ဒူးရင်းသီးဟာ လူအများစုစားနိုင်ပေမဲ့ တချို့သူတွေမှာ အခြေအနေနဲ့ အချိန်အခါအရ ရှောင်ကြဉ်သင့်တဲ့ အခြေအနေလေးတွေကိုလည်း ပြောပြချင်ပါတယ်..
ဒူးရင်းသီးဟာ အချိုဓာတ် (ကာဘိုဟိုက်ဒြိတ်) များတဲ့အထဲမှာပါဝင်လို့ ဆီးချိုတက်နေတဲ့သူတွေ မစားရပါဘူး..သိပ္ပံနည်းကျပြောရရင် high glycemic index လို့ ခေါ်တဲ့ သွေးတွင်းသကြားဓာတ်တက်စေသော ညွှန်းကိန်း မြင့်မားတဲ့အတွက် ဆီးချိုတက်စေပါတယ်.. ဆီးချိုကျနေရင်တော့ နည်းနည်းပါးပါး ချင့်ချိန်စားနိုင်ပါတယ်..

ဒူးရင်းသီးမှာ ပိုတက်စီယမ်တွေ များစွာပါဝင်ပါတယ်.. 100 g မှာ 436 mg တောင် ပါပါတယ်.. ပိုတက်စီယမ်ဆိုတာ သွေးထဲမှာ လိုအပ်သလောက်သာ ရှိရပါမယ်.. ပိုနေရင် ကျောက်ကပ်ကနေ ဆီးကနေတစ်ဆင့် အပြင်ကိုစွန့်ထုတ်ရပါတယ်.. ကျောက်ကပ်အားနည်းနေတဲ့ သူတွေကျတော့ပိုတက်စီယမ်တွေကို အပြင်ကိုကောင်းကောင်းမစွန့်ထုတ်နိုင်လို့ သွေးထဲမှာ ပိုတက်စီယမ်တွေများလာပါတယ်.. အဲ့ဒီအခါမှာ ပိုတက်စီယမ်ကြွယ်ဝတဲ့အစားအစာတွေ အထူးသဖြင့် သစ်သီးတွေရှောင်ဖို့ လိုအပ်လာပါတယ်.. အဲ့ဒီထဲမှာ ဒူးရင်းသီးလည်းပါပါတယ်.. ကျောက်ကပ်ပြန်ကောင်းလာရင်တော့ (ပိုတက်စီယမ်ကျလာရင်တော့) နည်းနည်းချင်းပြန်စားနိုင်ပါတယ်..

ကိုယ်ဝန်ဆောင်တွေအနေနဲ့ ဒူးရင်းသီးမစားရဘူးလို့ မဆိုလိုပါဘူး.. သတိထားပြီး အနည်းငယ်သာစားဖို့ ဆိုလိုတာဖြစ်ပါတယ်.. ဘာဖြစ်လို့လည်းဆိုတော့ ဒူးရင်းသီးဟာ အပူစာလို့ မြန်မာတွေသိထားသလို ကယ်လိုရီစွမ်းအင်များစွာပေးတဲ့ (Calorigenic) အစားအစာတစ်ခုဖြစ်ပါတယ်.. ခန္ဓာကိုယ်ကိုအပူတွေထွက်စေပါတယ်.. ကိုယ်ဝန်ဆောင်ဆိုတာ နဂိုကတည်းက အပူတွေထွက်နေတဲ့သဘောရှိပါတယ် (Hypermetabolic).. ဒါ့အပြင် ကိုယ်ဝန်ဆောင်မှာ ဆီးချိုသွေးချိုဖြစ်ဖို့ အလားအလာပိုများပါတယ် (Gestational diabetes).. ဒါကြောင့် စားရင်နည်းနည်းပဲ စားစေချင်ပါတယ်.. ချွေးပိုထွက်စေတာကလည်း နောက်တစ်ချက်ဖြစ်ပါတယ်..
ဒူးရင္းသီးဟာ လူအမ်ားစုစားနိုင္ေပမဲ့ တခ်ိဳ့သူေတြမွာ အေျခအေနနဲ႔ အခ်ိန္အခါအရ ေရွာင္ၾကဥ္သင့္တဲ့ အေျခအေနေလးေတြကိုလည္း ေျပာျပခ်င္ပါတယ္..

