နားနှင့်နားအနီးတဝိုက်ရှိမှဲ့ပိုင်ရှင်များဟာထိုမှဲ့ပိုင်ရှင်များဟာအများအားဖြင့်လူချစ်လူခင်ပေါ့များ၍ရုပ်ရည်ပိုင်းဆိုင်ရာမှာထူးခြားစွာစွဲဆောင်မှုရှိသူများဖြစ်ပါတယ်ထူးခြားသောထိုးထွင်ကြံဆလုပ်ကိုင်တတ်သူများဖြစ်တယ်စကားပြောရာမှာပရိယာယ်ကြွယ်သောသူများလည်းဖြစ်ပါတယ်
အကြံအစည်နဲ့ရည်ရွယ်ချက်ကောင်းမွန်တယ်စက်မှုနှင့်နည်းပညာဆိုင်ရာပညာရပ်တွေမှာထူးချွန်တတ်ကြပါတယ်အပြောအဆိုအနေအထိုင်မှာ နူးညံ့သိမ်မွေးသောသူများလည်းဖြစ်ပါတယ်သူတစ်ပါးနားဝင်ချိုအောင်ပြောဆိုတတ်တယ်စာပေ နှင့်စာဖတ်ဝါသနာပါပြီးအသင်အပြကောင်းသော
နည်းပြသို့မဟုတ်ဆရာဆရာမလည်းဖြစ်ရတတ်ပါတယ်နေရာတစ်ခုတွင်ခေါင်းဆောင်အကြီးအကဲသို့မဟုတ် အောင်မြင်သောသူတစ်ယောက်သို့မဟုတ်အရေးပါသောသူတစ်ယောက်လည်းဖြစ်တတ်ကြပါတယ်အမျိုးသားများဖြစ်ပါက
အရာရှိအရာခံမင်းမှုထမ်းများဌာနဆိုင်ရာအကြီးအကဲများဖြစ်တတ်ကြပြီးမိန်းခလေးဖြစ်ပါကအရာရှိအရာခံရာထူးဂုဏ်ရှိန်ရှိသောကတော်များဖြစ်တတ်ကြပါတယ်ကိုယ်တိုင်လည်းအကြီးအကဲနေရာများကိုပိုင်ဆိုင်လေ့ရှိတတ်ကြပါတယ်ဘဝအတွက်နှင့်အနာဂါတ်အောင်မြင်ရေးအတွက်
စိတ်ကူးစိတ်တမ်းကောင်းများရှိနေသူများဖြစ်ပါတယ်သို့သော်အကောင်အထည်ဖော်ဖို့တခါတခါကြန့်ကြာနေတတ်တဲ့သူမျိုးပါသေချအကောင်အထည်ဖော်လုပ်ကိုင်သာအလုပ်များအားလုံးဟာလည်းအောင်မြင်မှုရရှိသူများဖြစ်ပါတယ်
ရိုးသားမှန်ကန်စွာနေထိုင်တတ်သူများဖြစ်ပြီးဘဝအတွက်အေးချမ်းမှုကိုလွန်စွာမတ်မောသူများလည်းဖြစ်ပါတယ်သူတစ်ပါးအပေါ်ရိုင်းပင်းကူညီကြင်နာတတ်သောသူများလည်းဖြစ်ပါတယ်ကိုယ်ကမပြိုင်ဆိုင်တတ်ပါသော်လည်း
မိမိအားမနာလိုဝန်သိုသူများနှင့်မကြာခဏကြုံတွေ့ရတတ်ပါတယ်မျက်နှာပွင့်လန်း၍လူချစ်သူခင်ပေါများသောသူများဖြစ်သော်လည်ဘဝမှာအချစ်ရေးနှင့်ပတ်၍ဒဏ်ရာအချို့ကြုံတွေ့ရတတ်ပါတယ်ရည်းစားဦးနှင့်လညးလွဲရတတ်ပါတယ်
ချစ်သူအိမ်ထောင်ဘက်အပေါ်စိတ်ချမ်းသာမှုအများဆုံးပေးနိုင်သူများဖြစ်ပြီးမိမိချစ်သူအိမ်ထောင်ဖက်အတွက်သစ္စာရှိသောသူသို့မဟုတ်အကျိုးပြုသောသူများအဖြစ်ဘဝကိုကြိုးစားဖြတ်သန်းနေတတ်ကြပါတယ်မိမိချစ်သူ
အိမ်ထောင်ဖတ်အပေါ်စိတ်ရှည်၍ရှုံးပေးအနစ်နာခံ၍ချစ်တတ်ကြသူများလည်းဖြစ်ပါတယ်။မည်သို့ပင်ဖြစ်စေကာမူဘဝအိမ်ထောင်ရေးတွက်ကြည်နူးစရာကောင်းသောမိသားစုဘဝကိုတည်ဆောက်နိုင်သောသူများဖြစ်တတ်ကြပါတယ်
ဤစာအားမိမိတို့အတွက်ဗဟုသုတဖြစ်စေ၍ နှစ်သက်သဘောကျပါကအခြားသူများဖက်ရှုနိုင်ရန်ပြန်လည်မျှဝေးသွားနိုင်ပါတယ်၇ရက်သားသမီးများအားလုံးကိုစိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