သင်မသိသေးတဲ့မီဖိုချောင်ထဲကပစ္စည်းအချို့ကသင့်ရဲ့အလှအပအတွက်နဲ့ကျန်းမာရေးအတွက်များစွာအထောက်အကူပြုပါတယ်နေလောင်ခြင်းအရေပြားရောဂါများနှင်းခူနဲ့အရေပြားရောင်ရမ်းခြင်းဝက်ခြံများထွက်ခြင်အသက်အရွယ်ကြောင့်
ဖြစ်ပေါ်လေ့ရှိတဲ့နာတာရှည်ကျောက်ကပ်ရောဂါ၊အသည်းရောဂါများ၊ဗီတာမင်မညီမျှမှုမရှိခြင်းအစာအိမ်နဲ့အူလမ်းကြောင်းရောဂါများအတွက်မီးဖိုချောင်ထဲက ပစ္စည်းအချို့ကသင့်အတွက်ဆေးစွမ်းကောင်းတွေပဲဖြစ်ပါတယ်
အလှအပအတွက်ဓာတုထုတ်ကုန်များထက်မီးဖိုချောင်ထဲကပစ္စည်းအချို့ကသင့်အတွက်အရမ်းကောင်းမွန်ပါတယ်။၁။မီးဖိုချောင်ထဲကဘယ်ပစ္စည်းဟာသင့်မျက်နှာကိုကြည်လင်တောက်ပစေလဲ။သင့်မျက်နှာကိုကြည်လင်စေဖိုအတွက်
အရင်ဦးဆုံးနူးညံ့မှုရှိတဲ့ဆားနုသို့မဟုတ်သကြားနုအနည်းငယ်ကိုဆီတစ်ခုခုဖြစ် ရောစပ်ပြီးသင့်မျက်နှာကိုညင်ညင်သာသာပွတ်တိုက်ပေးပါမျက်လုံးပတ်ပတ်လည်နေရာများကိုရှောင်ရှားပြီးပွတ်တိုက်သင့်ပါတယ်
သင့်မျက်နှာကိုအဆိုပါအရောအနှောဖြင့်ပွတ်တိုက်ပြီးအချိန်အနည်းငယ်ကြာလျှင် ရေနွေးနွေးလေးဖြင့်ဖန်ရေဆေးပေးပါဒီနည်းဟာသင့်မျက်နှာပေါ်အညစ်အကြေးကိုသန့်စင်စေပြီးမျက်နှာကိုကြည်လင်တောက်ပစေပါတယ်
၂။သံပုရာသီးသံပုရာသီးဟာဘက်တီးရီးယားပိုးမွှားများကိုသေစေနိုင်တဲ့သီးနှံတစ်မျိုးဖြစ်ပြီးအရေပြားသန့်စင်ဖို့အတွက်များစွာအထောက်အကူပြုပေးပါတယ်ပျားရည်နှင့်သံပုရားရည်ကိုရောမွှေပြီးသင့်အရေပြားပေါ်မှာသုတ်လိမ်းပေးပါ
၁၀မိနစ်လောက်ကြာတဲ့အခါမှရေဖြင့်သန့်စင်အောင်ဆေးကြောလိုက်ပါအရေပြားမှာကပ်တွယ်နေတဲ့ပိုးမွှားများကိုဖယ်ရှားစေပြီးအသားအရေကိုလည်းတစ်နေ့ထက်တစ်နေ့ပိုပြီးကြည်လင်ဝင်းပစေပါတယ်ဒီနည်းဖြင့်တစ်နေ့သုံးကြိမ်
သင့်မျက်နှာကိုသန့်စင်ပေးပါကအချိန်တိုအတွင်းထူးခြားကောင်းမွန်တဲ့ရလဒ်မျိုးကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်၃။ဆိုဒါမုန့်ဖုတ်ဆိုဒါဟာအသားအရေပေါ်ကအစက်အပျောက်နဲ့ညစ်ညမ်းမှုကိုဖယ်ရှားပေးပါတယ်အဆိုပါမုန့်ဖုတ်ဆိုဒါကို
သံပုရာရည်ဖြင့်ရောစပ်ပြီးသင့်အရေပြားပေါ်မှာတိုက်ရိုက်လိမ်းခြယ်ပေးပါအသားအရေခြောက်သွေ့ခြင်းနဲ့အထိခိုက်မခံတဲ့အသားအရေမျိုးရှိပါကတစ်နေ့ကို တစ်ကြိမ်နှစ်ကြိမ်လောက်ပဲအသုံးပြုသင့်ပါတယ်ဒါမှမဟုတ်မုန့်ဖုတ်ဆိုဒါကို
သံပုရာရည်မဟုတ်ဘဲရေတစ်စက်နှစ်စက်လောက်ရောပြီးလိမ်းခြယ်ပေးခြင်းကလည်းမျက်နှာပေါ်ကအစက်အပြောက်များကိုဖယ်ရှားပေးစေနိုင်ပါတယ်ရှားစောင်းလက်ပတ်ရှားစောင်းလက်ပတ်ကကျန်မာရေးအတွက်ရောအလှပအတွက်ပါ
အသုံးဝင်တဲ့ဘက်စုံသုံးပစ္စည်းတစ်ခုဖြစ်ပြီးအပူလောင်ခြင်းကြောင့်ဖြစ်ပေါ်တဲ့အနာများမျက်နှာပေါ်တွင်အစက်အပျောက်များဖြစ်ပေါ်ခြင်းအတွက်ရှားစောင်းလက်ပတ်ဂျယ်သို့မဟုတ်ရှားစောင်းလက်ပတ်ရွက်ထဲကအရည်ကိုညစ်ယူပြီးတစ်နေ့၂ကြိမ်လိမ်းပေးရုံဖြင့်သက်သာပျောက်ကင်းစေပါတယ်