နောက်၃ရက်အတွင်းမုန်တိုင်းငယ်ဖြစ်ပေါ်လာနိုင်ပြီးမန္တလေးတိုင်းမကွေးတိုင်းအပါအဝင်တိုင်းနှင့်ပြည်နယ်အချို့တို့မှာ ချိန်ခါမဟုတ်မိုးရွာသွန်းနိုင်ဒီဇင်ဘာလ၁၇ရက်ယနေ့မိုးလေဝသတိုင်းထွာချက်များအရနောက်၃ရက်အတွင်း

ဘင်္ဂလားပင်လယ်အော်တွင်မုန်တိုင်းငယ်ဖြစ်ပေါ်လာနိုင်ပြီးမန္တလေးတိုင်းမကွေးတိုင်းအပါအဝင်အခြားတိုင်းနှင့်ပြည်နယ်တို့မှာချိန်ခါမဟုတ်မိုးရွာသွန်းနိုင်တယ်လို့မိုးလေဝသSu Su Sanမှကြိုတင်ခန့်မှန်းပေးထားပါတယ်မိုးလေဝသ

စုစုစံထုတ်ပြန်ချက်မှာ94Bလေဖိအားနည်းလေဝဲ၂၀၂၁ဒီဇင်ဘာလ၁၇ရက်နေ့ယနေ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းသိရိလင်္ကါနိုင်ငံရဲ့အရှေ့တောင်ဖက်မှာ94B လေဖိအားနည်းလေဝဲဖြစ်ပေါ်လာပါတယ်အရှေ့ဖက်ကိုရွှေ့လျှားနေပါတယ်။

၂၀ရက်နေ့မှာNicobar islands နိကိုဗာကျွန်းစုများအနီးကိုရောက်ရှိလာနိုင်ပြီး၂၁ရက်နေ့မှာ depressionမုန်တိုင်းငယ်အဆင့်ကိုရောက်ရှိနိုင်ပါတယ်၂၀၂၁ဒီဇင်ဘာလ၂၀ရက်နေ့မှ၂၃ရက်နေ့အတွင်း ကော့သောင်းခရိုင်ကပ္ပလိပင်လယ်အတွင်းရှိကျွန်းစုတွေမှာလှိုင်းကြီးလေထန်နိုင်ပါတယ်

လှိုင်းအမြင့်မှာ၆ ပေမှ၁၂ ပေအထိရှိနိုင်ပါတယ် လေထန်ချိန်တွင်တစ်နာရီ၂၄မိုင်မှ ၃၆မိုင်အထိတိုက်ခတ်နိုင်ပါတယ်အဆိုပါရက်များအတွင်း ကော့သောင်းအနောက်ဖက် အနောက်တောင်ဖက်ပင်လယ်ပြင်အတွင်း လှေသင်္ဘောများသွားရောက်ခြင်းမပြုလုပ်သင့်ပါဘူး

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

BOB တောင်ပိုင်းမှာ လေဖိအားနည်းလေဝဲတစ်ခုဖြစ်ပေါ်လာပါတယ် နောက်၃ရက်အတွင်းနိကိုဗာကျွန်းအနီးမှာမုန်တိုင်းငယ် depression အဆင့်ကိုရောက်ရှိနိုင်ပါတယ်။94B အထက်လေစီးမှ၂၀၂၁ဒီဇင်ဘာလ

၂၂ရက်၂၃ရက်နေ့တွေမှာရခိုင်ပြည်နယ်မကွေးတိုင်းမန္တလေးတိုင်းချင်းပြည်နယ်ကချင်ပြည်နယ်စစ်ကိုင်းတိုင်းနှင့်ရှမ်းပြည်နယ်တွေမှာအချိန်အခါမဟုတ် ဆောင်းမိုးတွေရွာသွန်းနိုင်ပါတယ်ဆောင်းမိုးရွာပြီးအေးမယ်တနင်္သာရီတိုင်း

၂၀၂၁ဒီဇင်ဘာလ၂၁ရက်၂၂ရက်နေ့တွေမှာတနင်္သာရီတိုင်းထားဝယ်ခရိုင်မြိတ်ခရိုင် ကော့သောင်းခရိုင်တွေမှာ ဆောင်းမိုးတွေရွာပြီးအအေးပိုနိုင်ပါတယ်အဆိုပါဒေသအတွင်းရှိ

ရာဘာလုပ်ငန်းဆားလုပ်ငန်းလမ်းတံတားအဆောက်အဦဆောက်လုပ်နေသောအင်္ဂျင်နိယာများ မိုးကြောင့်ပျက်စီးမှုမရှိကြစေရန် ကြိုတင်ခန့်မှန်းပေးလိုက်ပါတယ် ဆိုပြီး ကြိုတင်ခန့်မှန်းအသိပေးထားပါတယ်Source:Su Su San