(1)သွားလမ်းမှာရှင်ပြုရှင်လောင်မင်္ဂလာဆောင်ပွဲ(2)သံဃာတွေကိုဆွမ်းလောင်းနေတာဘုရားရုပ်ပွါးတော်ပင့်ဆောင်တာ(3)ရွှေငွေပြည့်စုံထည်ဝါသူကမိမိရှေ့မင်္ဂလာရှိသောစကား

များပြောဆိုနေသောအခါ(4)ကားငှါးသွားမယ်ဆိုလည်းတစ်ခါတည်းနဲ့ရှောရှောရှုရှုအဆင်ပြေငှါးစီးသွားနိုင်ရင်(5) သွားတဲ့အချိန်မိမိအိမ်မှာရန်ဖြစ်စကားများမှုမရှိလျှင်

(6)ကလေးတွေကပျော်ရွှင်စွာဖြင့်အပြန်မုန့်ဝယ်ခဲ့ပါဟုမှာလျှင်(7)ကိုယ်သွားမယ့်အချိန်မှာရေဒီယိုတီဗီစသည်မှမင်္ဂလာ ရှိစကားတရားသီချင်းစသည်တို့လွှင့်နေချိန်ဖြစ်လျှင်

(8)ကိုယ်ရှေ့မှာလူအုပ်စုတစ်ဝါးဝါးတစ်ဟားဟားဖြင့်ရီမောပျော်ရွှင်နေလျှင်(9)စသွားချိန်မှာမြင်ကွင်း၌မင်္ဂလာရှိသော ကြေငြာဆိုင်းဘုတ်များတွေ့ရလျှင်(10)နိမိတ်ကောင်းသော

လမ်းနာမည်(စိတ္တသုခလမ်းချမ်းသာကြီးလမ်းစသည်)တွေ့လျှင်(11)လမ်းခရီးမှာ နာမည်ကျော်ကြားထင်ရှားသော ပုဂ္ဂိုလ်ကိုတွေ့လျှင်(12)လမ်းမှာရေတစ်ဟောဟောကျနေတဲ့

ပွင့်နေတဲ့ရေဘုံဘိုင်ကိုတွေ့လျှင်(13)လမ်းမှာတစ်စုံတစ်ဦးက ရေကိုအားပါးတစ်ရမော့သောက်နေသည်ကိုမြင်သော်(14)လမ်းမှာအသုဘတွေ့သော်လည်းငိုယိုနေသူကိုမတွေ့

သောအခါ(15)သွားခါနီးအိမ်ရှင်မသို့မဟုတ်တစ်ဦးဦးကငါး ဝယ်လာသော်(16)တိရစ္ဆာန်တွေရန်မဖြစ်ပဲအေးချမ်းစွာစားသောက်နေတာမြင်သော်(17)သူတောင်းစားအခြေမဲ့လူတို့

ခိုက်ရန်ဖြစ်စကားများတာကိုမကြုံရလျှင်(18)သွားကာနီး ကလေးတွေဘုရားရှိခိုးတာမြင်လျှင်ဘုရားစာရွတ်သံကြားသော်(19)သူတော်စင်တို့အလှုခံထွက်သည်ကိုမြင်သော်

(20)လှပတဲ့မိန်းကလေးတစ်ယောက်ကထီးတံခွန်ကုက္ကား စသည်နှင့်ကန်တော့ပွဲစသည်ဝယ်လာသည်မြင်သော်(21) အိုးစည်ဒိုးပတ်စသောတူရိယာဝိုင်းနှင့်ကြုံသော်

(22)လမ်းခရီးမှာပျားရည်ပျားအုံတွေ့သော်(23)ဆေးရုံကားအသုဘကားဖြတ်သွားတာမြင်သော်(24)သွားနေတုန်း ယောင်္ကျားကဗယ်ဘက်

မျက်ခုံးမိန်းမဆိုညာဘက်မျက်ခုံးလှုပ်ခဲ့သော်ထိုနိမိတ်များသည်ကောင်းသောအောင်သောနိမိတ်မျဖြစ်ပေသည်မြစကြာကြိုက်ဆုံးဗေဒင်ယတြာများ