နိုင်ငံခြားငွေနဲ့ရတဲ့သင်္ဘောသားလစာတွေကိုငွေလဲနှုန်းအမြင့်ဆုံးပေးပြီးဝယ်ယူဖို့ဆိုတဲ့ဗဟိုဘဏ်ညွှန်ကြားချက်လက်တွေ့ထိရောက်မှုရှိပါသလား။နိုင်ငံခြားငွေနဲ့ရရှိတဲ့မြန်မာသင်္ဘောသားလစာငွေတွေကိုတတ်နိုင်သမျှအမြင့်ဆုံးနှုန်းထားနဲ့ဝယ်ယူပေးဖို့ဗဟိုဘဏ်ကညွှန်ကြားထားကြောင်းဧရာဝတီ
ဘဏ်ရဲ့ပြောကြားချက်ကိုကိုးကားပြီးပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ်MSFကလည်းထုတ်ပြန်ထားပါတယ်။လက်ရှိဗဟိုဘဏ်ရဲ့တစ်ဒေါ်လာသတ်မှတ်နှုန်းထားဟာမြန်မာငွေကျပ်၂၁၀၀ဖြစ်ပြီးပြင်ပမှာတော့တစ်ဒေါ်လာကိုကျပ်၃၀၀၀ကျော်နဲ့အရောင်းအဝယ်ဖြစ်နေတာပါ
ဒီတော့နိုင်ငံခြားငွေနဲ့ရတဲ့သင်္ဘောသားလစာငွေတွေကိုအမြင့်ဆုံးငွေလဲနှုန်းနဲ့ဘဏ်တွေကတကယ်ဝယ်ယူပေးနေပါပြီလားလစာငွေထုတ်ယူရာမှာအဲဒီညွှန်ကြားချက်အတိုင်းဆောင်ရွက်ပေးတာမျိုးကြုံတွေ့နေရပါပြီလားမှတ်ချက်မှာလာရောက်မျှဝေရေးသားဖို့ဖိတ်ခေါ်အပ်ပါတယ်။