မြန်မာနိုင်ငံမှာလူစီးများတဲ့HONDAFITအကြောင်းသိကောင်စရာHonda Fitဟာ2001ခုနှစ်မှာစတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီးယခုဆိုရင်သက်တမ်းအားဖြင့်နှစ်၂၀တိုင်ခဲ့ပြီဖြစ်သလိုGeneration(၃)ဆက်အထိပြောင်းလဲခဲ့ပြီး ဖြစ်ပါတယ်

ကမ္ဘာအနှံကိုတင်ပို့ရောင်းချခဲ့တဲ့HondaFitကားတွေဟာ Honda Jazz အနေနဲ့လဲ ဈေးကွက်တင်ခဲ့ပြီးနိုင်ငံ(၈)နိုင်ငံမှာရှိတဲ့စက်ရုံ(၁ဝ)ရုံမှထုတ်လုပ်တာဖြစ်ပါတယ်တံခါး(၅)ပေါက် Hatchbackကားအမျိုးအစားဖြစ်ပြီး

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

ရှေ့အင်ဂျင်ရှေ့ယက်အမျိုးအစားကားတစ်စီးဖြစ်ပါတယ်HondaဟာFit Hybrid အမျိုးအစားကိုလဲထုတ်လုပ်ခဲ့ပြီးဂျပန်နိုင်ငံမှာ 2010 နဲ့ ဥရောပမှာ 2011ခုနှစ်မှာ ဈေးကွက်တင်ခဲ့ပါတယ်Honda Fit EVလို့ခေါ်တဲ့

လျှပ်စစ်ကားတစ်မျိုးကိုလဲအရေအတွက်အကန့်အသတ်နဲ့ထုတ်လုပ်ခဲ့ဖူးပြီးအမေရိကန်နဲ့ဂျပန်တို့မှာ2012ခုနှစ်မှာ ဈေးကွက်တင်ခဲ့ပါတယ်အမည်နှစ်မျိုးအနက်Jazzဆိုတဲ့အမည်ကိုဥရောပ၊သမုဒ္ဒရာပိုင်းဒေသအရှေ့အလယ်ပိုင်းအာဖရိက၊သြစတေးလျနဲ့အာရှအချို့ဒေသတွေမှာအသုံးပြုခဲ့ပြီး

Fitအမည်ကိုတော့ဂျပန်၊အမေရိကန်နဲ့တရုတ်တို့မှာအသုံးပြုခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့နိုင်ငံမှာတော့ဂျပန်မှကားများကို အများဆုံးတင်သွင်းတဲ့အတွက် Fitအမည်နဲ့ကားတွေပဲတွေ့ရတာဖြစ်ပါတယ်Honda Fit ရဲ့

Generationဆက်အက်1stGenerationကို2001မှ2008အထိထုတ်လုပ်ခဲ့ပါတယ်ဂျပန်နိုင်ငံအတွက်ထုတ်လုပ်တဲ့1st Gen Honda Fitတွေဟာ1.3 i-DSI နဲ့1.5VTECအင်ဂျင်အမျိုးအစား(၂)မျိုးနဲ့ရရှိနိုင်ပါတယ်

ဒီကားတွေကိုဈေးကွက်မှာchassiscodeGD1ကိုအစွဲပြုပြီးGD1လို့ခေါ်ကြပါတယ်GD1 တွေမှာ4WD တွေ၊ဂီယာ(၅)ချက် Manual တွေအစရှိသဖြင့်အခွဲငယ်များမျိုးစုံရှိပါတယ်OriginalTV နဲ့Navigationတွေကတော့ထပ်တိုးပြီးဝယ်လို့ရတဲ့Optional တွေဖြစ်ပါတယ်

2nd Generaion Honda Fit တွေကိုတော့2007မှာစတင်ပြသခဲ့ပြီးCar of the Year Japan ဆု ရရှိခဲ့ပါတယ်ဒီကားတွေကိုတော့Chassis Code GE6 ကိုအစွဲပြုပြီးGE6 လို့ ခေါ်ကြပါတယ်အင်ဂျင်(၂)မျိုးနဲ့ရရှိနိုင်ပြီး 1.3 Lအင်ဂျင်ဟာ မြင်းကောင်ရေ

98ကောင်အားထုတ်လုပ်ပေးနိုင်ပြီး1.5Lအင်ဂျင်ကတော့117 ကောင်အားအထိရရှိနိုင်ပါတယ်ဂီယာ(၅)ချက်Manual,ဂီယာ(၅)ချက်Auto (4WD)နဲ့ CVT Transmission တွေရရှိနိုင်ပါတယ်GE6ကိုအကြမ်းအားဖြင့် Modification /Grade ခွဲချင်တယ်ဆို

G,GFpackage,L package ဆိုပြီး(၃)မျိုးခွဲခြားလို့ရပါတယ်G Grade မှာမှန်ကာလာမပါခြင်း၊ ဘေးမှန်မှာမီးတန်းမပါခြင်း၊မှန်ချိုးမှန်ခေါက်မရခြင်းစတဲ့အချက်တွေ ရှိပါတယ်GF ကတော့Gထက်အနည်းငယ် Grade ပိုမြင့်ပြီး Gမှာမပါဝင်တဲ့အချက်တွေပါဝင်လာမှာဖြစ်ပါတယ်

အမြင့်ဆုံးLPackageမှာတော့ Button Typeနဲ့ Digital Aircon ဖြစ်ပါတယ်GE6 ရဲ့၂ဝ၁ဝခုနှစ်၁ဝလပိုင်းနောက်ပိုင်းထုတ်လုပ်တဲ့ကားတွေမှာရှေ့ဘန်ဘာနဲ့နောက်မီးခွက်ဒီဇိုင်းကွဲပြားသွားပါတယ်ရှေ့ဘန်ဘာရုပ်ပြောင်းသွားပြီး နောက်မီးမှာလဲအဖြူတစ်တန်းဖြစ်သွားပါတယ်

3rdGeneration တွေကိုတော့2013ကနေယနေ့အထိထုတ်လုပ်နေပါတယ်Honda Fitမှာအခြားမော်ဒယ်များအဖြစ်ပိုပြီးကြီးတဲ့Fit Shuttleနဲ့ဆီစားသက်သာတဲ့Hybridကားတွေလဲရှိပါသေးတယ်ဒီလောက်ဆိုရင်တော့

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

HONDA FITအကြောင်းတစေ့တစောင်းတော့နားလည်သဘောပေါက်ကြလိမ့်မယ်လို့ထင်ပါတယ်ခင်ဗျာမိတ်ဆွေများဗဟုသုတတိုးပွားကြစေဖို့ ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်