ချိုင်းမွေးခဏခဏနုတ်ရတာအဆင်မပြေလို့ဘယ်လိုဖြေရှင်းရမလဲမင်္ဂလာပါနော်ချိုင်းမွေးခဏခဏနုတ်ရတာအဆင်မပြေတဲ့အပြင်အရမ်းလည်းနာတယ်ပြီးတော့ချိုင်းကြာအသားအရေလည်းပျက်စီးလို့စိတ်ညစ်နေသူတွေအတွက်နည်းလမ်း
ကောင်းကိုမျှဝေပေးမယ်နော်Chat Boxကနေလည်းမေးမြန်ထားကြတဲ့သူတွေရှိနေလို့ပါ၁။၂မိနစ်အတွက်ချိုင်းမွေးကိုဖယ်ရှားမယ်ပါဝင်ပစ္စည်သကြား၂ခွက်သံပုယိုရည်ခွက်၁/၄ပုံရေခွက်၁/၄ပုံပျားရည်ခွက်၁/၄ပုံပြင်ဆင်ခြင်းနဲ့အသုံးပြု
ခြင်းအိုးအသေးတစ်လုံးထဲကိုရေထည့်လိုက်ပြီးဆူအောင်သည်လိုက်ပါပြီးရင်တခြားပါဝင်ပစ္စည်းတွေထည့်ပြီးသေချာမွှေလိုက်ပါပြီးရင်အပူချိန်ကိုလျှော့လိုက်ပြီးနာရီဝက်လောက်ထပ်ပြီးသည်ထားလိုက်ပါပွက်ပွက်ဆူနေတဲ့ပါဝင်ပစ္စည်းတွေ
ကညိုလာပြီးပျစ်ပျစ်လေးဖြစ်လာပြီဆို၇င်မီးဖိုပေါ်ကချပြီးအအေးခံပါပြီးရင်ချိုင်းကြားအသားအရေကိုရေသေချာဆေးပြီးခြောက်အောင်သုတ်လိုက်ပါပြီးရင်Baby Powderလိမ်ပေးလိုက်ပါအဲဒီနောက်စောစောကကျိုထားတဲ့အရည်ကို
ချိုင်းအောက်မှာလိမ်းပေးလိုက်ပြီးခြောက်အောင်ထားပါခြောက်သွားပြီဆိုရင်ခွာချလိုက်ပါခပ်မြန်မြန်လေးခွာချလိုက်ပါနော်မဟုတ်ရင်ချိုင်းမွှေးမကျွတ်ဘဲ ဖြစ်နေမှာစိုးလို့ပါပြီးရင်ရေသေချာပြန်ဆေးပြီးခြောက်အောင်သုတ်လိုက်ပါ
အဲဒီနောက်ခရင်မ်တမျိုးမျိုးလိမ်းပေးထားလိုက်ပါဒီနည်းလမ်းနဲ့တခြားခန္ဓာကိုယ်ပေါ်က အမွှေးအမျှင်တွေကိုလည်း ဖယ်ရှားပေးလို့ရပါတယ်၂။ကြက်ဥနဲ့ ကော်မှုန့်ကြက်ဥနဲ့ ကော်မှုန့်ကိုလည်းအသုံးပြုနိုင်ပါတယ်ကြက်ဥအကာစားပွဲတင်
ဇွန်း၁ဇွန်းနဲ့ကော်မှုန့်စားပွဲတင်ဇွန်းတစ်ဝက်ရောပြီးထည့်လိုက်
ပါပြီးရင်ချိုင်းသားကိုသေချာရေဆေးခြောက်အောင်သုတ်ပြီးလိမ်းပေးလိုက်ပါပြီးရင်ခြောက်အောင်ထားပြီးရေနွေးနဲ့ဆေးချပါချက်ချင်းမသိသာပေမယ့်ဖြည်းဖြည်းချင်းသိသာလာမှာပါ