ဒီလိုအချက်တွေနဲ့ ကိုက်ညီတဲ့သူမျိုးကိုလုံးဝမချစ်ပါနဲ့ကိုယ့်ကို ဂရုစိုက်ပေးပါလို့ခခယယ ပြောတာတောင်အကြောင်းပြချက်အမျိုးမျိုးပေး ရှောင်ဖယ်တတ်တဲ့လူမျိုးကို မချစ်ပါနဲ့
သူ့ဘက်ကတကယ်ချစ်ရင်ကိုယ် တောင်းဆိုစရာမလိုဘဲအသေးအမွှားလေးကအစဂရုစိုက်ပေးမှာပါသတိရလို့လာတွေ့ပါ့လား ပြောတာတောင် နေပူလို့ မိုးရွာလို့ဆိုပြီး နေ့ည ရွေ့တတ်တဲ့လူမျိုးကိုမချစ်ပါနဲ့
သူတကယ်ချစ်ရင်ဘယ်လိုရာသီဥတုမျိုးပဲ ဖြစ်ဖြစ်ချစ်သူမျက်နှာမြင်ရဖို့ဘာကိုမှဂရုစိုက်မှာမဟုတ်ပါဘူးအပြေးလာတွေ့မှာပါကိုယ်က စိတ်ကောက်တဲ့ အခါနားလည် မပေးပဲကိုယ်နဲ့အပြိုင်စိတ်ကောက်တတ်တဲ့လူမျိုးကိုမချစ်ပါနဲ့
သူတကယ်ချစ်ရင်ကိုယ်ဘယ်လောက်စိတ်ဆိုးဆိုးဘယ်လောက်စိတ်ကောက်ကောက်စိတ်ရှည်လက်ရှည် ပြန်ချော့မှာပါသူရောက်တဲ့ နေရာကကိုယ်ရှိနေမှန်းသိရက်နဲ့လာမတွေ့နိုင်အားတဲ့လူမျိုးကိုမချစ်ပါနဲ့
သူတကယ်ချစ်ရင်ဘယ်လောက်အလုပ်ရှုပ်ရှုပ်ကိုယ့်အတွက်အချိန်သီးသန့် ပေးပြီးလာတွေ့မှာပါတခုခု တောင်းဆိုတဲ့အခါ တာဝန်အရလုပ်ပေးရမှာပေါ့ဆိုတဲ့လူမျိုးကိုမချစ်ပါနဲ့
သူတကယ်ချစ်ရင် ပြောစရာမလိုဘဲအလိုက်တသိနဲ့လုပ်ပေးမှာပါတခုခုမှားရင် ပြင်မပေးဘဲအပြစ်ရှာတတ်တဲ့၊ ပြသနာရှာတတ်တဲ့ လူမျိုးကို မချစ်ပါနဲ့သူတကယ်ချစ်ရင် အမှားကို အမှန် ပြင်ပေးပြီး ခွင့်လွှတ် နားလည်ပေးမှာပါ
အကြောင်းပြချက်အမျိုးမျိုး ပေးပြီးပစ်ထားတတ်တဲ့လူမျိုးမချစ်ပါနဲ့သူတကယ်ချစ်ရင်ကိုယ့်အတွက်အချိန်ပေးမှာပါသူတကယ် ချစ်မချစ်ဆိုတာအပြုအမူအပြောအဆိုတွေကနေသိနိုင်ပါတယ်
ကိုယ့်အတွက် အချိန်မပေး နိုင်တဲ့သူကိုယ့်ဟာသူ့အတွက်အရေးမပါတဲ့လူတယောက်အနေနဲ့ခံစားနေရရင်အချိန်ပြည့် စိတ်ဆင်းရဲ နေမယ့်အစားလမ်းခွဲလိုက်ပါအဲ့ဒါမှပိုပြီး ပြီးပြည့်စုံတဲ့ဘဝမျိုးရရှိနိုင်မှာပါနော်ခရစ်တစ်