ထန်းရည်ချိုချိုလေးသောက်ပေးခြင်းဖြင့်ရရှိမည့်အကျိုးများမြန်မာနိုင်ငံရှိ မန္တလေးတိုင်းဒေသကြီးတွင်အများဆုံးတွေ့ရသည်ထန်းရည်နဲ့ ငပိလူမသိစေနဲ့ထိုစကားသည်ထန်းရည်၏

စွဲမက်ဖွယ်အရသာကောင်းမွန်မှုကိုအမွန်းတင်သောစကား၊ငပိသည်လည်းမြန်မာအများစုအလွန်နှစ်သက်သောကြောင့်ထမင်းဝိုင်းတွင်မပါမဖြစ်သောအရာ၊ထိုနှစ်ခုကိုအမွှမ်းတင်

တွဲစပ်ပြောလေ့ရှိခြင်းဖြစ်သည်ထို့ပြင်ထန်းရည်အကြောက်းတစ်ဖွဲ့တနွဲ့သီကုံးစပ်ဆိုထားသည့်သီချင်းများကဗျာများပင်ရှိသည်။ထန်းရည်ကိုသောက်သုံးရန်၊ထန်းလျက်၊သကာပြု

လုပ်ရန်အတွက်စီးပွားဖြစ်စိုက်ပျိုးကြသည်ထန်းရည်၌အချို၊အခါးဟူ၍(၂)မျိုးရှိသည်ထန်းရည်အချိုကိုသောက်လျှင်သကြားရည်ကဲ့သို့ချို၏သို့သော်ရင်ခံတတ်သည်။အခါးရည်

ကိုသောက်လျှင်အရသာခါး၍အရက်ကဲ့သို့မူးယစ်စေသည်အချိုရည်သည်ကဇော်မပေါက်မီဆက်ကရင်းသကြားပါသောအရည်တစ်မျိုးပင်ဖြစ်၏ယင်းကိုနေမွန်းတည့်ကျော်သည်

အထိထားလျှင်အခါးရည်ဖြစ်သွားသည်လတ်ဆတ်သောအချိုရည်ကိုသောက်လျှင်ဝမ်းပျော့စေသည်ထန်းရည်ခံယူပုံမှာဤသို့ဖြစ်၏ဦးစွာ၌အဖိုပွင့်သို့မဟုတ်အမပွင့်ပွင့်သော

ထန်းနို့ကိုထုချေပစ်ရ၏ထိုနောက်ထိပ်ဖျားကိုဓားဖြင့်လှီးဖြတ်ရ၏ဤကဲ့သို့နေ့စဉ်လှီးပေးခြင်းဖြင့်ထန်းနို့မှထန်းရည်များလိုက်လာသည်။ထန်းရည်ကိုမြေအိုးသို့မဟုတ်ဝါးကျည်

တောက်ဖြင့်ခံယူကြသည်ထန်းရည်မှထန်းလျက်ကိုချက်ယူကြသည်ထန်းဖိုပင်နှင့်အမပင်(၂)မျိုးစလုံးမှ ထန်းရည် ရနိုင်၏။ ထန်းရည်လှိုင်သောရာသီမှာဆောင်းတွင်းနှင့်နွေဦး

ပေါက်ရာသီဖြစ်၏။အမပင်များမှထန်းရည်ကိုမိုးတွင်း၌ပင်လျှင်ရရှိနိုင်သည်အမပင်သည်အဖိုပင်ထက်ထန်းရည်၁ဆသို့မဟုတ် ၁/၂ဆမျှပိုထွက်၏ထန်းရည်ဆိုတာကထန်းသီးက

နေရတဲ့အရည်မဟုတ်ပါဘူးထန်ဖူးကနေရတဲ့အရည်ပါထန်းရည်ကိုသောက်စရာတစ်ခုအနေနဲ့သောက်လာခဲ့တာအရင်ကတည်းကပါထန်းရည်မှာအချိုနဲ့အခါးဆိုပြီးရှိပါတယ်ဒီ

ထန်းရည်ကသဘာဝဆေးတစ်ခုအနေနဲ့ခန္ဓာကိုယ်ကို အကျိုးပြုပေးနိုင်ပါတယ်။ထန်းရည်ကpH၈ကနေ၉ရှိပါတယ်။ ထန်းရည်ကကျန်းမာရေးအကျိုးကျေးဇူးများတဲ့

သောက်စရာတစ်ခုလို့ပြောပါရစေနော်ထန်းရည်ကနေဒီလိုအာဟာရဓာတ်တွေရနိုင်ပါတယ်။ထန်းရည်မှာအာဟာရဓာတ်အနေနဲ့ဆူးခရို့စ်၊ပရိုတင်းAscorbic acid၊အမျှင်ဓာတ်၊

အမိုင်နိုအက်ဆစ်၊ဗီတာမင်Cနဲ့ဓာတ်တိုးဆန့်ကျင်အာနိသင်တွေကြွယ်ဝစွာပါဝင်ပါတယ်ထန်းရည်ကသဘာဝလက်ဆောင်တစ်မျိုးပါထန်းရည်ကချိုပြီးအရသာရှိသလိုအာဟာရ

