မုန့်ဖုတ်ဆိုဒါရဲ့ဘက်စုံအသုံးဝင်ပုံ(၉)မျိုးမုန့်ဖုတ်ဆိုဒါသို့မဟုတ်ဆိုဒီယမ်ဘိုင်ကာဘွန်နိတ်သည်တကယ့်ကိုအံ့သြဖွယ်ဓါတ်ပစ္စည်းတစ်ခုဖြစ်ပါတယ်အံ့သြဖွယ်အကျိုးကျေးဇူးများရှိယုံသာမကဘးအန္တရာယ်ရှိတဲ့ဘေးထွက်ဆိုးကျိုးတွေ
မဖြစ်စေဘဲ နေရာအတော်များများမှာအသုံးဝင်တဲ့ဓာတ်ပစ္စည်းတစ်မျိုးပါဒါ့ကြောင့်မုန့်ဖုတ်ဆိုဒါရဲ့အသုံးဝင်တဲ့နည်းလမ်းတွေထဲက၉ခုကိုဖော်ပြပေးလိုက်ပါတယ်၁။သင့်ရဲ့လျှော်မယ့်အဝတ်အစားများအတွက် အသုံးဝင်ပါတယ်
မုန့်ဖုတ်ဆိုဒါကို ရေနှင့်ဖျော်ပြီးသင့်အဝတ်အစားတွေပေါ်မှာတိုက်ရိုက်အသုံးပြုခြင်းသို့မဟုတ်သင့်အဝတ်လျှော်စက်ထဲမှာထည့်ပြီးတော့လည်းအသုံးပြုနိုင်ပါတယ်အဝတ်အစားတွေကို ပျော့ပျောင်းစေပြီးအနံ့တွေ ပျောက်စေပါတယ်
အောက်ခံအဝတ်အစားများနှင့်အဝတ်အထည်များမှအဝါရောင်အစွန်းများကိုဖယ်ရှားပေးပါတယ်ကော်လာနှင့် ဘောင်းဘီအနားကအစွန်းများကိုဖယ်ရှားပေးပါတယ်နေ့စဉ်အဝတ်လျှော်တဲ့အခါပုံမှန်ထည့်သုံးပေးခြင်းဖြင့်အဝတ်အစားများကို ဖြူစင်စေပါတယ်
အသီးနှင့်ဝိုင်အစွန်းအထင်းများကိုဖယ်ရှားလို့ရပါတယ်အမဲဆီအစွန်းအထင်းများကိုဖယ်ရှားလို့ရပါတယ်မင်အစွန်းများကိုဖယ်ရှားလို့ရပါတယ်၂။မီးဖိုချောင်အတွက်အလွန်အစွမ်းထက်တဲ့အသုံးဝင်မှုမုန့်ဖုတ်ဆိုဒါကအလွန်ထိရောက်ပြီး
သဘာဝသန့်ရှင်းရေးပစ္စည်းတစ်ခု ဖြစ်ပါတယ်စိုစွတ်တဲ့အဝတ်စတစ်ခုသို့မဟုတ် ရေမြှုပ်တစ်ခုပေါ်မှာမုန့်ဖုတ်ဆိုဒါအချို့ကို ထည့်ပြီးအသုံးပြုနိုင်ပါတယ်မိုက်ခရိုဝေ့မီးဖိုနှင့်ရိုးရိုးမီးဖိုကိုသန့်ရှင်းရေး ပြုလုပ်နိုင်ပါတယ်သစ်သား
ပရိဘောဂများနှင့်ဂတ်စ်မီးဖိုကနေအမဲဆီအစွန်းအထင်းများကိုဖယ်ရှားခြင်းမှာ အသုံးပြုနိုင်ပါတယ်စဉ်းနှီတုံးများကိုပိုးသတ်ခြင်းနှင့်အနံ့အသက်တွေကိုဖယ်ရှားပေးပါတယ်မီးဖိုချောင်ကဗီဒိုမှန်များကိုသန့်ရှင်းလို့ရပါတယ်
လက်ဖက်ရည်နှင့် ကော်ဖီအစွန်းအထင်းများကိုဖယ်ရှားပေးပါတယ်သစ်သီးများနှင့်ဟင်းသီးဟင်းရွက်များပိုးသတ်ဆေးများကိုဖယ်ရှားပစ်ဖို့ဆေးကြောတဲ့အခါအသုံးပြုနိုင်ပါတယ်ရေခဲသေတ္တာနှင့်ရေခဲသေတ္တာအတွင်းပိုင်းကိုသန့်ရှင်းစေပါတယ်
