ကားနောက်ခန်း ကုန်တင်တဲ့နေရာမှာ စတီးတံခါးတပ်ထားတဲ့သူတွေကို မေတ္တာရပ်ခံခြင်းအန္တရာယ်ရှိလို့ပါခွေးဘီလူးတို့၊ ဆူဇူကီးကယ်ရီလေးတွေရဲ့နောက်ကကုန်တင်ခန်းကိုစတီး တံခါးတပ်ထားတဲ့ကားပိုင်ရှင်တွေကို မေတ္တာရပ်ခံချင်ပါတယ်

ညနေ ၄း၅၀ လောက်က ကြုံခဲ့ရတာလေးပါ။ ညနေဘက်အိမ်အပြန်ကျွန်တော့်ရှေ့ကားရဲ့ စတီးတံခါး တွေကို နေထိုးတဲ့အခါ စတီးက ပြန်တဲ့နေရောင်က နောက်ကလိုက်လာတဲ့ကားကို အရမ်းအနှောင့်အယှက်ဖြစ်စေပါတယ်။

နေရောင်ကတိုက်ရိုက်ကျနေတော့မျက်စိကို ပြန်တဲ့နေရောင်ကဘယ်လိုမှကို ရှေ့လမ်းကိုကြည့်လို့မမြင်ရလောက်အောင်စူးရှလွန်းတာပါလမ်းရှင်းနေလို့သာတော်ပါသေးတယ်စက်ဘီးတွေလူတွေရှုပ်တဲ့ နေရာဆိုတကယ်အန္တရာယ်များပါတယ်

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

ခပ်ဝေးဝေးကခွာလိုက်ရင်သက်သာမယ်ထင်ပြီးအရှိန်လျှော့ပေမယ့်လည်းမထူးပါဘူးခပ်ဝေးဝေးရောက်တဲ့အထိအောက်ကပုံထဲကအတိုင်းအရောင်စူးနေဆဲပါပဲနေထိုးတာကဆန်းရှိတ်ချပြီးကာလို့ရပေမယ့်ခုလိုမျက်စိနဲ့တစ်တန်းတည်းနေရာ

ကနေရောင်ပြန်ထိုးနေတာကဘယ်လိုမှကာလို့အဆင်မပြေပါဘူးနောက်ဆုံးတော့ ဘယ်လိုမှ မောင်းလို့မရ ရှောင်လို့မရနဲ့မတတ်သာတဲ့အဆုံးလမ်းဘေးထိုးရပ်ပြီးအဲ့ဒီကား မြင်ကွင်းကပျောက်သွားမှပဲ ပြန်မောင်းခဲ့ရတယ်ဒါကြောင့်နောက်

တံခါးကိုစတီးတံခါး တွေတပ်ထားတဲ့ကားပိုင်ရှင်များတပ်ပြီးရင်ပြီးရောမလုပ်ဘဲအလင်းပြန်ပြီး နောက်ကကားတွေကိုအန္တရာယ်မဖြစ်စေနိုင်အောင်အဲ့ဒီစတီးချောင်းတွေကိုစတစ်ကာလေးတွေဖြစ်ဖြစ်ကပ်ကြပါဦးလို့အကြံပြုပါရစေ။