ဒူးခေါင်းမဲနေတာကိုအာလူးနဲ့ပြန်ဖြူလာအောင်လုပ်နိုင်မယ့်နည်းလမ်းဒူးခေါင်းမဲလို့အတိုမဝတ်ရဲဖြစ်နေတဲ့သူတွေနဲဒူးခေါင်မဲနေတာကိုဖြူချင်တဲ့သူတွေအတွက်လွယ်လွယ်ကူကူအာလူးနဲ့ ပြန်ဖြူလာအောင်လုပ်နိုင်မယ့်နည်းလမ်းကောင်းကိုမျှဝေပေးလိုက်ပါ
တယ်အာလူးကအသားအရေကိုသဘာဝအတိုင်းMild Bleachလုပ်ပေးနိုင်တဲ့အပြင်အသားအရေကိုBright ဖြစ်လာစေတယ်ပိုပြီးလည်း နူးညံ့လာစေပါတယ်ဒူးခေါင်းမဲနေတာကို ပြန်ဖြူလာစေဖို့အာလူးနဲ့လုပ်လို့
ရမယ့်နည်းလမ်းက၂မျိုးရှိပါတယ်ပထမတစ်နည်းကတော့အာလူးတစ်လုံးကို ခြစ်ချပြီးရလာတဲ့အဖတ်တွေကိုအဝတ်တစ်ခုထဲထည့်ပြီးအရည်ညှစ်ချရမှာပါရလာတဲ့အရည်တွေကိုမှဒူးခေါင်းမှာလိမ်းပေးပြီး၁၅မိနစ်ထားပါအချိန်ပြည့်ရင် ရေဆေးချပြီးLotionသာလိမ်းထားလိုက်ပါဒူးခေါင်း
နေရာကကြမ်းနေတတ်တဲ့အတွက်Lotionပုံမှန်လိမ်းပေးရင် နူးညံ့လာစေပါတယ်ဒုတိယတစ်နည်းကတော့အာလူးကိုအဝိုင်းဖတ်လေး တွေရအောင်လှီးလိုက်ပါပြီးရင်လှီးထားတဲ့အာလူးအဖတ်နဲ့ဒူးခေါင်းကို၁၅မိနစ်လောက်ပွတ်ပေးပါအချိန်ပြည့်ရင်တော့ ရေဆေးချလိုက်ပြီးLotionလိမ်းထားလိုက်ရုံပါပဲ