခင်ကပေါများသော်လည်းလက်ရှိအချိန်၌ရှားပါးနေပြီဖြစ်သည်တစ်လုံးလျှင်၂၅၀၀ကျပ်ခန့်အထိပေါက်ဈေးရှိသည်တောကြက်ဥကိုဆန်အရက်ဖြင့်
ဖျော်သောက်ပါကအမျိုးသမီးများမီးယပ်သွေးဆုံးကိုင်ခြင်းကိုယ်ဝန်ဆိပ်တက်ခြင်းများသက်သာပျောက်ကင်းစေသည်တရုတ်ရိုးရာအားတိုးဆေးများတွင်ထည့်သွင်းဖော်စပ်ကြသည်အိမ်ကြက်ဥသဘာဝအတိုင်းလွှတ်ကျောင်းမွေးမြူထားသည့်
ကြက်မများမှဥသောအကောင်ပေါက်မည့်ဥဖြစ်သည်မဒမ်းများမှဥသောလေဥသည်တန်ဖိုးမရှိဆေးဖက်မဝင်ပါအိမ်ကြက်ဥသည်ထွေထွေထူးထူးပြောစရာမရှိအောင်မြန်မာတို့နှင့်ရင်းနှီးပြီးသားပင်ဖြစ်သည်အိမ်ကြက်ဥတွင်
စစ်တကောင်းကြက်ဥ၊ညောင်ကန်ကြက်တိုက်ကြက်ဥနှင့်တိန်ညင်ကြက်ဥဟူ၍ အမျိုးအစားကွဲပြားသည်တစ်လုံးလျှင်၅၀၀ကျပ်ခန့်အထိပေါက်ဈေးရှိသည်အရက်နာကျသူတွေအတွက်အိမ်ကြက်ဥနှင့်သံပုရာသီးဖျော်သောက်ခြင်း
အမျိုးသားများအတွက်အိမ်ကြက်ဥ၊ဖီးကြမ်းနှင့်ပျားရည်ခေါက်စားခြင်းစသည်တို့ဖြင့်လက်ရှိ၌အသုံးပြုကြသည်မွေးမြူရေးကြက်ဥရဲ့အကြောင်းကတော့မပြောတော့ပါဘူး