တံမြက်စည်းကြမ်းလေးတချောင်းကပေးတဲ့သင်ခန်းစာတစ်ခါကတံမြက်စည်းသည်ကြီးကတံမြက်စည်းနှစ်ချောင်းကိုရောင်းချခဲ့တယ်။ဝယ်တဲ့သူကတစ်ချောင်းကိုအိမ်ပေါ်မှာလှည်းဖို့နဲ့တစ်ချောင်းကမြေကြီးမှာလှည်းဖို့ဆိုပြီးဝယ်ခဲ့တာ
ပေါ့။မြေကြီးမှာအလှည်းခံရတဲ့တံမြက်စည်းကနေ့စဉ်နေ့တိုင်းဖှုန်တွေနဲ့လုံးပန်းကျင်ကြီးကျင်ငယ်တွေနဲ့ထိရကြမ်းတမ်းတဲ့ကျောက်စရစ်တွေနဲ့လဲကြုံရဆုံရတော့သူ့ဘဝဟာကြမ်းသထက်ကြမ်းလာတယ်တဲ့။ဒီဟာကိုကြည့်ပြီးသူ့ဘဝသူ
အားငယ်တတ်လာတယ်။အိမ်ပေါ်မှာနေရတဲ့တံမြက်စည်လေးဖြစ်ရင်သိပ်ကောင်းမှာသူ့ဘဝကျတော့နေလဲမပူကြမ်းကျောက်စရစ်တွေနဲ့မတွေ့ရကျင်ကြီးကျင်ငယ်နဲ့မဆုံနဲ့သူ့ဘဝသာယာနေမှာဘဲဆိုပြီးသူ့မိတ်ဆွေအိမ်ပေါ်လှည်းခံရတဲ
တံမြက်စည်းကိုအားကျနေတယ်တဲ့။နောက်ပြီးသူကအိမ်ပေါ်မှာနေရတော့သူကသင်းပျံ့တဲ့ရနံ့တွေနဲ့နေရမှာပဲငါလိုဘဝမကြမ်းလောက်ဘူးငါလဲသူ့လိုဘဝရောက်ရင်သိပ်ကောင်းမှာပဲဆိုပြီးအမြဲတွေးပြီးနေတတ်တယ်တဲ့
ဒါနဲ့တစ်နေ့သူ့သူငယ်ချင်းတံမြက်စည်းကိုလှေခါးနားမှာဆုံမိကြတယ်တဲ့စကားပြောဖြစ်ကြတယ်ပေါ့အိမ်အောက်မြေကြီးမှာအလှည်းခံရတဲ့တံမြက်စည်းကသူငယ်ချင်းမင်းဘဝကသိပ်သာယာတာပဲကွာငါ့လိုမကြမ်းတမ်းဘူးမကောင်းတဲ့ရနံ့
တွေနဲ့မထိတွေရဘူူး။မင်းဘဝကသိပ်ပျော်စရာကောင်းမှာပဲလို့ပြောရှာသတဲ့မင်းလိုဘဝမျိုးနေချင်လိုက်တာလို့ခဏခဏပြောသတဲ့။ဒါနဲ့အိမ်ပေါ်ကတံမြက်စည်းကပြန်ပြောလိုက်တာကတကယ်တော့အပြင်မြင်ရင်တော့သာယာတယ်မင်း
ထင်ချင်ထင်လိမ့်မယ်။မသာယာပါဘူးကွာ။လင်မယားချင်းရန်ဖြစ်လဲငါ့ကိုဆွဲပြီးရိုက်ကြတယ်။တယောက်နဲ့တယောက်ဆွဲကြလုကြတယ်။သားသမီးရိုက်ပြီးဆိုလဲငါ့ကိုအသုံးပြုတယ်။ဒါနဲ့တယောက်နဲ့တယောက်ဆွဲကြလုကြပြန်ရောငါ့ဘဝ
ကမင်းလိုမကြမ်းတမ်းပေမဲ့နေ့စဉ်နားငြီးရသလိုနာကျင်တဲ့ဝေဒနာခံစားရတယ်စိတ်ရှုပ်ရတယ်။ငါကပင်ပန်းတာမခံရပေမဲ့စိတ်ရှုပ်စရာကြီးပါနောက်ပြီးငါ့ကိုဘယ်နားမှာထားတာလဲမင်းသိလားခြေနင်းခုံနားမှာထားတာဟိုလူလာလဲတိုက်သွား
နင်းသွားနဲ့မင်းကွာသေချင်စော်ကိုနံရောလို့ပြောပြလိုက်တော့အိမ်အောက်တံမြက်စည်းကသူ့ဘဝသူကျေနပ်သလိုခံစခံစားရသွားတယ်တဲ့သူကတွေးလိုက်သည်မှာကဪအပြင်ပုံသဏ္ဌာန်လှပေမဲ့ဘဝဒုက္ခထွေထွေကငါ့ထက်များလှပါလား
တကယ်တော့ငါ့ဘဝကကြမ်းပေမဲ့တွေးပြီးခေါင်းငုံ့ကာသူငယ်ချင်းနှစ်ယောက်သူ့နေရာသူပြန်ကြသတဲ့။ပုံပြင်လေးကတော့ဒါပါပဲ။လောကလူတွေလဲပုံပြင်လေးထဲကလိုအပြင်မှာကြမ်းလိ့ုလဲစိတ်မပျက်နဲ့အိမ်ကောင်းကောင်းနဲ့နေနေရတယ်
သင်းပျံ့တဲ့ရနံ့တွေကြားမှာနေနေရတယ်ဆိုပေမဲ့လဲအားမကျနဲ့အပြင်လှပြီးအတွင်းပုတ်တာတွေအများကြီးပါ။တကယ်တောကိုယ်ရထားတဲ့ဘဝလေးကိုအကျိုးရှိရှိပေးဆပ်ပြီးလောကကိုအလှဆင်ခွင့်ရနေတာလေးကိုကကျေနပ်စရာ
ဖြစ်အောင်ကြိုးစားပြီးနေထိုင်သင့်ပါတယ်။အပြင်မှာကြမ်းပေမဲ့အတွင်းမှာသင်းပျံ့တဲ့ရနံ့ရှိအောင်ကြိုးစားပြီးနေထိုင်မယ်ဆိုရင်ဘဝဟာသာယာပါတယ်။ဖိုးသူတော်