မြို့ပေါ်နေမိသားစုတွေအတွက် လျှပ်စစ်ထမင်းပေါင်းအိုးဟာမရှိမဖြစ်အရေးပါတဲ့အိမ်သုံးပစ္စည်းတခုပါ။အသုံးများသလိုအပျက်လည်းများကြပါတယ်အခုတခေါက်မှာတော့သားချင်းတယောက်ရဲ့ တရုတ်ထမင်းပေါင်အိုး(လေးဘူးချက်)တလုံး

ပျက်နေပြီးအမှိုက်ထဲ ရောက်မဲ့ ပေါင်းအိုးလေး ပြုပြင်ပုံကို တင်ပြပေးပါမယ်။ပေါင်းအိုးပြစ်ချက်မျာကတော့1.Power supplyမီးအဝင်ခေါင်း အရည်ပျော်နေတယ်2.ခလုတ်check pointမကြာခနတက်နေတယ်ပြစ်ချက်

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

၁အတွက်အောက်ခံ ကြွေသားပါတဲ့မီးအဝင်ခေါင်း ဆော့ကက်အထိုင်ကိုလျှပ်စစ်အပိုပစ္စည်းဆိုင်တွေမှာ၅၀၀ိ/-နဲ့ ဝယ်ပြီးပုံမှာပြထားသလိုလဲပေးလိုက်ရင် ရေရှည်အသုံးခံတဲ့ခေါင်းဖြစ်မယ်ယိုးဒယားဒယ်အိုးအနီသုံးတဲ့ ခေါင်းကြိုး

တပ်သုံးလို့ရသွားပြီအထိုင်ပေါက်ကအတူတူဘဲနတ်ကြပ်ရုံပါအော်ရီဂျင်နယ်သုံးပေါက်ခေါင်းကြိုးနဲ့အထိုင် ခေါင်း တွေကအပူဒဏ်မခံနိုင်ဘဲမကြာခနအရည်ပျော်shock ဖြစ် နေတာကိုအခုလို ကြွေခေါင်းခံပေးရင် ရေရှည်စိတ်ချသုံးလို့

ရပြီပြစ်ချက်၂အတွက်ကသာမိုစတက်ခလုတ်မောင်းကို အော်တိုဖြုတ်ပေးတဲ့ အပူကွိုင်အလည်ကသံလိုက်ခလုတ်အုံ(check point)ကိုလဲပေးရင် ပေါင်းအိုးမကြာခနခလုတ်တက်နေတာ ကောင်းသွားမယ်။ဒီပေါင်းအိုးကသူတို့

ကလိထားတော့ထမင်းကျက်ပြီး နှပ်တဲ့circuitကြိုးတွေမပါလာဘူး။ဒါပေမဲ့ချက်လို့ရအောင် ပြင်ပေးလိုက်တယ်အိမ်ရှင်မများသို့အကြံပြုချက်တရုတ် ပေါင်းအိုးများဟာပစ္စည်း အရည်အသွေးအလွန်ညံ့ပါတယ်၊ ဖြစ်နိုင်ရင်ယိုးဒယားကလာတဲ့ထမင်း ပေါင်းအိုးများကိုသုံးစေခြင်ပါတယ်

Sharp,National,Toshiba,Mitshushita(ယိုးဒယား မြင်းတံဆိပ်), Hanabi shi(ဟာနာဘီရှီ)စသည်ဖြင်လာပါတယ် ရေရှည် အသုံးခံပါတယ်တရုတ်ပေါင်အိုးများက ပစ္စည်းညံလို့မီးဘေးအန္တရယ်စိုးရိမ်ရပါတယ်ကျနော်သုံးနေတဲ့ Sharp ထမင်းပေါင်းအိုးဟာ

ဆန်သားလှသလိုမိနစ်၂၀ဝန်ကျင်နဲ့ထမင်းကျက်ပါတယ်voltအားပြည့်လို့ပါတရုတ်အိုးကမိနစ်၃၀ဝန်းကျင် ပါ။မီးအားကျနေရင်မသုံးသင့်ပါအန္တရယ်ရှိနိုင်လို့ပါပေါင်းအိုးဆော့ကက်ခေါင်းများကို မကြာခနစစ်ဆေးပေးပါချောင်နေ/

လှုပ်နေလျှင် စံနစ်တကျ ပြန်တပ်ပြီးမှသုံးပါ ပေသုံးပါကအရည်ပျော် shock ဖြစ်ပြီးအန္တရယ်ရှိနိုင်လို့ပါပေါင်းအိုးတည်လျှင် အိုးဘေးမှ ရေများကို အဝတ်ဖြင့် ခြောက်အောင်သုတ်ပြီးမှ အိုးကို ထည့်ပါခလုတ်တက်နေတာကိုဒုတ်နဲ့ထိုး

ပြီး/တခုခုနဲ့ဖိထားပြီးမသုံးပါနဲ့အရမ်းအန္တရယ်ကြီးပါတယ်အပူကွိုင်အလည်ကသံလိုက်ခလုတ်အုံcheck point)လဲရင် ကောင်းသွားတယ်တည်မဲ့ဆန်နဲလို့=ဥပမာ=(ခလုပ်တက်ရင်တော့၁ဘူးဘဲတည်ရင်)အဖုံးအပေါ်ကတခုခု

တင်လိုက်ရင်အဆင်ပြေပါတယ်တခါတလေဒန်အိုးကသိပ်ကြာနေပြီးအလည်ကခွက်နေရင်လည်းခလုတ်နဲ့ အထိုင်မကျ/fitting မဖြစ်ဘဲခလုတ်တက်လေ့ရှိပါတယ်ဒန်အိုး ဖင်ကိုမူလအတိုင်း ပြင်ပေးရင်ရပါတယ်။ဒါကို မလုပ်ပါနဲ့ထမင်းပေါင်းအိုး

ထဲမှာတခြားအိုးထဲ့ပြီးရေနွေးကျိုခြင်း၊တခြားfittingမကျတဲ့အိုးတွေထည့်ပြီးတည်တာမလုပ်ရပါဘူးဗျာ။ပေါင်းအိုးပျက်တတ်လို့ပါမိတ်ဆွေ များမိမိတို့ကိုယ်တိုင် ပြုပြင် ပြီး အိမ်သုံးစရိတ် ချွေတာနိုင်ကြပါစေဗျာပုံ.၁ အလည်သံလိုက်ခလုတ်အုံအသစ်တပ်ဆင်ခြင်းပုံ၂ power supply မီးအဝင်

ကြွေခေါင်းပုံ၃မီးအဝင် ကြွေခေါင်းစံနစ်တကျတပ်ဆင်ခြင်းပုံ၎မီးကြိုးများစံနစ်တကျတပ်ဆင်ပြီးနောက်သာမိုစတက် မောင်းတံနှင့်အလည်ခလုတ်အုံအားစံနစ်တကျချိတ်ဆက်တပ်ဆင်ပေးခြင်းပုံ၅.ထမင်းချက်လို ရသွားတဲ့

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

ပေါင်းအိုးပေါင်းအိုး ပြင်ပေးလို့သားချင်းကလက်ဖျော်လ္ဘက်ရည်နဲ့ဧည့်ခံတယ်ခမျပေါင်းအိုးဘေးမှာကြည့်ပါဝါသနာအရပွု ပြင်နည်းများကိုတင်ပြပေးပါသည်