မြို့ပေါ်နေမိသားစုတွေအတွက်လျှပ်စစ်ထမင်းပေါင်းအိုးဟာမရှိမဖြစ်အရေးပါတဲ့အိမ်သုံးပစ္စည်းတခုပါအသုံးများသလိုအပျက်လည်းများကြပါတယ်။အခုတခေါက်မှာတော့

သားချင်းတယောက်ရဲ့တရုတ်ထမင်းပေါင်အိုးလေးဘူးချက်တလုံးပျက်နေပြီးအမှိုက်ထဲရောက်မဲ့ပေါင်းအိုးလေးပြုပြင်ပုံကိုတင်ပြပေးပါမယ်။ပေါင်းအိုးပြစ်ချက်များ

ကတော့Power supplyမီးအဝင်ခေါင်း အရည်ပျော်နေတယ်ခလုတ်(check point)မကြာခနတက်နေတယ်ပြစ်ချက်၁အတွက်အောက်ခံကြွေသားပါတဲ့မီးအဝင်ခေါင်း

ဆော့ကက်အထိုင်ကိုလျှပ်စစ်အပိုပစ္စည်းဆိုင်တွေမှာ ၅၀၀ိနဲ့ဝယ်ပြီးပုံမှာပြထားသလိုလဲပေးလိုက်ရင်ရေရှည်အသုံးခံတဲ့ခေါင်းဖြစ်မယ်ယိုးဒယားဒယ်အိုးအနီသုံးတဲ့ခေါင်းကြိုးတပ်

သုံးလို့ရသွားပြီအထိုင်ပေါက်ကအတူတူဘဲနတ်ကြပ်ရုံပါအော်ရီဂျင်နယ်သုံးပေါက်ခေါင်းကြိုးနဲ့အထိုင်ခေါင်းတွေကအပူဒဏ်မခံနိုင်ဘဲမကြာခနအရည်ပျော်shockဖြစ်နေတာကို

အခုလို ကြွေခေါင်းခံပေးရင်ရေရှည်စိတ်ချသုံးလို့ရပြီပြစ်ချက်၂အတွက်ကသာမိုစတက်ခလုတ်မောင်းကိုအော်တိုဖြုတ်ပေးတဲ့အပူကွိုင် အလည်ကသံလိုက်ခလုတ်အုံ

check pointကိုလဲပေးရင်ပေါင်းအိုးမကြာခနခလုတ်တက်နေတာကောင်းသွားမယ်ဒီပေါင်းအိုးကသူတို့ကလိထားတော့ထမင်းကျက်ပြီးနှပ်တဲ့circuit ကြိုးတွေမပါလာဘူး။

ဒါပေမဲ့ချက်လို့ရအောင်ပြင်ပေးလိုက်တယ်အိမ်ရှင်မများသို့အကြံပြုချက်တရုတ်ပေါင်းအိုးများဟာပစ္စည်း အရည်
အသွေးအလွန်ညံ့ပါတယ်ဖြစ်နိုင်ရင်ယိုးဒယားကလာ

တဲ့ ထမင်းပေါင်းအိုးများကိုသုံးစေခြင်ပါတယ်
Sharp,National,Toshiba,Mitshushita(ယိုးဒယားမြင်းတံဆိပ်)Hanabishi(ဟာနာဘီရှီ)စသည်ဖြင်လာ

ပါတယ်ရေရှည်အသုံးခံပါတယ်။တရုတ်ပေါင်အိုးများကပစ္စည်းညံလို့မီးဘေးအန္တရယ်စိုးရိမ်ရပါတယ်။ကျနော်သုံးနေတဲ့Sharp ထမင်းပေါင်းအိုးဟာဆန်သားလှသလိုမိနစ်၂၀ဝန်

ကျင်နဲ့ထမင်းကျက်ပါတယ်(volt အားပြည့်လို့ပါ)တရုတ်အိုးကမိနစ်၃၀ဝန်းကျင်ပါ။မီးအားကျနေရင်မသုံးသင့်ပါ။အန္တရယ်ရှိနိုင်လို့ပါပေါင်းအိုးဆော့ကက်ခေါင်းများကိုမကြာခန

စစ်ဆေးပေးပါချောင်နေ/လှုပ်နေလျှင်စံနစ်တကျပြန်တပ်ပြီးမှသုံးပါ။ပေသုံးပါကအရည်ပျော်shockဖြစ်ပြီးအန္တရယ်ရှိနိုင်လို့ပါပေါင်းအိုးတည်လျှင်အိုးဘေးမှရေများကိုအဝတ်ဖြင့်

ခြောက်အောင်သုတ်ပြီးမှအိုးကိုထည့်ပါခလုတ်တက်နေတာကိုဒုတ်နဲ့ထိုးပြီးတခုခုနဲ့ဖိထားပြီးမသုံးပါနဲ့ အရမ်းအန္တရယ်ကြီးပါတယ်အပူကွိုင်အလည်ကသံလိုက်ခလုတ်အုံ

check pointလဲရင်ကောင်းသွားတယ်တည်မဲ့ဆန်နဲ လို့ဥပမာခလုပ်တက်ရင်တော့၁ဘူးဘဲတည်ရင်အဖုံးအပေါ်ကတခုခုတင်လိုက်ရင်အဆင်ပြေပါတယ်တခါတလေဒန်အိုးကသိပ်

ကြာနေပြီးအလည်ကခွက်နေရင်လည်းခလုတ်နဲ့အထိုင်မကျfittingမဖြစ်ဘဲခလုတ်တက်လေ့ရှိပါတယ်ဒန်အိုးဖင်ကို မူလအတိုင်းပြင်ပေးရင်ရပါတယ်။ဒါကိုမလုပ်ပါနဲ့ထမင်း

ပေါင်းအိုးထဲမှာတခြားအိုးထဲ့ပြီးရေနွေးကျိုခြင်း၊တခြား
fittingမကျတဲ့အိုးတွေထည့်ပြီးတည်တာမလုပ်ရပါဘူးဗျာ။ပေါင်းအိုးပျက်တတ်လို့ပါမိတ်ဆွေများမိမိတို့ကိုယ်တိုင်ပြုပြင်

ပြီးအိမ်သုံးစရိတ် ချွေတာနိုင်ကြပါစေဗျာပုံ.၁အလည်သံလိုက်ခလုတ်အုံအသစ်တပ်ဆင်ခြင်း။ပုံ၂ powersupplyမီးအဝင်ကြွေခေါင်းပုံ၃မီးအဝင်ကြွေခေါင်း

စံနစ်တကျတပ်ဆင်ခြင်းပုံ၄မီးကြိုးများစံနစ်တကျတပ်ဆင်ပြီးနောက်သာမိုစတက်မောင်းတံနှင့်အလည်ခလုတ်အုံအားစံနစ်တကျချိတ်ဆက်တပ်ဆင်ပေးခြင်း။ပုံ၅ထမင်းချက်လိုရ

သွားတဲ့ပေါင်းအိုးပေါင်းအိုးပြင်ပေးလို့သားချင်းကလက်ဖျော်လ္ဘက်ရည်နဲ့ဧည့်ခံတယ်ခမျပေါင်းအိုးဘေးမှာကြည့်ပါဝါသနာအရပြုပြင်နည်းများကိုတင်ပြပေးပါသည်creditကိုတင်လေးဇော်