နေအိမ်ဝင်းအတွင်းမှာ တောင်ပို့ပေါက်လျှင် ရှေးလူကြီးသူမတို့၏အဆိုအမိန့် နှင့်မှတ်သားဖွယ်ရာများရှေးလူကြီးသူမတို့၏အဆိုအရ နေအိမ်ဝင်းအတွင်း တောင်ပို့ပေါက်သည်ရှိသော်နေအိမ်ဝင်းအတွင်း တောင်ပို့ပေါက်သည့်အခါ

တချို့လူများကအိမ်ကိုဖျက်ဆီးမည်ဟုသဘောထားကာ တောင်ပို့ကိုတူးဆွဖယ်ထုတ်ပစ်လိုက်ကြသည်တချို့လူများကတော့ ကောင်းကျိုးပေးမည့်အရာဟုသဘောထားပြီးရာဇမတ်လေးဖက်လေးတန်ကာ၍တံခွန်၊ကုက္ကား၊မုလေးပွားများစိုက်၊အမွှေးနံ့သာများပက်ဖျန်းကြသည်

ဖယောင်းတိုင်၊အမွှေးတိုင်များကိုအဆက်မပြတ်ထွန်းညှိပူဇော်ထားကြသည်တောင်ပို့ကတစ်စထက်တစ်စ မြင့်တက်လာရာအိမ်ကဆင့်တန်းဖြုတ်ခင်းထားသောပျဉ်ချပ်များကိုခွာပစ်ရသည်အထိယုံကြည်ကိုးစားစွာဖြင့်ရိုသေစွာထားကြသည်

ကိုလည်းတွေ့ဖူးသည်ညီငယ်လေးပမာခင်မင်ရသောသက်ကိုကသူ၏အိမ်အောက်တွင်တောင်ပို့ပေါက်လာသည့်အခါအဆိုပါတောင်ပို့ကို သည်အတိုင်းပဲထားရမည်လား၊ တောင်ပို့ကိုဖြိုချပစ်ရမည်လားဟု မေးခဲ့ဖူးပါသည်။များစွာသော

လူတို့သည်အိမ်ထဲသို့မဟုတ်ခြံဝင်းထဲ၌တောင်ပို့ပေါက်လာလျှင် ကောင်းသည်ဟု သာထင်မှတ်ကြလေသည်ရှေးလူကြီးသူမတို့ကမူကောင်းကျိုး၏ ရှေ့ပြေးဖြစ်သော တောင်ပို့ပေါက်မှုနှင့်မကောင်းကျိုး၏ ရှေ့ပြေးဖြစ်သော

တောင်ပို့ပေါက်မှုဟူ၍ နှစ်မျိုးရှိကြောင်းဆိုခဲ့ကြပေသည်ရှေးလူကြီးသူမတို့သည်အကြားအမြင်ဗဟုသုတရင့်ကျက်ကြသူများပီပီ နောင်လာနောက်သားတို့တောင်ပို့ပေါက်ခြင်းနှင့်ပတ်သက်၍ ကောင်းခြင်းဆိုးခြင်းကိုသိမြင်မှတ်သား

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

လိုက်နာဆောင်ရွက်နိုင်စေရန်ကဗျာလင်္ကာများစပ်ဆိုထားခဲ့ပေသည်။၎င်းလင်္ကာမှာ ၁။အရှေ့တောင်ခွင်တောင်ပို့ထင်၊မီးလျှင်လောင်တတ်စွ၂။အနောက်ပေါက်ငြားအောက်လူများနာဖျားဘေးဒဏ်ရ၃။အနောက်တောင်တွင်တောင်ပို့မြင်

သူလျှင်ခိုးတတ်လှ။၎။ကြင်းငါးရပ်မှာပါက်ရောက်လာ၊မှန်စွာချမ်းကြည်မြ။၅မကောင်းရပ်နေ၊ပေါက်လာပေ၊ရွှေရည်လောင်းလေကြ၆။ဤသို့ယတြာ၊ပြုသောခါ၊ရောဂါရန်ကွယ်ဟူ၍ဖြစ်သည်အဋ္ဌလဂ်ခွင်အရအရပ်ရှစ်ပါးရှိရာ

၁။အရှေ့မြောက်အရပ်၂။အရှေ့အရပ်၃။အရှေ့တောင်အရပ်၊၄။ တောင်အရပ်၅။အနောက်တောင်အရပ်၆။အနောက်အရပ်၊၇။အနောက်မြောက်အရပ်၈။မြောက်အရပ်ဟူ၍ဖြစ်လေသည်အိမ်အတွင်း၊ခြံဝင်းအတွင်းတောင်ပို့ပေါက်သောအရပ်သည်

မည်သည့်အရပ်၌ဖြစ်သည်ကိုတိကျစွာသတ်မှတ်ရပါမည်။ ရှေးလူကြီးသူမတို့မိန့်ဆိုခဲ့သောကဗျာလင်္ကာအရ တောင်ပို့ပေါက်သောအရပ်သည်အရှေ့တောင်ထောင့်အရပ်ဖြစ်ပါကအိမ်ကိုမီးလောင်တတ်သည်အနောက်အရပ်တွင်ဖြစ်ပါက

လူငယ်လူရွယ်များနာဖျားတတ်သည်ဘေးရန်သင့်တတ်သည်။အနောက်တောင်အရပ်တွင်ဖြစ်ပါက နေအိမ်တွင်သူခိုးခိုးခံရတတ်သည်ကျန်သည့်အရပ်ငါးမျိုးတွင်တောင်ပို့ပေါက်ပါကစည်းစိမ်ဥစ္စာကြီးပွားတိုးတက်ချမ်းသာမည်ဟုဆိုလိုပေသည်

မကောင်းသောအရပ်တွင်တောင်ပို့ပေါက်လျှင်မည်သို့ပြုလုပ်ရမည်ကို ရှေးဗေဒကဝိတို့ကယတြာထားခဲ့ကြသည်၎င်းယတြာမှာမိမိအိမ် သောက်ရေအိုးထဲမှရေကိုခပ်၍မကောင်းသောဘေးအန္တရာယ်များပပျောက်ပါစေဟုဆုတောင်းကာ

ပေါက်လာသည့်တောင်ပို့ပေါ်သို့နောက်ပြန်လောင်းရပေမည်နေအိမ်သို့မဟုတ်ခြံဝင်းထဲ၌တောင်ပို့ပေါက်ပါကအမှုမဲ့အမှတ်မဲ့မနေဘဲကောင်းကျိုးလားမကောင်းကျိုးလားဆိုသည်ကိုအထက်ပါလင်္ကာအရဆန်းစစ်ကာမကောင်းကျိုးဖြစ်ပါကယတြာချေရုံသာရှိပါတော့သတည်း။credit