ဖော်ပြပါထီပေါက်စေတဲ့ အိပ်မက်တွေကတော့လူတိုင်း မြင်မက်ခြင်းတော့ မတူညီနိုင်ပါဘူး ထီပေါက်ခြင်းဆိုတာကလည်း ရှေ့ကပြု ခဲ့တဲ့ ကုသိုလ်ကံအကြောင်းတရားတွေ ကြောင့်လည်း ထီဆုကြီးတွေ ဆုတ်ခူးနိုင် တာပါ။ပရိသတ်ကြီးလည်းကံတရားဆိုတာ ဆန်းကြယ် တဲ့ အတွက်ရှေ့ကမိမိပြုခဲ့တဲ့ ကုသိုလ်ကံစေတနာ အကျိုးကြောင့် လက်ရှိဘဝမှာ
ကံကောင်းထောက်မလို့ ထီပေါက်စေတဲ့အိပ်မက်တွေမက်ခဲ့ရင်လည်းထီထိုးဖို့မမေ့ပါနဲ့ခင်ဗျာအိပ်မက်ကိုလူတိုင်းမြင်မက် ပါတယ်အိပ်တာနဲ့မက်တဲ့အိပ်မက်မျိုးကသွေးလေချောက်ချားပြီးမက်တဲ့အိပ်မက် ရှေးယခင်ကခံစားဖူးတာကိုအကြောင်းပြုပြီးမက်တဲ့ အိပ်မက်၊နတ်ဆိုးနတ်ဝါးတွေ လှည့်စားလို့မက်တဲ့ အိပ်မက်ဆိုးရယ်
ဟူရယ် အိပ်မက် သုံးမျိုးရှိပါတယ်။မိမိတို့အိပ်မက်၏ကောင်းကျိုးဆိုးကျိုးကို ကြိုတင်၍သတိမထားသည့်အတွက်အကျိုး ခံစားသင့်သောအရာများလွဲချော်သွားသည်လည်ရှိပါတယ်။ဒါကြောင့် အဘဆရာကြီးမင်းသိင်္ခပြောကြားခဲ့တဲ့ထီပေါက်စေ တဲ့ နိမိတ်ပြအိမ်မက်အချို့ကို ဗေဒင်ချစ်ပရိသတ်ကြီးသိရှိအောင် ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။
နွားကိုစီး၍ မြို့ရွာသို့လှည့်လည်ရသည်ဟုမြင်မက်သော်လည်းကောင်း၊လူစည်ကားသောအရပ်တွင်မိမိကနွားကိုစီး၍လူ အပေါင်းတို့နှင့်လှည့်လည်ရသည်ဟု မြင်မက်သော်လည်းကောင်း၊နွားကိုစီး၍ထင်ရှားကျော်စောသည် ကိုမြင်မက်ခဲ့သော် အိပ်မက်သည်ထီပေါက်တတ်သောအိပ်မက်ဖြစ်သည်။နေ၊လ၊ကြယ်တို့ကို
မိမိ ကိုယ်တိုင် ဆွတ်၍ လက်အတွင်းသို့ရောက်သည်ဟုမြင်မက်သည်ဖြစ်စေ၊ဝတ်ဖြူစင်ကြယ်နှင့်ပုဂ္ဂိုလ်တစ်ဦးဦးကဆွတ်၍ပေးသည်ဟုမြင်မက်သည်ဖြစ်စေ၊နေ၊လ၊ကြယ်နက္ခတ်တို့သည် ကြွေ၍မိမိအိမ်သို့ကျရောက်သည်ဟုမြင်မက်သည့် အိပ်မက်တွေကလည်းထီပေါက်စေတဲ့အိမ်မက်တွေလို့လည်းယူဆနိုင်ပါတယ်
မြွေပွေး၊ မြွေဟောက်စသောတိရစ္ဆာန်များသည်တစ်ခုသောတောင်ပို့တွင်ဖြစ်စေ၊ကုန်မြေပေါ်တွင်ဖြစ်စေတည်ရှိနေ၍၎င်းမြွေများကို ကိုယ်တိုင်နှိမ်နင်း၍အတွင်းရှိပစ္စည်းများကိုသုံးဆောင်ခံစားရသည်ဟုမြင်မက်ခဲ့သော်ထိုအိပ်မက်သည် ထီပေါက်မည့်အိပ်မက်ဖြစ်သည်။ခရက်ဒစ်ဆရာမင်းသိင်္ခဗေဒင်