နိုင်ငံတကာမှာရေပန်းစားနေတဲ့ရေကိုအသုံးပြုပြီးဝိတ်ချနည်းခန္ဓာကိုယ်အလေးချိန်ကိုလျှော့ချဖို့အတွက်လေ့ကျင့်ခန်းပြုလုပ်တာအစားလျှော့စားတာအစရှိသဖြင့်နည်းလမ်းပေါင်းများစွာမှအခုနောက်ပိုင်းနိုင်ငံတကာမှာရေပန်းစားနေတဲ့နည်း

လမ်းတခုကတော့ရေကိုအသုံးပြုပြီးဝိတ်ချတဲ့နည်းပဲဖြစ်ပါတယ်ဒီနည်းလမ်းမှာဆိုရင်လည်းသူ့ရဲ့အားသာချက်တွေအားနည်းချက်တွေကတော့ရှိနေပါတယ်။အားသာချက်ကတော့သွေးပေါင်ချိန်မြင့်တက်ခြင်းကိုလက်စထရောများပြားခြင်းနဲ့

အဝလွန်ခြင်းတွေအတွက်ထိရောက်တဲ့နည်းလမ်းတခုဖြစ်တယ်ဆိုတာပါပဲအားနည်းချက်ကတော့ကိုယ်ဝန်ဆောင်နဲ့နို့တိုက်မိခင်သည်တွေနှလုံးကျန်းမာရေးပြဿနာရှိသူတွေအနေနဲ့တော့အလွန်အကျွံမလုပ်သင့်တဲ့ ဝိတ်ချနည်းတခုပဲ

ဖြစ်ပါတယ်အာဟာရသိပ္ပံပညာရှင်တွေရဲ့လေ့လာချက်တွေအရတော့ရေကိုအသုံးပြုပြီးကိုယ်အလေးချိန်လျှော့ချတာဖြစ်တာကြောင့်ဆေးဝါးတွေသောက်သုံးတာထက်ပိုမိုစိတ်ချရပြီးကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတခုခုနဲ့တွဲဖက်ပြီး

လုပ်ဆောင်ပေးမယ်ဆိုရင်ပိုမိုထိရောက်မှုရှိစေမှာဖြစ်တယ်လို့ဆိုပါတယ်။ဝိတ်ချချင်လိုစိတ်များပြားပြီးအစားကိုအလွန်အကျွံလျှော့စားတာမျိုးနဲ့လေ့ကျင့်ခန်းအပြင်းအထန်လုပ်ခြင်းတွေကိုရှောင်ကြဉ်သင့်တယ်လို့သတိပေးထားပါတယ်ဒါဆိုရင်

တော့ရေကိုအသုံးပြုပြီးဘယ်လိုမျိုးဝိတ်ကျအောင်လုပ်မလဲဆိုတဲ့ နည်းလမ်းကိုဖော်ပြပေးပါမယ်။(၁)အစာမစားခင်ရေကိုတဝသောက်ပါအစာမစားခင်ရေကိုတဝသောက်ထားခြင်းအားဖြင့် အစားအစာတွေကိုများများမစားမိစေမှာ

ဖြစ်သလိုအစားအစာထဲမှာပါဝင်တဲ့ကိုလက်စထရောပမာဏကိုလည်းလျှော့ချပေးနိုင်ပါတယ်။(၂)ရေကို၂နာရီခြားတခါခပ်များများသောက်ပေးပါရေဆာမှရေထသောက်တာမျိုးထက်ရေကိုနှစ်နာရီခြားတခါသောက်ပေးပါဒီလိုသောက်သုံး

ပေးခြင်းဟာခန္ဓာကိုယ်အတွက်လိုအပ်တဲ့ရေဓာတ်ကိုအလုံအလောက်ဖြည့်တင်းပေးရာရောက်သလိုကိုယ်အလေးချိန်လျှော့ချရေးအတွက်လည်းထိရောက်မှုရှိစေပါတယ်(၃)ရေသောက်တဲ့အခါသံပုရာသီးစိတ်လေးတွေထည့်

သောက်ပေးပါရေသောက်တဲ့အခါသံပုရာသီးစိတ်ဒါမှမဟုတ်ဂျင်းတက်အနည်းငယ်ထည့်သောက်ပေးခြင်းဟာရေသောက်ချင်စိတ်ကိုလှုံ့ဆော်ပေးရာရောက်သလိုကိုယ်အလေးချိန်လျော့ကျစေဖို့အတွက်အထောက်အကူဖြစ်စေပါတယ်ခရစ်တစ်