နဲ့ဗီတာမင်တွေလည်းပါဝင်နေတဲ့သဘာဝရဲ့လက်ဆောင်သောက်စရာတစ်မျိုးပေါ့။ကင်ဆာတိုက်ဖျက်ပေးနိုင်ပါတယ်။ထန်းရည်မှာဗီတာမင်B2လို့သိကြတဲ့ riboflavinပါဝင်

နေပါတယ်riboflavinကဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခုဖြစ်ပြီး။ကင်ဆာဖြစ်စေနိုင်တဲ့free radicals တွေကိုတိုက်ထုတ်ပေးပါတယ်ဒါကြောင့်ကင်ဆာအန္တရာယ်ကနေကာကွယ်

ဖို့ထန်းရည်သောက်ပေးလို့ရပါတယ်။အမြင်အာရုံကောင်းစေတယ်ထန်းရည်မှာဓာတ်တိုးဆန့်ကျင်အာနိသင်တွေနဲ့ဗီတာမင်Cပါဝင်တာကြောင့်အမြင်အာရုံကိုတိုးတက်ကောင်းမွန်

စေနိုင်ပါတယ်။ဒါ့အပြင်ထန်းရည်မှာဗီတာမင်B1သီရာမင်းပါဝင်နေတာကြောင့်အမြင်အာရုံကိုကျန်းမာစေနိုင်ပါတယ်အရေပြား၊ဆံသားနဲ့ခြေသည်းလက်သည်းတွေကိုကျန်းမာစေ

နိုင်တယ်။ထန်းရည်မှာအရေပြား၊ဆံသားနဲ့ခြေသည်းလက်သည်းတွေကျန်းမာစေဖို့အတွက်လိုအပ်တဲ့သံဓာတ်နဲ့ဗီတာမင်Bတို့ကြွယ်ဝစွာပါဝင်နေတာကြောင့်ခန္ဓာကိုယ်ကဆဲလ်တွေ

ကိုကောင်းကောင်းမွန်မွန်လုပ်ဆောင်နိုင်စေဖို့အထောက်အကူပြုပေးပါတယ်ခန္ဓာကိုယ်ကဆဲလ်တွေကောင်းမွန်စွာလုပ်ဆောင်နိုင်ဖို့လုပ်ဆောင်ပေးသလိုတစ်ရှုးတွေကိုပြုပြင်ပေးပြီး

အနာကျက်စေနိုင်စွမ်းလည်းရှိပါတယ်။လှပကျန်းမာတဲ့ဆံသား၊အရေပြားနဲ့ခြေသည်းလက်သည်းတွေပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ထန်းရည်လေးကစဉ်းစားသင့်တဲ့သဘာဝဆေး

တစ်မျိုးပေါ့နှလုံးသွေးကြောဆိုင်ရာရောဂါတွေခံစားရနိုင်ခြေကိုလျှော့ချပေးတယ်ထန်းရည်ကိုနေ့တိုင်းတစ်ခွက်စီလောက်သောက်ပေးမယ်ဆိုရင်နှလုံးကျန်းမာစေတာအမှန်ပါထန်းရည်

မှာပိုတက်ဆီယမ်ပါဝင်နေတာကြောင့်နှလုံးကျန်းမာစေနိုင်ပြီးသွေးတိုးကျစေနိုင်ပါတယ်ဒါပေမယ့်သတိထားရမယ့်အချက်တစ်ခုကထန်းရည်အများကြီးသောက်တာကအသည်းထိခိုက်

နိုင်တယ်ဆိုတာပါ။နို့ထွက်များစေနိုင်တယ်။နို့ထွက်နည်းတဲ့မိခင်တွေအတွက်သောက်ပေးလိုပရတဲ့သဘာဝနို့ရွှင်ဆေးတစ်လက်ပေါ့ဒါကြောင့်နို့တိုက်မိခင်တွေနို့ထွက်များစေဖို့သောက်

ပေးလို့ရပါတယ်နော်။ဒါတွေတင်မကပါဘူးထန်းရည်ကကိုယ်အလေးချိန်ချချင်သူတွေအတွက်လည်းစဉ်းစားသင့်တဲ့အချက်တစ်ခုဖြစ်သလိုမှတ်ဉာဏ်ကောင်းလိုသူတွေအတွက်

လည်းသင့်တော်ပါတယ်ဦးနှောက်ကိုကျန်းမာစေနိုင်ပါတယ်။သွားဖုံးရောဂါတွေကိုသက်သာစေနိုင်သလိုပင်ပန်းမှုကိုပြေလျော့စေနိုင်ပါတယ်သွေးတွင်းကိုလက်စထရောပမာဏကို

ကျဆင်းစေနိုင်ပြီးဆီးလည်းရွှင်စေပါတယ်ထန်းရည်ကိုဆေးဝါးဓါတ်စာအနေနဲ့အသုံးပြုမယ်ဆိုရင်တော့အဖိုးမဖြတ်နိုင်တဲ့ကျန်းမာရေးအကျိုးကျေးဇူးလေးတွေရရှိနှိုင်ပါတယ်credit