မေ့ရဲ့သရက်ယိုထိုးနည်းလေးမျှဝေပေးပါမယ်ရှင်ပါဝင်ပစ္စည်းသရက်သီး၎လုံး၊သကြား၃၀သား၊ဆားအနည်းငယ်၊ကွမ်းစားထုံး၊ထမင်းစားဇွန်း၂ဇွန်း၊မဆလာ၁ဇွန်း၊ငရုတ်သီးမှုန့်အရောင် တင်မှုန့်၊လဘက်ဇွန်း၁ဇွန်းပြင်ဆင်ပုံပထမဦးဆုံးသရက်သီးကို

အခွံခွာပြီးကိုယ့်စိတ်ကြိုက်ပုံစံလှီးထားပါရှင်။ကွမ်းစားထုံးထည့်ပြီးသရက်သီးမြုပ်အောင်ရေစိမ်ထားပါနော်နာရီဝက်စိမ်ပြီးရေစင်အောင်စစ်ထားပါ။ရေစစ်ရင်သကြားနဲ့ဆားထည့်ပြီးနယ်ထားပါနော်။ပြုလုပ်နည်းယိုထိုးမဲ့အိုးထဲကိုသကြားနယ်

ထားသောသရက်သီးတွေထည့်ပါမီးပူလာသည်နှင့်အမျှသကြားတွေအရည်ပျော်လာပါလိမ့်မယ်မွှေပေးနေပါရှင်။မေထည့်တဲ့သကြားအချိုးစားအတိုင်းဆိုပုံထဲကလိုခပ်ခြောက်ခြောက်လေးပါနော်အရမ်းလဲမချိုပါဘူးရွှဲရွှဲချိုချိုကြိုက်တဲ့သူက

၁၀သားလောက်ပိုကဲထည့်နိုင်ပါတယ်ရှင်သကြားရည်ပျစ်လာပြီးညောင်စေးလဲကျပြီသရက်သီးအဖတ်လေးတွေလဲကြည်လာပြီဆိုရင်မဆလာထည့်ပါအစပ်လေးစားချင်ပါကငရုတ်သီးမှုန့်သော်လည်းကောင်းအရောင်တင်မှုန်သော်လည်းကော

င်ထည့်နိုင်ပါတယ်နော်။သမအောင်မွှေပြီးရင်ချလို့ရပါပြီရှင်။ကဒီလိုဆိုလုပ်ရလွယ်ပြီးကလေးလူကြီးမရွေးစားလို့ရတဲ့ ဆေးသကြားမပါဓာတုဆိုးဆေးမပါတဲ့သရက်ယိုလေးရပါပြီနော်အများကြီးလုပ်မယ်ဆိုရင်တော့ဖော်ပြထားတဲ့အချိုးအစားတွေအတိုင်းဆတိုးပွားပြီးလုပ်ပါနော်Credit