ခြင်တွေကသေးငယ်ပေမယ့်အတင့်ရဲကြပါတယ်ခြင်ပျံ့နှံ့မှုများတဲ့နေရာတွေမှာ နေရတဲ့လူတိုင်းခြင်တွေလျော့ပါးအောင်နည်းလမ်းရှာရတာလဲခက်ခဲလှပါတယ်အဲ့သေးငယ်တဲ့အကောင်လေးတွေကပဲငှက်ဖျားသွေးလွန်တုပ်ကွေးနဲ့

အသားဝါရောဂါစတဲ့သေစေနိုင်တဲ့ရောဂါများကိုဖြစ်ပွါးစေနိုင်ပါတယ်လူတိုင်းမလွဲမသွေကြုံရတာကတော့ယားယံပြီးစိတ်တိုစရာကောင်းတဲ့ခြင်ကိုက်ရာတွေပါပဲဈေးကွက်မှာဝယ်လို့ရတဲ့ခြင်နိုင်ဆေးတွေကခြင်တွေကိုအထိုက်အသင့်လျော့ချ

နိုင်ပေမယ့်သူတို့မှာဓာတုပစ္စည်းများစွာပါဝင်နေတာကြောင့်လူနဲ့ပတ်ဝန်းကျင်အတွက်မသင့်လျော်ပါဘူးဒါဆိုသဘာဝအတိုင်းခြင်တွေကိုနှိမ်နင်းပေးမယ့်နည်းလမ်းတွေကိုလေ့လာကြည့်ရအောင်နော်ပရုတ်ဟာဆိုရင်အိမ်နဲ့အဆောက်အဦး

ပတ်ဝန်းကျင်မှာရှိတဲ့ခြင်တွေကိုဖယ်ရှားပေးနိုင်တဲ့သဘာဝအိမ်သုံးပစ္စည်းတစ်မျိုးပါပရုတ်ရဲ့ပြင်းတဲ့အနံ့ကခြင်တွေကိုဝေးဝေးပြေးစေပါတယ်လုပ်ရမှာကတော့ တံခါးအားလုံးပိတ်ပြီးပရုတ်ကိုမီးရှို့ပေးပါမိနစ်30လောက်ကြာပြီးနောက်မှာ

တော့ခြင်တစ်ကောင်မှမရှိတော့တာကိုသတိထားမိမှာပါကြက်သွန်ဖြူကခြင်တွေကိုဝေးဝေးပြေးစေနိုင်တဲ့ဂုဏ်သတ္တိများစွာပိုင်ဆိုင်ထားပါတယ်ကြက်သွန်ဖြူအနည်းငယ်ကိုကြိတ်ပြီးပြုတ်ထားပေးပါအဲ့အရည်ကိုစပရေးဘူးထဲထည့်ပြီး

အခန်းဂိုဒေါင်စတဲ့နေရာတွေမှာဖြန်းပေးပါအဲ့အရည်ဟာဆိုရင်ခြင်တွေကိုအလွယ်တကူသတ်နိုင်ပါတယ်အဲ့ကြက်သွန်ဖြူအနံ့ကမိနစ်အနည်းငယ်အကြာမှာပျောက်သွားမှာမလို့အခန်းတွေကြက်သွန်ဖြူစော်နံမှာစိုးရိမ်စရာမရှိပါဘူးနော်

အိမ်တိုင်းမှာရှိတတ်တဲ့ကော်ဖီမှုန့်အကြမ်းကခြင်တွေကိုဖယ်ရှားပေးနိုင်တဲ့အိမ်သုံးပစ္စည်းတွေထဲကတစ်ခုပါရေသေရေပုပ်တွေကခြင်တွေတိုပွါးစေတဲ့အကြောင်းရင်းတစ်ခုဖြစ်တာကြောင့်အဲ့ရေတွေထဲကော်ဖီမှုန့်ထည့်ပေးခြင်းကခြင်ဥတွေ

ကိုအောက်ဆီဂျင်မရစေပဲသေစေပါတယ်ခြင်တွေကပူစီနာသို့ပူဒီနာအနံ့ကိုလဲမုန်းပါသေးတယ်ပူစီနာအစိမ်း(သို့)အဆီကိုမိမိပတ်ဝန်းကျင်မှာထားပေးတာကလဲခြင်တွေကိုဝေးဝေးပြေးစေပါတယ်ပူစီနာပင်စိုက်ပေးလို့လဲရပါတယ်

အရက်၊ဘီယာတွေရဲ့အနံ့ကိုလဲခြင်တွေမခံနိုင်ပြန်ပါဘူးဘီယာ(သို့)အရက်တစ်ခွက်ကိုအခန်းထဲထားပေးခြင်းဖြင့်ခြင်တွေကိုဝေးဝေးပြေးစေမှာသေချာပါတယ်ပင်စိမ်းရွက်ကခြင်သားလောင်းတွေကိုသတ်နိုင်တယ်လို့လူသိများကြပါတယ်

ပင်စိမ်းပင်ကိုအိမ်ရှေ့သို့အိမ်နောက်စိုက်ထားပေးရုံပါပဲခြင်တွေဖယ်ရှားဖို့ပင်စိမ်းဆီဖြန်းပေးလို့လဲရတယ်နော်စာဖတ်သူမိဘပြည်သူများအနေဖြင့်ကျွန်တော်တို့တင်ပြပေးထားသည်ကိုဖတ်၍ဗဟုသုတအဖြစ်မှတ်သားစရာတစ်ခုခုကျန်ခဲ့မယ်ဆိုရင်အလွန်ဝမ်းမြောက်မိမှာပါ

ဒီလိုဆိုရင်တော့ခြင်တွေကိုအမြစ်ဖြတ်နိုင်မယ့်နည်းတွေလဲသိပြီထင်ပါတယ်နော်အသုံးဝင်တဲ့နည်းလမ်းတွေနဲ့ဗဟုသုတရစရာတွေကိုအခြားသူများလည်းသိစေရန်ပြန်လည်မျှဝေပေးကြပါရန်မေတ္တာရပ်ခံအပ်ပါသည်လေးစားစွာဖြင့်