ဒယ်အိုးအောက်ခြေမှာတက်နေတဲ့အိုးမဲတွေဘယ်လိုသန့်စင်မလဲပရိသတ်ကြီးတို့ရေဒီတစ်ခေါက်တော့အိမ်ရှင်မတွေတွေ့ကြုံနေရတဲ့အခက်အခဲထဲကတစ်ခုဖြစ်တဲ့အသုံးပြုနေတဲ့

ဒယ်အိုးတွေ၊ထမင်းအိုးတွေ၊ရေနွေးအိုးတွေရဲ့အောက်ခြေမှာတိုက်ချွတ်ရခက်တဲ့အိုးမဲတွေတက်နေတာပါဘယ်လိုဆပ်ပြာ၊ဆပ်ပြာဆီတွေပဲသုံးသုံးတိုက်ချွတ်လို့မရပဲအင်မတန်မှကို

အရုပ်ဆိုးအကျည်းတန်တာကိုတော့လူတိုင်းတွေ့ကြုံနေရတာပါဒီနေ့တော့အိမ်ရှင်မများအတွက်ဘယ်လိုနည်းလမ်းနဲ့လုပ်ရင်ဒယ်အိုးကအိုးမဲတွေပြောင်ပြီးအသစ်လိုပြောင်လက်သွား

မလဲဆိုတာကိုတင်ဆက်ပေးမှာဖြစ်ပါတယ်လိုအပ်တဲ့ပစ္စည်းကတော့ပျော့နေတဲ့ခရမ်းချဉ်သီးသို့မဟုတ်ပုတ်ခါနီးခရမ်းချဉ်သီးစျေးထဲမှာဆိုရင်အလကားတောင်တောင်းယူလို့ရပါတယ်

ဒါမှမဟုတ် လတ်လတ်ဆတ်ဆတ်ခရမ်းချဉ်သီး၃-၄လုံးလောက်ကိုပါးပါးလှီးကာအဝကျယ်ဒယ်အိုးထဲထည့်ရေသင့်ရုံထည့်ပြီးဆူပွက်လာတဲ့အထိကျိုလိုက်ပါအိုးမဲချွတ်လိုတဲ့အိုး

တွေခွက်တွေကို အဲဒီထဲထည့်ပြုတ်လိုက်ပါ၃မိနစ်ကနေ၅မိနစ်ရှိပြီဆိုရင်ခါတိုင်းသုံးနေတဲ့ဆပ်ပြာဆီနဲ့ဖော့ကိုအသုံးပြုကာပွတ်ချလိုက်ပါ။ဒယ်အိုးအောက်ခြေတွေအသစ်လိုပြောင်

လက်သွားမှာပဲဖြစ်ပါတယ်အရမ်းလည်းလွယ်ပြီးကုန်ကျစရိတ်နည်းပါးတဲ့နည်းပါမယုံရင်အခုဘဲသင်စမ်းကြည့်လိုက်စမ်းပါသင်စိတ်ချမ်းသာစေမယ်လို့ ရဲရဲကြီးအာမခံပါတယ်