အဆီဖုကဝက်ခြံလိုအဖုကြီးပြီးနာကျင်တတ်တာမျိုးမဟုတ်ပေမယ့်အပြုံလိုက်ထွက်လာတတ်တာကြောင့်မိတ်ကပ်လိမ်းတဲ့အချိန်တွေမှာ စိတ်ညစ်ဖို့ကောင်းတာတော့အမှန်ပါပဲအဆီဖုဖြူဖြူတွေကတစ်ခါတစ်ရံမှာအဆီပြန်တတ်တဲ့နေရာတွေ

အပြင်မျက်နှာဘေးကပါးစောင်နေရာတွေမှာပါထွက်တတ်တာကြောင့်ဒါတွေကို ပြန်လည်ဖယ်ရှားနိုင်ဖို့ ပြုလုပ်ပေးရမယ့်အသားအရေထိန်းသိမ်းနည်းတွေကိုပြောပြပေးချင်ပါတယ်၁။မျက်နှာကိုသေချာသန့်စင်ပေးပါမျက်နှာယားယံ

တာတွေမဖြစ်စေဖို့မျက်နှာသစ်ဆေးအပျော့နဲ့ ဖြေးဖြေးချင်းပွတ်ပြီးသန့်စင်ပေးပါအဆီဖုထွက်တဲ့နေရာတစ်ဝိုက်ကို သေချာသန့်စင်ပေးဖို့အရေးကြီးပါတယ်မျက်နှာသစ်တဲ့အခါ ချွေးပေါက်ပွင့်စေဖို့ ရေနွေးနွေးကိုအသုံးပြုပေးပါ

Scrub လုပ်တဲ့အခါမှာလည်းမျက်နှာကို ကြမ်းကြမ်းတမ်းတမ်းမပွတ်မိအောင်သတိထားဖို့လိုပါတယ်၂။ Vitamin Aပါဝင်တဲ့Cream တွေလိမ်းပေးပါVitamin A ကအသားအရေနီမြန်းခြင်းနဲ့ ရောင်ရမ်းခြင်းတွေကိုသက်သာ

စေတဲ့အာဟာရဓာတ်တစ်မျိုးဖြစ်ပြီးအရေပြားကျန်းမာရေးကိုအကျိုးပြုစေမယ့် ဆဲလ်အသစ်ဖြစ်ပေါ်ခြင်းကိုလည်းမြှင့်တင်ပေးနိုင်ပါတယ်ဒါကြောင့်Vitamin Aကရရှိတဲ့Retinoids Cream တွေလိမ်းပြီးအသားအရေကို

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

ပြန်လည်ထိန်းသိမ်းပေးပါ၃။Sunscreenအမြဲလိမ်းပါအဆီဖုရှိတဲ့သူတွေအနေနဲ့ ကိုယ်လုပ်နေကျ Skincareအဆင့်တွေထဲမှာSunscreenလိမ်းတဲ့အဆင့်ကိုလည်းမဖြစ်မနေထည့်သွင်းပြုလုပ်ပေးဖို့လိုပါတယ်။SPFပါဝင်မှု

များပြီးကိုယ့်အသားအရေနဲ့အဆင်ပြေတဲ့Sunscreen တစ်မျိုးကိုပုံမှန်အသုံးပြုပေးပါ၎။မျက်နှာကိုတစ်ပတ်တစ်ခါပုံမှန်ချေးချွတ်ပါမျက်နှာကိုပုံမှန်ချေးချွတ်ပေးတာက ချွေးပေါက်ပိတ်စေတဲ့ဆဲလ်သေတွေဖယ်ရှားနိုင်တဲ့အပြင်

အသားအရေကိုပါချောမွေ့လာစေပါတယ်ဒါပေမယ့် ခဏခဏချေးချွတ်ခြင်းက အသားပါးနိုင်တာကြောင့် တစ်ပတ်မှာနှစ်ကြိမ်ထက်ပိုပြီး မပြုလုပ်ဖို့အကြုံပြုချင်ပါတယ်။၅။ ခေါင်းပုံမှန်လျှော်ပေးပါဆံပင်ကထွက်တဲ့အဆီနဲ့ဖုန်တွေက

သင့်မျက်နှာရဲ့ချွေးပေါက်တွေကိုပိတ်စေတာကြောင့်ဆံပင်နဲ့ထိတွေ့ရတဲ့ နဖူးနဲ့ပါးတွေမှာအဆီဖုတွေထွက်လာနိုင်ပါတယ်ဒါကြောင့်သင့်ဆံသားကို မျက်နှာနဲ့မထိအောင်ထားပြီး ခေါင်းပုံမှန်လျှော်ပေးပါ၆။အသုံးအဆောင်တွေကိုသန့်ရှင်း

အောင်ထားပါပါးပေါ်ကအဆီဖုတွေကိုဖယ်ရှားနိုင်ဖို့အတွက်သင်သုံးနေကျပစ္စည်းတွေကိုသန့်သန့်ရှင်းရှင်းထားဖို့လည်းအရေးကြီးပါတယ်ဥပမာဖုန်း၊ ခေါင်းအုံးစွပ်၊မိတ်ကပ် Brush တွေနဲ့ မျက်မှန်စတာတွေကမျက်နှာနဲ့တိုက်ရိုက်ထိတွေ့ရတဲ့အသုံးအဆောင်တွေဖြစ်တာကြောင့်ဒါတွေကိုပုံမှန်သန့်စင်ပေးဖို့လိုပါတယ်