ဒေါသထွက်နေတဲ့အချိန်မှာစကားမပြောပဲ နေလိုက်တာဟာအမှားပေါင်းများစွာအကျိုးမဲ့ပေါင်းများစွာဆုံးရှုံးမှုပေါင်းများစွာကိုအကောင်းဆုံးသော တားဆီးပေးတဲ့နည်းပါပဲဒေါသနဲ့ပြောတဲ့စကားတွေဟာဉာဏ်ပညာကိုလည်းဖျက်ဆီးနိုင်တယ်ကျေးဇူးသိတတ်သောစိတ်ကိုလည်ဖျက်ဆီးနိုင်တယ်

မေတ္တာတရားကိုလည်းဖျက်ဆီးနိုင်တယ်အကြင်နာတရားကိုလည်းဖျက်ဆီးနိုင်တယ်အနှစ်နှစ်အလလချစ်ခဲ့သမျှတွေကိုလည်းဖျက်ဆီးနိုင်တယ်။သည်းခံစိတ်ခန္တီတရားကိုလည်းဖျက်ဆီးနိုင်တယ်အတိတ်က ကောင်းခဲ့တာတွေကိုလည်း

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

ဖျက်ဆီးနိုင်တယ်။အနာဂါတ်အတွက်မျှော်လင့်ချက် အိပ်မက်တွေကိုလည်းဖျက်ဆီးပစ်နိုင်တယ်။သူငယ်ချင်းဘဝတွေလုပ်ဖော်ကိုင်ဖက်ဘဝတွေညီအစ်ကိုမောင်နှမဘဝတွေချစ်သူ
ရည်းစားဘဝတွေမိသားစုဘဝတွေရဲ့ချစ်ခင်ညီညွတ်နေမှုတွေ

ကိုတစစီတစစီကျေမွပြိုကွဲသွားအောင်ဖြိုခွင်းနိုင်တယ်။ဒေါသထွက်လာတဲ့အခါကလျာဏဆိုတဲ့အကောင်းဓာတ်တွေပျောက်ဆုံးသွားတယ်ပါပဆိုတဲ့မကောင်းဓာတ်တွေဝင်စီးလွှမ်းမိုးလာတော့တယ်ယဉ်ကျေးတဲ့အမူအရာတွေ

ပျောက်ဆုံးသွားတယ်ရိုင်းစိုင်းတဲ့အမူအရာတွေထွက်ပေါ်လာတယ်ချစ်စရာအကောင်းဆုံးရုပ်ကကြောက်စရာအကောင်းဆုံးရုပ်အဖြစ်ပြောင်းလဲသွားတယ်အမှန်အမှား မခွဲခြားနိုင်တော့ဘူးအကောင်းအဆိုးမတွက်ဆနိုင်တော့ဘူး

စကားတွေဟာမှားပီးရင်းဆက်မှားနေတော့တယ်ဆူပွက်နေတဲ့နှလုံးသားကိုဉာဏ်ပညာကတားဆီးနိုင်စွမ်းမရှိတော့ဘူးဒါ့ကြောင့်တခဏတာ ဒေါသစကားတွေကတစ်ဘဝစာကျေမွအောင်ဖျက်ဆီးပစ်နိုင်တာမို့ချစ်ကြတဲ့သူငယ်ချင်း

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

အချင်းချင်းညီအစ်ကိုမောင်နှမအချင်းချင်းချစ်သူရည်းစားအချင်းချင်းမိသားစု အချင်းချင်းဆရာတပည့်အချင်းချင်းလုပ်ဖော်ကိုင်ဖက်အချင်းချင်းအခန့်မသင့်လို့ဒေါသထွက်ကြတဲ့အခါစကားမပြောဖြစ်အောင် နေကြပါလို့။