ချက်ပြုတ်တဲ့အခါအနံ့စူးစူးတွေကိုဖယ်ရှားတဲ့အခါအသုံးပြုနိုင်ပါတယ်သင့်ရဲ့အိုးခွက်ပန်းကန်များကိုအသစ်ကဲ့သို့သန့်ရှင်းစေပါတယ်ဒယ်အိုးတွေမှာအစားအစာတွေကပ်နေတာတွေကိုဖယ်ရှားနိုင်ပါတယ်၃။သင့်အိမ်သန့်ရှင်းရေးအတွက်အသုံးပြုနိုင်ပါတယ်။
အစွမ်းထက်ဘက်စုံသုံးသန့်ရှင်းရေးပစ္စည်းရှာဖွေနေပါသလားမုန့်ဖုတ်ဆိုဒါအချို့ကိုရေနှင့်ဖျော်ပြီးစပရေးဘူးတစ်ခုထဲထည့်ကာအဝတ်စသို့မဟုတ် ရေမြုပ်နှင့်အသုံးပြုနိုင်ပါတယ်လက်ဝတ်ရတနာ၊ ငွေနှင့်သတ္တုပစ္စ်းများကိုသန့်ရှင်းဖို့နှင့်
chromeပစ္စည်းများကိုအရောင်တင်ဖို့အိမ်သာ၊ ရေချိုးခန်းကြမ်းပြင်ပိုးသတ်ရန်နှင့် ရေချိုးခန်းလိုက်ကာတွေပေါ်မှိုများကိုဖယ်ရှားပစ်ရန်ပိုက်လုံးတွေပိတ်ဆို့တာကိုဖယ်ရှားဖို့သစ်သားပရိဘောဂအစွန်းအထင်းများကိုဖယ်ရှားရန်
ဖန်ထည်နှင့်ခရစ်စတယ်တွေကိုသန့်စင်တောက်ပစေရန်ရောင်စုံခဲတံအစွန်းအထင်းများမင်များ၊Markerအစွန်းအထင်းများကိုဖယ်ရှားရန်မီးလင်းဖိုအုတ်ကကျပ်ခိုးအစွန်းများကိုရှင်းလင်းစေဖို့အကင်ဆန်ကာများကို
သန်စင်စေဖို့အားကစားဖိနပ်တွေကို အသစ်အတိုင်းပြန်လည်ဖြူဖွေးစေဖို့မီးပူကအစွန်းအထင်းများကိုသန့်စင်စေဖို့သတ္တုကိရိယာများမှသံချေးများကိုဖယ်ရှားဖို့၎။အနံ့ဆိုးတွေကိုထိထိရောက်ရောက်ဖယ်ရှားပေးပါတယ်မုန့်ဖုတ်ဆိုဒါအနံ့
အသတ်များကိုဖယ်ရှားတဲ့အခါအစွမ်းထက်ပါတယ်စိုစွတ်တဲ့အဝတ်စတစ်ခုပေါ်မှာအမှုန့်ကိုထည့်ပြီးအသုံးပြုနိုင်ပါတယ်ရှုးဖိနပ်ကအနံ့အသက်များကိုပျောက်ကင်းစေပါတယ်ရေခဲသေတ္တာနှင့်မိုက်ခရိုဝေ့ထဲက အနံ့များကိုဖယ်ရှားနိုင်ပါတယ်
ကြောင်၊ခွေးများရဲ့ သေးနံ့များကိုဖယ်ရှားလျှင်အသုံးပြုနိုင်ပါတယ်မွေ့ယာကအနံ့အသက်များကိုဖယ်ရှားတဲ့အခါအသုံးပြုနိုင်ပါတယ်အဝတ်သေတ္တာထဲကအနံ့အသက်များနှင့်ကားထဲကမကောင်းတဲ့အနံ့များကိုဖယ်ရှားနိုင်ပါတယ်
၅။ချက်ပြုတ်ခြင်းများအတွက်မရှိမဖြစ်လိုအပ်သောပစ္စည်းတစ်ခုဖြစ်ပါတယ်မုန့်ဖုတ်ဆိုဒါကမီးဖိုချောင်ထဲမှာအသုံးဝင်တဲ့ပစ္စည်းပါအမဲသားနှင့်ကြက်သားတွေကိုနူးအိစေဖို့ထောင်းထားတဲ့အာလူးအသားတွေကိုမွစေဖို့လိမ္မော်ရည်ရဲ့