ဒူးရင္းသီးဟာ အခ်ိဳဓာတ္ (ကာဘိုဟိုက္ၿဒိတ္) မ်ားတဲ့အထဲမွာပါဝင္လို့ ဆီးခ်ိဳတက္ေနတဲ့သူေတြ မစားရပါဘူး..သိပၸံနည္းက်ေျပာရရင္ high glycemic index လို့ ေခၚတဲ့ ေသြးတြင္းသၾကားဓာတ္တက္ေစေသာ ညႊန္းကိန္း ျမင့္မားတဲ့အတြက္ ဆီးခ်ိဳတက္ေစပါတယ္.. ဆီးခ်ိဳက်ေနရင္ေတာ့ နည္းနည္းပါးပါး ခ်င့္ခ်ိန္စားနိုင္ပါတယ္..
ဒူးရင္းသီးမွာ ပိုတက္စီယမ္ေတြ မ်ားစြာပါဝင္ပါတယ္.. 100 g မွာ 436 mg ေတာင္ ပါပါတယ္.. ပိုတက္စီယမ္ဆိုတာ ေသြးထဲမွာ လိုအပ္သေလာက္သာ ရွိရပါမယ္.. ပိုေနရင္ ေက်ာက္ကပ္ကေန ဆီးကေနတစ္ဆင့္ အျပင္ကိုစြန႔္ထုတ္ရပါတယ္.. ေက်ာက္ကပ္အားနည္းေနတဲ့ သူေတြက်ေတာ့ပိုတက္စီယမ္ေတြကို အျပင္ကိုေကာင္းေကာင္းမစြန႔္ထုတ္နိုင္လို့ ေသြးထဲမွာ ပိုတက္စီယမ္ေတြမ်ားလာပါတယ္.. အဲ့ဒီအခါမွာ ပိုတက္စီယမ္ႂကြယ္ဝတဲ့အစားအစာေတြ အထူးသျဖင့္ သစ္သီးေတြေရွာင္ဖို့ လိုအပ္လာပါတယ္.. အဲ့ဒီထဲမွာ ဒူးရင္းသီးလည္းပါပါတယ္.. ေက်ာက္ကပ္ျပန္ေကာင္းလာရင္ေတာ့ (ပိုတက္စီယမ္က်လာရင္ေတာ့) နည္းနည္းခ်င္းျပန္စားနိုင္ပါတယ္..

ကိုယ္ဝန္ေဆာင္ေတြအေနနဲ႔ ဒူးရင္းသီးမစားရဘူးလို့ မဆိုလိုပါဘူး.. သတိထားၿပီး အနည္းငယ္သာစားဖို့ ဆိုလိုတာျဖစ္ပါတယ္.. ဘာျဖစ္လို့လည္းဆိုေတာ့ ဒူးရင္းသီးဟာ အပူစာလို့ ျမန္မာေတြသိထားသလို ကယ္လိုရီစြမ္းအင္မ်ားစြာေပးတဲ့ (Calorigenic) အစားအစာတစ္ခုျဖစ္ပါတယ္.. ခႏၶာကိုယ္ကိုအပူေတြထြက္ေစပါတယ္.. ကိုယ္ဝန္ေဆာင္ဆိုတာ နဂိုကတည္းက အပူေတြထြက္ေနတဲ့သေဘာရွိပါတယ္ (Hypermetabolic).. ဒါ့အျပင္ ကိုယ္ဝန္ေဆာင္မွာ ဆီးခ်ိဳေသြးခ်ိဳျဖစ္ဖို့ အလားအလာပိုမ်ားပါတယ္ (Gestational diabetes).. ဒါေၾကာင့္ စားရင္နည္းနည္းပဲ စားေစခ်င္ပါတယ္.. ေခၽြးပိုထြက္ေစတာကလည္း ေနာက္တစ္ခ်က္ျဖစ္ပါတယ္..