စက်ဆွဲစရာမလိုဘဲ ဆံပင်ကို ဖြောင့်စင်းသွားစေမယ့်သဘာဝပေါင်းတင်နည်း (၄)ခုတုဆေးသုံးပြီးအပူပေးပြီးဆံပင်ဖြောင့်ခြင်းကပျိုမေတို့ဆံကေသာကိုခြောက်သွေ့ပျက်စီးစေတဲ့အပြင် ဆံသားကိုပြောင်းသွားစေတာမျိုးဆံပင်တွေ

အရမ်းကျွတ်ပြီးပါးသွားတာမျိုးတွေဖြစ်စေတာကြောင့်ခဏခဏဆံပင်ဖြောင့်လို့မကောင်းဘူးနော်ဒီတော့ ဓာတုဆေးမသုံး၊ ဖြောင့်စက်မလိုဘဲ သဘာဝအတိုင်းဆံပင်လေးတွေဖြောင့်စင်းအောင်လုပ်နိုင်မယ့်နည်းလမ်းကောင်းလေးတွေကို

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

ဖော်ပြပေးချင်ပါတယ်(၁)ကြက်ဥအကာနဲ့ဒိန်ချဉ်ကြက်ဥအကာတစ်လုံးဒိန်ချဉ်နှစ်ဇွန်းတို့ကိုရောမွှေပြီးဆံပင်အရင်းကနေအဖျားထိလိမ်းပေးပါနာရီဝက်ကြာရင်ရေနွေးနွေးလေးနဲ့ပြန်ဆေးချပြီး ခေါင်းပြန်လျှော် ပေးလိုက်ကာ

သဘာဝအတိုင်းအခြောက်ခံပေးလိုက်ပါခြောက်သွားတဲ့အခါဘီးအစိပ်လေးနဲ့ဖြီးပေးလိုက်ရုံနဲ့သဘာဝအတိုင်းဖြောင့်စင်းတဲ့ဆံကေသာကိုရရှိပါလိမ့်မယ်(၂)ငှက်ပျောသီးနဲ့ပျားရည်ငှက်ပျောသီးမှည့်တစ်လုံးပျားရည်တစ်ဇွန်းတို့ကိုသမအောင်

မွှေလိုက်ပြီးဆံပင်အနှံ့လိမ်းပေးပါမိနစ်နှစ်ဆယ်လောက်ထားပြီး ရေအေးနဲ့ပဲခေါင်းလျှော်ပေးလိုက်ပါ။သဘာဝအတိုင်းအခြောက်ခံပြီး ဘီးလေးနဲ့ဖြီးပေးလိုက်ရင် ဆံပင်လေးတွေဖြောင့်စင်းသွားပြီး အစိုဓာတ် လည်းပြည့်ဝလာပါလိမ့်မယ်

(၃)အုန်းဆီနဲ့ပျားရည်အုန်းဆီနှစ်ဇွန်းနဲ့ပျားရည်နှစ်ဇွန်းဆတူရောပြီး ဆံပင်အရင်းကနေအဖျားထိရွှဲနေအောင်လိမ်းပေးပါနာရီဝက်လောက်ထားပြီး ရေနွေးလေးနဲ့ခေါင်းလျှော်ပေးပြီးသဘာဝအတိုင်းအခြောက်ခံပေးလိုက်ပါဆံပင်သားလေးတွေ

သိသိသာသာနူးညံ့ပြီးဖြောင့်စင်းသွားတာကိုတွေ့ရပါလိမ့်မယ်၎အုန်းနို့နဲ့လိမ္မော်ရည်အုန်းနို့အနည်းငယ်ကိုခွက်ထဲထည့်ကာလိမ္မော်သီးတစ်လုံးကိုအရည်ညှစ်ထည့်လိုက်ပါရလာတဲ့အရည်နဲ့ဆံပင်အဖျားထိရွှဲနေအောင်လောင်းချပေးပြီး

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

၁၅မိနစ်လောက်ထားကာ ရေနွေးလေးနဲ့ခေါင်းလျှော်ပေးလိုက်ပါဆံပင်လေးတွေဖြောင့်စင်းသွားပြီးလိမ္မော်ရည်မှာပါဝင်တဲ့ဗီတာမင်စီအစွမ်းကြောင့်ဆံသားလေးတွေချောမွတ်တောက်ပြောင်လာပါလိမ့်မယ်