နေဝင်မီးလက်စီးပွားတက်လုပ်နည်းယတြာ(ဆီမီးအဓိဋ္ဌာန်)တစ်ခါကကျွန်ုပ်ထံသို့လူငယ်ဇနီးမောင်နှံနှစ်ဦးရောက်ရှိလာပြီးလျှင် အောက်ပါအတိုင်း ကျွနု်ပ်ကို ရင်ဖွင့်လေတော့၏စီးပွားရေး ရှာဖွေရှာမှာ အင်မတန်မှပင်

လာဘ်ပိတ်နေတဲ့အကြောင်းအမိန့်သြဇာအာဏာလည်းကျဆင်းနေတဲ့အကြောင်းဘယ်လောက်ထိအောင် လာဘ်ပိတ်နေသလဲ ဆိုရင် ငွေတစ်သောင်းလောက် သွားပြီး အကူအညီတောင်းတာထုပ်မပေးတဲ့အပြင်နင့်နင့်

သီသီး ပြောဆိုလွှတ်တာတောင် ခံခဲ့ရတယ် ဆိုတဲ့အကြောင်းစကားပြော မအောင်မြင်တဲ့ နေရာမှာလည်းဘာပဲ ပြောပြော ဘာပဲဆိုဆို အဆင်မပြေဘူးဆိုတဲ့ အကြောင်းကိုယ့်ရဲ့ လက်အောက်ငယ်သား ညီငယ် ညီမငယ်တွေ

ကိုလည်း ပြောလိုက်ရင် တစ်ခွန်းမကျန် ပြန်အော်တာတောင်ခံရတယ်ဆိုတဲ့အကြောင်းပြောလေတော့၏ပြီးတော့ သူက ပြောသေးတယ်။ ဆရာရယ်တဲ့ ။ ကံနိမ့်နေတယ်ဆိုရင် တစ်နှစ်နှစ်နှစ်ပေါ့တဲ့။ အများဆုံး

(၃)နှစ်ဆက်တိုက် နိမ့်စမ်းပါစေတဲ့။ ခံနိုင်ပါတယ်။ ဒါပေမယ့် အခုတော့ တစ်နှစ်လာလဲ အဆင်မပြေအကြွေး မကြေ။ နောက်တစ်နှစ်လာလဲ အဆင်မပြေ။ ဘယ်လောက်တောင် ကြာနေပြီလဲတဲ့။ တစ်ခါတစ်လေဆို လောက

ကြီးကို စိတ်နာလွန်းလို့ ကိုယ့်ကိုကိုတောင် သတ်သေပစ်ချင်ပါရဲ့။ အဲဒီတော့ ဆရာရယ်။ ကူညီလို့ ရရင် ကူညီပေးစေချင်ပါတယ်တဲ့။ နည်းစနစ်လေး ဘာလေးရှိရင် ညွန်ပြပေးစေချင်တယ်တဲ့ထိုအခါကျွန်ုပ်ကအင်းကိုယ့်

ညီတို့က နည်းစနစ်တောင်းတော့ ကိုယ်ကလည်း ပေးရတာပေါ့။ဒါပေမယ့်ဒါဟာဘာသာရေးနဲ့ပါတ်သက်တဲ့ နည်းစနစ်ဖြစ်တယ်။ ပြောရရင်တော့ အဓိဋ္ဌာန်နဲ့ မပျက်မကွက် ဆောင်ရွက်ရမယ့် ကိစ္စဖြစ်တယ်။ကိုယ့်ညီတို့

လုပ်နိုင်မယ်ဆိုရင်တော့ပြောပြမယ်ဆိုတော့ယောက်ျားလုပ်သူကဆရာရယ်လုပ်ဆိုလုပ့်ပါ့မယ်။အခက်အခဲတွေသာပြေလည်ရင်ပြီးရော။ဒါပေမယ့်ဆရာရယ်အဓိဋ္ဌာန်တွေဘာတွေဆိုတာလည်းကျွန်တော်တို့ကတစ်ခါဘူးမှ

ဝင်ဘူးတာမဟုတ်ဘူး။အဓိဋ္ဌာန်ဆိုတဲ့စကားတောင်ဆရာနဲ့တွေ့လို့ဒီတစ်ခါပထမဦးဆုံးကြားဖူးတာပါဆရာရယ်။အဲဒီတော့အဓိဋ္ဌာန်တွေဘာတွေဝင်မယ်ဆိ်ုရင်ဘာတွေဆောင်ရန်ရှောင်ရန်လိုပါသေးလဲဟုကျွန်ုပ်ကို

