ပေါင်ခြံမည်းလို့ ဖြူ ဖွေးချင်သူများအတွက်လွယ်ကူသောနည်းလူအများစုဟာမိမိတို့ရဲ့ ပေါင်အတွင်းသားပေါင်ခြံအစိတ်အပိုင်းကိုလျစ်လျူရှုလေ့ရှိကြပြီးဂရုစိုက်ရကောင်းမှန်းမသိကြပါဘူးသတိထားမိသောအချိန်ကျမှမည်းနေမှန်း
သိကြပါတော့တယ်စိတ်မပူပါနဲ့ဒီလိုပေါင်ခြံမည်းတဲ့ပြသနာကို ဖြေရှင်းပေးနိုင်မယ့် ငွေကုန်ကြေးကျမများစေတဲ့အိမ်တွင်းနည်းလမ်းကောင်းများစွာရှိပါတယ်၁။သခွားသီးသခွားသီးမှာပေါင်ခြံဖြူအောင်လုပ်ပေးနိုင်မယ့်သဘာဝအစွမ်းသတ္တိတွေရှိပါတယ်
သခွားသီးမှာပါဝင်တဲ့ဓါတ်တွေဟာအရေပြားဆဲလ်တွေကို ပြုပြင်ထိန်းသိမ်းပေးပြီးဆဲလ်သေတွေကိုလည်းဖယ်ရှားပေးပါတယ်သခွားသီးအခြမ်းသို့အရည်ကို ပေါင်ခြံသို့ဆယ်မိနစ်ခန့်ပွတ်ပေးပါပြီးလျှင်၅မိနစ်ခန့်ကြာအောင်ထားပြီး
ရေဖြင့်ဆေးကြောပါ။ဤနည်းအတိုင်းတစ်နေ့တစ်ကြိမ်မှ နှစ်ကြိမ်အထိပြုလုပ်ပေးနိုင်ပါသည်၂။ရှားစောင်းလက်ပက်Antioxident ကြွယ်ဝတဲ့ရှားစောင်းလက်ပက်ကအရေပြားအတွက်အကောင်းဆုံးဆိုတာမမေ့နဲ့ဦးလေရှားစောင်းလက်ပက်အတွင်းမှ
ဂျယ်လ်ပုံစံအနှစ်လေးတွေကိုမည်းနေသောပေါင်ခြံအရေပြားပေါ်သို့စိမ့်ဝင်အောင် သေချာလိမ်းပြီးမိနစ်၂၀ခန့် နှိပ်နယ်ပေးရမှာပါပြီးနောက် ရေနွေးနွေးဖြင့် ဆေးကြောပါတစ်နေ့တစ်ကြိမ်ပုံမှန်လုပ်ပေးရမှာ ဖြစ်ပါတယ်။ထိရောက်မှုမြန်ချင်သူများကတော့ နှစ်ကြိမ်ပြုလုပ်ပေးပါ
၃။သံပုယိုသီးအက်ဆစ်ဓါတ်ပါဝင်တဲ့သံပုယိုသီးကမည်းညစ်တဲ့အသားအရေအတွက်အကောင်းဆုံးပါပဲဗီတာမင်စီ ကြွယ်ဝစွာပါဝင်ပြီးဆဲလ်သစ်များကြီးထွားမှုကိုအားပေးကာအသားဖြူချင်သူများအတွက်သင့်လျော်သောအသီးဖြစ်ပါတယ်
သံပုယိုအရည်ကို ပေါင်ခြံအတွင်းပိုင်းသို့ဂွမ်းစဖြင့် သေချာနှံ့စပ်စွာပွတ်လိမ်းပေးပါပြီးနောက်မိနစ်၂၀ခန့်ထားပြီး ရေအေးလေးဖြင့် ဆေးချပါထိုအတိုင်းတစ်ပါတ်ကို နှစ်ကြိမ်၊သုံးကြိမ်ခန့်ပြုလုပ်ပေးပါထိခိုက်လွယ်သောအသားအရေပိုင်ရှင်များအနေဖြင့်
သံပုယိုရည်ကိုရေအနည်းငယ်ရော၍လိမ်းပေးပါ၎။ဒိန်ချဉ်ဒိန်ချဉ်ကအသားအရေအတွက် ကောင်းကျိုးများစွာရှိပြီးကျန်းမာရေးအတွက်လည်းစားသင့်တဲအစားအစာတစ်မျိုးပါပဲမိန်းကလေးများအတွက်ပိုသင့်လျော်၍ပုံမှန်စားပေးခြင်းဖြင့်အသားအရေလှပြီး
ကျန်းမာစေမှာပါအရောအနှောမပါဝင်သောရိုးရိုးဒိန်ချဉ်ကိုမည်းနေသောအရေပြားပေါ်၌ပွတ်လိမ်းပေးပါ။၁၀မိနစ်၊၁၅မိနစ်ခန့်ထားပြီးနောက်ကြက်သီးနွေးရေလေးဖြင့် ဆေးကြောပါ။တစ်နေ့တစ်ကြိမ်ပုံမှန်လိမ်းပေးခြင်းဖြင့်ကောင်းမွန်သောရလဒ်ကို တွေ့ရှိရမှာပါ
၅။အုန်းဆီအုန်းဆီဟာယအသားအရေကို ဖြူ စေပြီးအစိုဓါတ်ထိန်းသိမ်းပေးနိုင်စွမ်းရှိပါတယ်။အုန်းဆီစားပွဲတင်ဇွန်း၃ဇွန်းနှင့်သံပုယိုအရည်တစ်ဇွန်းတို့ကို ရောနှောပြီးပေါင်ခြံပေါ်သို့လိမ်းပြီး၁၅မိနစ်ခန့် နှိပ်နယ်ပေးပါ၅မိနစ်ခန့်ထားပြီးနောက်
ရေနွေးနွေးလေးဖြင့် ဆေး ကြောပေးပါ။ နေ့စဉ်ပုံမှန်ပြုလုပ်ပေးပါ။အခုဖော်ပြခဲ့သောနည်းလမ်းကောင်းလေးတွေကိုဇွဲရှိရှိနဲ့ပုံမှန်လုပ်ပေးမယ်ဆိုရင်တော့ ဖြူဝင်းတဲ့ ပေါင်အတွင်းသားကို ပြန်လည်ပိုင်ဆိုင်စေမှာပါနော်