နယ်စပ်ဂိတ်အားလုံးပိတ်သွားလို့မြန်မာပို့ကုန်ကန်ဒေါ်လာသန်း ၅၅၀ကျော်ထိခိုက်မြန်မာနိုင်ငံမှအခြားအိမ်နီးချင်းနိုင်ငံများသို့ ကုန်သွယ်နေသည့်နယ်စပ်ဂိတ်အားလုံးပိတ်ထားရသည့်

အတွက်မြန်မာနိုင်ငံ၏ပို့ကုန်ရငွေကန်ဒေါ်လာသန်း၅၅၀ကျော်ထိခိုက်မှုကြောင်းစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်
ကြီးဌာနမှသိရပါတယ်တရုတ်နိုင်ငံအနေဖြင့်ဂျယ်ဂေါင်ကို

စီးပွားရေးအဆင့်မြှင့်တင်မှုလုပ်ဆောင်ရန်ဟုဆိုကာမူဆယ်မြို့ရှိ ဆင်ဖြူဂိတ်မိန့်ဝိန်းဂိတ်နန်းတော်ဂိတ်ချင်းရွှေဟော်ဂိတ်၊ကြူကုတ်ပန်ဆိုင်း၀မ်တိန်ကျင်းစန်းကျော့နယ်စပ်ဂိတ်

များကိုပိတ်ထားလိုက်ခြင်းဖြစ်ကြောင်းသိရပါတယ်နယ်စပ်ဂိတ်များပိတ်ထားခဲ့ခြင်းကြောင့်ယခုဘဏ္ဍာနှစ်စက်တင်ဘာ ၁၇ရက်အထိကာလအတွင်းပို့ကုန်ရငွေမှာယခင်ကာလတူနှင့်

နှိုင်းယှဉ်ပါကကန်ဒါ်လာ၅၅၅သန်းကျော်လျော့ကျခဲ့ပြီးသွင်း
ကုန်ကဏ္ဍတွင်လည်းကန်ဒေါ်လာ၆၄၇သန်းကျော်လျော့ကျခဲ့ကြောင်းသိရပါတယ်ထို့အတူပြည်တွင်တွင်သုံးစွဲနေသည့်

သွင်းကုန်ပစ္စည်းများ၀င်ရောက်မှုမှာနည်းသွားသဖြင့်ကုန်
ပစ္စည်းအများစုမှာသုံးဆနီးပါးစျေးတက်သွားပြီးစျေးကွက်
အတွင်းလူသုံးများသည့်တရုတ်နိုင်ငံထုတ်ကုန်ပစ္စည်းများ

ပစ္စည်းပြတ်လပ်သည်အထိရှိနေကြောင်းသိရပါတယ်လက်ရှိ ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်စက်တင်ဘာလကုန်အထိမြန်မာနိုင်ငံ၏ပြည်ပကုန်သွယ်မှုပမာဏသည်ကန်ဒေါ်လာ

၂၉ဒသမ၅၈၅ ဘီလီယံကျော်သာရှိပြီးယခင်ဘဏ္ဍာနှစ်ကာလတူထက်ကန်ဒေါ်လာ၇ဒသမ၁၄၆ဘီလီယံလျော့ကျနေကြောင်းသိရပါတယ်REF:မြန်မာပလပ်ဖောင်း