အချဉ်စူးစူးဓါတ်ကို လျှော့ချဖို့ဂေါ်ဖီပန်းပွင့်ရဲ့အဖြူရောင်ကိုမမဲစေဖို့နှင့် အနံ့များကိုဖယ်ရှားဖို့ရှာလကာရည်ရဲ့အနံ့နှင့်အရသာကိုဖယ်ရှားပစ်ဖို့နွားနို့အချဉ်မပေါက်အောင်ကာကွယ်တားဆီးဖို့၆။တချို့ရောဂါကုသမှုအတွက်ထိရောက်ပါတယ်
အချို့သာမန်ရောဂါများကိုကုသဖို့မုန့်ဖုတ်ဆိုဒါကိုသုံးနိုင်ပါတယ်မုန့်ဖုတ်ဆိုဒါကို ရေဖျော်ပြီးပလုတ်ကျင်းဖို့အသုံးပြုနိုင်ပါတယ်အစာမကြေခြင်းကိုကုသရန်ဆိုဒီယမ်ဘိုင်ကာဗွန်နိတ်ထိရောက်သောantacid ဖြစ်ပါတယ်
ဟင်းသီးဟင်းရွက်များစားသုံးမှုကြောင့် ဖြစ်ရတဲ့ဂတ်စ်များကိုဖယ်ရှားပေးရန်ရေခူဆူးသို့မဟုတ်Ivyပန်းအဆိပ်ကြောင့်ဖြစ်တဲ့ယားယံခြင်းများကိုလျှော့ချပေးပါတယ်ရေကျောက်ကြောင့် ဖြစ်ပေါ်တဲ့ယားယံခြင်းသက်သာစေပါတယ်
နှာခေါင်းပိတ်တဲ့အခါသန့်ရှင်းရေးပြုလုပ်နိုင်ပါတယ်ခန္ဓာကိုယ်မှာအဆစ်နာကျင်မှုကိုသက်သာစေပါတယ်လျှာပူလောင်မှုကိုသက်သာစေပါတယ်ခံတွင်းအနာများကိုလည်းသက်သာစေပါတယ်၇။အကောင်းဆုံးသွားစောင့်ရှောက်ရေးကုန်ပစ္စည်း
မုန့်ဖုတ်ဆိုဒါကသွားကျန်းမာရေးသွားနဲ့သွားဖုံးကျန်းမာရေးမှာလည်း ကောင်းကျိုးပြုနိုင်ပါသေးတယ်အစွန်းအထင်းများကိုဖယ်ရှားဖို့နှင့်သွားကျောက်တည်ခြင်းသွားချေးများကိုတားဆီးပေးပါတယ်ခံတွင်းကမကောင်းတဲ့အနံ့အသက်များကိုဖယ်ရှားပေးပါတယ်
သွားချေးတွေကင်းစင်စေပြီးသွားဖုံးရောင်ခြင်းကိုကာကွယ်ပေးပါတယ်ပါးစပ်ထောင့်ကွဲအက်တာတွေ၊ခံတွင်းကအနာများကိုသက်သာစေပါတယ်သွားကို ဖြူစင်စေပါတယ်၈။သင့်အသားအရေနှင့်ဆံပင်အတွက်အကောင်းဆုံးမိတ်ဆွေဖြစ်ပါတယ်
မုန့်ဖုတ်ဆိုဒါကအသားအရေနှင့်ဆံပင်ထိန်းသိမ်းရေးအတွက်အကောင်းဆုံးဖြစ်ပါတယ်အမွှေးရိတ်ပြီးနောက်အရေပြားယားယံခြင်းမှကာကွယ်ရန်ဝက်ခြံနှင့်အမည်းစက်များကိုတိုက်ဖျက်ရန်၊မုန့်ဖုတ်ဆိုဒါကိုမျက်နှာနှင့်ခန္ဓာကိုယ်
scrubအဖြစ်အသုံးပြုနိုင်ပါတယ်အသားအရေနှင့်ဆံကေသာမှာဓာတုပစ္စည်းများစုပုံလာမှုကိုဖယ်ရှားပေးခြင်းသင့်ဆံကေသာကို ခေါင်းလျှော်ရည်မပါဘဲ လျှော်ဖို့အသုံးပြုနိုင်ပါတယ်