








ထီဖွင့်ဖို့ရက်နီးလာပြီမို့အစွမ်းထက်မြတ်တဲ့ထီပေါက်ဂါထာကိုတင်ပေးလိုက်ပါတယ်နော်ထီဖွင့်ဖို့လည်းနီးလာခဲ့ပါပြီဒါကြောင့်အစွမ်းထက်မြက်တဲ့ထီပေါက်ဂါထာမင်္ဂလာပါသူဌေးမင်းထီဆိုင်ကြီးမှကူးယူဖော်ပြအပ်ပါသည်။

အစွမ်းထက်မြက်တဲ့ထီပေါက်ဂါထာရှေးကျမ်းရင်းတစ်စောင်မှာဖော်ပြထားပြီးအစွမ်းထက်မြက်တဲ့ထီပေါက်ဂါထာဖြစ်ပါတယ်ဂါထာရဲ့အဓိပ္ပါယ်အတိုချုပ်ကဗုဒ္ဓမြတ်စွာဘုရားရှိစဉ်ကကောဏ္ဍဝေနမထေရ်ကြီးသည်

ပထမစာရေးတံမဲကိုအမြဲတမ်းပေါက်ခဲ့၏ထို့အတူကျွန်ုပ်သည်လည်းဤသို့ဖြစ်ရပါစေသတည်းဟုဆိုထားပါတယ်။ရှေးဟောင်းပေစာတစ်ခုထဲမှာလည်းဒီဂါထာရဲ့အစွမ်းကိုအထူးအစွမ်းထက်မြက်ကြောင်းဖော်ပြထားတာကိုတွေ့ရပါတယ်

အခုဂါထာကိုဆဋ္ဌမအာရုံပရိသတ်တွေအတွက်စေတနာရှေ့ထားလို့ဖော်ပြပေးလိုက်ရပါတယ်ဂါထာကိုမဖော်ပြမီမှာအရင်ဆုံးထီပေါက်ချင်တယ်ဆိုရင်သင်ဟာကိုးကွယ်ရာဘာသာရဲ့သီလကိုဆောက်တည်ရပါလိမ့်မယ်။

ဂါထာမန္တန်တွေရဲ့အစွမ်းဆိုတာရွတ်ဖတ်နိုင်မှုအစွမ်း၊ကိုယ့်ရဲ့ကိုယ်ကျင့်တရား စိတ်စွမ်းအားတို့အပေါ်မှာမူတည်ပြီးအစွမ်းထက်မြက်မှုကတစ်ယောက်နဲ့တစ်ယောက်မတူဘဲပိုနိုင်၊လျှော့နိုင်တာရှိပါတယ်။

ဒီဂါထာကိုသင်ဟာရွတ်ဖတ်ပြီးထီပေါက်ချင်တယ်ဆိုရင်လိုက်နာရမယ့်အချက်တွေတော့ရှိပါတယ်။လွယ်လွယ်တော့မရနိုင်ပါဘူး။လိုက်နာရမယ့်၃ချက်က၁ဒီဂါထာကိုတစ်နေ့အနည်းဆုံး၁၀၈လုံးပုတီး တစ်ပတ်ရအောင်စိပ်ရပါလိမ့်မယ်။

နေ့စဉ်မပျက်မကွက်စိတ်ရမှာဖြစ်ပါတယ်။၂ ပုတီးမစိပ်မှီမှာမြတ်စွာဘုရားသခင်ရှေ့မှာသီလကိုဦးဆုံးဆောက်တည်ပါ။၃နောက်ဆုံးအချက်ကတော့ဒီဂါထာကိုနေ့စဉ်မှန်မှန်စိပ်သွားပြီး လစဉ်ထီထိုးပေးပါက၆လအတွင်းထီပေါက်နိုင်ပါတယ်။

အဖိုးထိုက်တန်သောထီပေါက်ဂါထာဧတဒဂ္ဂံ ဘိက္ခဝေ မမသာဝကာနံဘိက္ခူနံပထမံသလာကံဂဏုန္တာနံယဒိဒံကောဏ္ဍဓာနောဧတေနသစ္စဝဇ္ဆေဧဝံမေဟောတုရှားပါးပြီအဖိုးမဖြတ်နိုင်တဲ့ဗုဒ္ဓဘာသာဂါထာတစ်ပုဒ်ပါ။

အာလုံးပဲထီပေါက်ကံကိုဆွတ်ခူးနိုင်ကြပါစေ။သိန်းဆုတွေပေါက်ကြပါစေအမျိုးတစ်ယောက်ကတော့ဒီဂါထာရွတ်ပြီးသိန်းဆုအမှန်တကယ်ပေါက်သွားတာကြောင့်ဒီဂါထာကိုဖော်ပြရခြင်းဖြစ်ပါတယ်ခရက်တစ်ပါ

LEAVE A REPLY

Please enter your comment!
Please enter your name here