ထီပေါက်တော့မယ်ဆိုရင် နိမိတ်ပြ လေ့ရှိတဲ့အိမ်မက်များအကြောင်းထီပေါက်စေတဲ့နိမိတ်ပြအိမ်မက်အိပ်မက်ကိုလူတိုင်းမြင်မက်ပါတယ်။အိပ်တာနဲ့မက်တဲ့အိပ်မက်မျိုးက သွေးလေချောက်ချားပြီးမက်တဲ့အိပ်မက်၊
ရှေးယခင်ကခံစားဖူးတာကိုအကြောင်းပြုပြီးမက်တဲ့အိပ်မက်၊နတ်ဆိုးနတ်ဝါးတွေလှည့်စားလို့မက်တဲ့ အိပ်မက်ဆိုးရယ် ဟူရယ် အိပ်မက်သုံးမျိုးရှိပါတယ်။မိမိတို့ အိပ်မက်၏ကောင်းကျိုးဆိုးကျိုးကိုကြိုတင်၍
သတိမထားသည့်အတွက်အကျိုးခံစားသင့်သောအရာများလွဲချော်သွားသည်လည်း ရှိပါတယ်။ဒါကြောင့်အဘဆရာကြီးမင်းသိင်္ခပြောကြားခဲ့တဲ့ထီပေါက်စေတဲ့နိမိတ်ပြအိမ်မက်အချို့ကို ဗေဒင်ချစ်ပရိသတ်ကြီးသိရှိအောင် ဖော်ပြပေးလိုက်ပါတယ်
ခင်ဗျာနွားကိုစီး၍ မြို့ရွာသို့လှည့်လည်ရသည်ဟု မြင်မက်သော်လည်းကောင်းလူစည်ကားသောအရပ်တွင်မိမိကနွားကိုစီး၍ လူအပေါင်းတို့နှင့်လှည့်လည်ရသည်ဟု မြင်မက်သော်လည်းကောင်း၊နွားကိုစီး၍ထင်ရှားကျော်စောသည်ကို
မြင်မက်ခဲ့သော် အိပ်မက်သည် ထီပေါက်တတ်သောအိပ်မက်ဖြစ်သည်နေ၊လ၊ကြယ်တို့ကိုမိမိကိုယ်တိုင်ဆွတ်၍လက်အတွင်းသို့ ရောက်သည်ဟု မြင်မက်သည်ဖြစ်စေဝတ်ဖြူစင်ကြယ်နှင့်ပုဂ္ဂိုလ်တစ်ဦးဦးက
ဆွတ်၍ပေးသည်ဟု မြင်မက်သည်ဖြစ်စေ၊နေ၊ လ ၊ကြယ် နက္ခတ်တို့ သည် ကြွေ၍ မိမိအိမ်သို့ ကျရောက်သည်ဟု မြင်မက်သည့် အိပ်မက်တွေကလည်း ထီပေါက်စေတဲ့ အိမ်မက်တွေလို့လည်း ယူဆနိုင်ပါတယ်
။မြွေပွေး၊ မြွေဟောက်စသောတိရစ္ဆာန်များသည်တစ်ခုသော တောင်ပို့ တွင်ဖြစ်စေကုန်မြေပေါ်တွင်ဖြစ်စေတည်ရှိနေ၍ ၄မြွေများကို ကိုယ်တိုင်နှိမ်နင်း၍အတွင်းရှိပစ္စည်းများကိုသုံးဆောင်ခံစားရသည်ဟု မြင်မက်ခဲ့သော်
ထိုအိပ်မက်သည် ထီပေါက်မည့်အိပ်မက် ဖြစ်သည်။ဖော်ပြပါထီပေါက်စေတဲ့ အိပ်မက်တွေကတော့လူတိုင်း မြင်မက်ခြင်းတော့မတူညီနိုင်ပါဘူးထီပေါက်ခြင်းဆိုတာကလည်း ရှေ့ကပြုခဲ့တဲ့ကုသိုလ်ကံအကြောင်းတရားတွေ ကြောင့်လည်း
ထီဆုကြီးတွေဆုတ်ခူးနိုင်တာပါ။ပရိသတ်ကြီးလည်း ကံတရားဆိုတာဆန်းကြယ်တဲ့အတွက် ရှေ့ကမိမိပြုခဲ့တဲ့ကုသိုလ်ကံစေတနာ အကျိုးကြောင့်လက်ရှိဘဝမှာကံကောင်းထောက်မလို့ထီပေါက်စေတဲ့ အိပ်မက်တွေမက်ခဲ့ရင်လည်းထီထိုးဖို့ မမေ့ပါနဲ့ခင်ဗျာမင်းသိင်္ခဗေဒင်
LEAVE A REPLY
Please enter your comment!
Please enter your name here