နေပူထဲမှာ အကြာကြီးနေထားလို့အသားအရေ နေလောင်ခံထားရရင် ဒီတိုင်းမထားသင့်ပါဘူးအသားအရေကိုသေချာပြန်ကုစားပေးဖို့လိုပါတယ်။နေလောင်ထားပြီး ဘာမှမလုပ်ပဲ ပစ်ထားမယ်ဆိုရင်တော့အသားအရေထိခိုက်ပျက်စီးပြီး

sensitive ဖြစ်လာမယ်၊တင်းတိတ်နဲ့အမဲစက်တွေထွက်လာမယ်၊အရေးအကြောင်းနဲ့အရေပြားတွန့်တာတွေ မြန်မြန်ဖြစ်လာပါမယ်။ဒါကြောင့် အိမ်မှာအလွယ်လုပ်လို့ရတဲ့သဘာဝနည်းလမ်းတွေနဲ့ ပေါင်းတင်တာမျိုးလောက်တော့

လုပ်ပေးသင့်ပါတယ်ဒီလိုလုပ်လို့ရအောင် အသားအရေ နေလောင်ထားတဲ့သူတွေအတွက် သဘာဝမျက်နှာပေါင်းတင်နည်း၃မျိုးကိုမျှဝေပေးလိုက်ပါတယ်သံပယိုသီး၊ခရမ်းချဉ်သီး၊ဒိန်ချဉ်တို့နဲ့ ပေါင်းတင်နည်းချေထားတဲ့

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

ခရမ်းချဉ်သီးစားပွဲတင်ဇွန်း၂ဇွန်း၊သံပယိုရည်စားပွဲတင်ဇွန်း၁ဇွန်းဒိန်ချဉ်စားပွဲတင်ဇွန်း၁ဇွန်းတို့ကို ရောမွှေပြီး နေလောင်ထားတဲ့နေရာမှာလိမ်းထားပေးပါမိနစ်၃၀ထားပြီးရင်တော့ ရေအေးနဲ့ပဲမျက်နှာသစ်လိုက်ပါဒီလိုပေါင်းတင်ပေး

ခြင်းက နေလောင်ထားတာသက်သာစေပြီးအသားအရေbright ဖြစ်စေပါတယ်သင်္ဘောသီးနဲ့ပျားရည်သင်္ဘောသီးအလုံးသေးတစ်ခြမ်းကိုအခွံခွာ၊အစေ့တွေဖယ်ပြီး ကျေညက်အောင်ချေပါ ကျေညက်အောင်ချေပြီးရင်ပျားရည်စားပွဲတင်

ဇွန်း၁ဇွန်းနဲ့ ရောမွှေပါပြီးရင်တော့ နေလောင်ထားတဲ့နေရာကို သေချာလိမ်းပေးပြီးမိနစ်၃၀ထားပါအချိန်ပြည့်ရင်တော့ ရေဆေးချပြီးမျက်နှာသစ်လိုက်ရုံပါပဲဒီနည်းလမ်းကတော့ နေလောင်ထားတာတွေကို သက်သာစေပြီး

ဘတ်တီးရီးယားတွေကိုဖယ်ရှားပေးပါတယ်သံပယိုရည်နဲ့အာလူးအရည်အာလူးတစ်လုံးကို အခွံခွာ၊ ခြစ်ချပြီးရလာတဲ့အာလူးအဖတ် သေးသေးလေးတွေကိုအဝတ်သန့်တစ်ခုထဲထည့်ပြီးအရည်ရအောင်ညှစ်ချပါရလာတဲ့အာလူးအရည်

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

တွေကိုမှသံပယိုရည်စားပွဲတင်ဇွန်း၁ဇွန်းနဲ့ရောမွှေပြီး နေလောင်ထားတဲ့နေရာကိုဂွမ်းလုံးလေးနဲ့ယူလိမ်းပေးပါလိမ်းပြီးရင်မိနစ်၂၀ထားပြီးမျက်နှာသစ်လိုက်ပါဒီနည်းလမ်းကတော့နေလောင်ထားတာတွေကိုအမြန်ဆုံးသက်သာလာစေပါတယ်Credit