မေးလေ၏။ထိုအခါကျွန်ုပ်ကအဓိဋ္ဌာန်ဆိုတာကတစ်ခုခုကိုကိုယ်တစ်ကယ် မဖြစ်ဖြစ်အောင်လုပ့်ပါ့မယ်ဆိုတာကိုကိုယ်ကသစ္စာဆိုတာပါ။ ြ့ပီးတော့ကိုယ်ကလညးကိုယ်ပြောထားသလိုကိုယ်လုပ်မယ်ဆိုတဲ့ကိစ္စတစ်ခု

ကိုပြီးစီးအောင်မြင်သည့်အထိဘာအခက်အခဲပဲကြုံကြုံကိုယ်အဓိဋ္ဌာန် ပြုထားတဲ့ကိစ္စကိုမပျက်စီးစေဘဲလုပ်တာပါထူးထူးထွေဆောင်ရန်ရှောင်ရန်ဆိုတာတွေတော့မရှိပါလှပါဘူး။အရေးကြီးတာကအဓိဋ္ဌာန်မပျက်ဖို့

အဓိကပါဟုပြန်ပြောလိုက်လေ၏ဒါဆိုလုပ်မယ်ဆရာပြောပြပါမဖြစ်ဖြစ်အောင်လုပ်ပါ့မယ်ပိုက်ဆံလည်း တစ်ပြားတစ်ချပ်မှကုန်တာမှမဟုတ်တာဆရာရယ်။လုပ်ပါ့မယ်။ အဆင်ပြေ မလာလည်း ပြဿနာမဟုတ်ပါ

ဘူး။ ကျွန်တော်တို့ ကုသိုလ်တော့ ရပါသေးတယ်။ အဆင်ပြေလာတော့လည်း ပိုကောင်းတာပေါ့ မဟုတ်လားဆရာဟု ကျွန်ုပ်ကို ပြန်ပြောလေရာကျွနု်ပ်ကသေချာပါတယ်ကွ။ ဒီ အဓိဋ္ဌာန်သာ ပုံမှန်လုပ်စမ်းပါ။

ခက်လဲ ခက်တာမှ မဟုတ်တာ။ နေ့အလိုက် မင်းတို့ ငါတို့ရဲ့ ဘုရားရှင်ကို ဆီမီး အရေအတွက်နဲ့ ပူဇော်ရုံပါပဲ။ ဘယ်နေ့ကို ဆီမီး ဘယ်နှစ်တိုင် ပူဇော်ရမယ်ဆိုတာ ရေးပေးလိုက်ပါမယ်ကွာ။ အဲဒီစာရွက်လေးသာ ကြည့်ပြီး

ပူဇော်ကြပေတော့ဖယောင်းတိုင်မဟုတ်ဘဲဆီမီးခွက်ထဲဆီထည့်ပြီး ပူဇော်ရင်လဲ ရပါတယ်။မင်းတို့ရဲ့ဘဝတွေလူတစ်လုံး သူတစ်လုံး ဖြစ်လာဖို့ အာမခံပါတယ်ကွာ ကျွန်ုပ်ကဆိုကာ အောက်ပါ ဆီမီးအဓိဋ္ဌာန်ကို ၎င်းတို့

အားပြောပြပေးလိုက်လေတော့၏ဆီမီးအဓိဋ္ဌာန်မိမိ၏မွေးနေ့မှစ၍မြတ်ဗုဒ္ဓအားအောက်ပါဂြိုဟ်သက်အတိုင်းဆီမီးထွန်းညှိ့ ပူဇော်ရမည်။ ဂြိုဟ်(၈)ခွင် ရှိသောကြောင့်အဓိဋ္ဌာန်တစ်ခါလျှင် (၈ရက်တိတိ ကြာမည်ဖြစ်၏။

ထို(၈)ရက်တွင်ထွန်းညှိပူဇော်ထားသောဖယောင်းတိုင်အရေအတွက်ကိုရေသော်(၁၀၈)တိုင်ရလေ၏တနင်္ဂနွေည(၆) တိုင်တနင်္လာည(၁၅)တိုင်အင်္ဂါည(၈)တိုင်ဗုဒ္ဓဟူး(မနက်ပိုင်း)(၁ရ)တိုင်ဗုဒ္ဓဟူးနေ့ ( ညပိုင်း)(၁၂)တိုင်

ကြာသပတေးည(၁၉)တိုင်သောကြာည(၂၁)တိုင်စနေည(၁၀)တိုင်သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသောဆရာဟိန်းတင့်ဇော်တစ်ရာ့ရှစ်တောင်ဘုရား ၊ သာကေတ ၊ ရန်ကုန်09792000029credit