တစ်ကြိမ်လုပ်ရုံနဲ့တင်သင့်ဆံသားကိုစိုပြေပျော့အိလာစေမယ့်ဆံပင်စဆိုးခါစမှာတော့အရောင်လှလှလေးနဲ့ကိုယ့်အလှကိုယ်ငေးမဝဖြစ်မှာပါဒါပေမဲ့ဆံပင်ဆိုးပြီးနှစ်ပတ်သုံးပတ်အကြာမှာတော့နဂိုရှိခဲ့တဲ့ဆံကေသာထက်သင့်ဆံသားကခြောက်သွေ့
ကြမ်းတမ်းသွားတတ်ပါတယ်။ဒါကြောင့်HairSalonတွေကဆံပင်အရောင်ဆိုးပြီးရင်ပုံမှန်ဆံပင်ပေါင်းတင်ထိန်းသိမ်းပေးဖို့လိုကြောင်းတိုက်တွန်းအကြံပေးကြတာပါတစ်ခါတေလှချင်လို့လုပ်မိတဲ့အရာတွေကကိုယ့်ငွေတွေကိုဆွဲယူနေသလို
ပါပဲ။ဆေးဆိုးတာမှာတစ်ခါကုန်တဲ့အပြင်ဆံပင်ထိန်းသိမ်းရတာမှာပါထပ်ကုန်နေတတ်ပါတယ်ဒီတစ်ခေါက်ပြောတဲ့Hair Maskကတော့ဆိုင်မှာဆံပင်လုပ်တာလောက်ဈေးမများတဲ့အပြင်သဘာဝပစ္စည်းတွေမို့သင်နဲ့သင့်တော်မှာပါ
ဖော်ပြပါHair Maskကိုသုံးပတ်နေတစ်ခါပြုလုပ်ရုံနဲ့တင်လုံလောက်ပါတယ်။တစ်ကြိမ်လုပ်ရုံနဲ့တင်သိသာတဲ့Resultပေးတာမို့သင်ကြိုးစားကြည့်သင့်ပါတယ်Hair Maskအတွက်လိုအပ်တဲ့ပစ္စည်းတွေကတော့ငှက်ပျောသီးတစ်လုံး
ငှက်ပျောသီးကသင့်ဆံကေသာကိုတောက်ပြောင်စေပါတယ်ဒါ့အပြင်ဗောက်ထတာသက်သာစေပါတယ်။ငှက်ပျောသီးမှာဆံသားပျော့အိဖို့လိုအပ်တဲ့ဗီတာမင်များစွာ ပါဝင်ပါတယ်ဆံသားကိုခိုင်မာစေပြီးဆံပင်အဖျားနှစ်ခွဖြစ်တာသက်သာစေပါတယ်
သင်သုံးတဲ့ငှက်ပျောသီးကအမှည့်ဖြစ်ရပါမယ်ကြက်ဥဒါမှမဟုတ်ဘဲဥတစ်လုံးကြက်ဥမှာပါဝင်တဲ့ဗီတာမင်အေ၊ဗီတာမင်အီးBiotinနဲ့Folateဓာတ်တွေကဆံသားရှည်ဖို့အဓိကလိုအပ်တာတွေဖြစ်ပါတယ်ကြက်ဥကသင့်ရဲ့
ခြောက်သွေ့သွားတဲ့ဆံကေသာကိုပြန်လည်ကျန်းမာစေပါတယ်။အုန်းဆီနှစ်ဇွန်းအုန်းဆီကဆံပင်အရှည်မြန်ဖို့ကူညီပေးတဲ့အပြင်ဦးရေပြားကိုအားဖြည့်ပေးပါတယ်အုန်းဆီကနေရောင်ခြည်Rayတွေကိုကာကွယ်ပေးပါတယ်။ဆံပင်ကိုပြောင်
ပြောင်လင်းလင်းလေးဖြစ်စေပါတယ်ပျားရည်တစ်ဇွန်းတချို့ဆံပင်စိုစိုပြောင်ပြောင်လေးဖြစ်နေတဲ့မိန်းကလေးတွေကိုမြင်ဖူးမှာပါဒီလိုဆံကေသာကဆံပင်အဓိုဓာတ်လုံလောက်စွာရလို့ပါဆံပင်အစိုဓာတ်လုံလောက်စွာရရှိဖို့ပျားရည်အပြည့်အ
ဝတာဝန်ယူပါတယ်။ဆံပင်ကြမ်းတာ၊ငြိတာသက်သာစေပြီးဆံသားပျော့ပြောင်းစေပါတယ်။မယောနိနှစ်ဇွန်းမယောနိကဆံပင်ကိုတောက်ပကာသန်မာစေပါတယ်။ဒါ့အပြင်ဆံပင်ကိုအစိုဓာတ်ပေးပါတယ်။သင့်ဆီမှာမယောနိမရှိဘူးဆိုရင်မ
ယောနိအစားထောပတ်သီး၊သံလွင်ဆီ၊ထောပတ်ဒါမှမဟုတ်အုန်းနို့စတဲ့ပစ္စည်းတွေကိုအစားထိုးသုံးနိုင်ပါတယ်။သံပယိုရည်တစ်ဇွန်းသံပယိုရည်ကအုန်းဆီလိုပဲဆံပင်အရှည်မြန်စေပါတယ်။နဖူးပြောင်သူတွေ၊ဆံပင်ပါးသူတွေနဲ့သင့်တော်ပါတယ်။
ဆံပင်ကျွတ်တာကိုသက်သာစေပြီးသံပယိုသီးမှာပါဝင်တဲ့ဗီတအာမင်စီကဆံပင်ထွက်လာစေပါတယ်။ဒီပါဝင်ပစ္စည်းအားလုံးကိုကျိတ်စက်ထဲထည့်ပေးရပါမယ်။ရေမထည့်ဘဲကျိတ်စက်နဲ့မွှေပေးရပါမယ်။အရည်ရလာပြီဆိုရင်တော့
ဒီHair Maskကိုသင့်ဦးရေပြားကစကာဆံပင်အဆုံးထိလိမ်းပေးရပါမယ်ဒီMaskကသင့်အင်္ကျီကိုစွန်းနိုင်တာမို့အင်္ကျီအဟောင်းတ်တာဒါမှမဟုတ်ကာပြီးလိမ်းပေးသင့်ပါတယ်။လိမ်းပြီးနောက်ဆံပင်ကိုထုံးကာShowerCapနဲ့အုပ်ပေးရပါမယ်သင့်
ShowerCapကိုတစ်ကြိမ်မကသုံးနေကျဆိုရင်တော့ShowerCapအစားကျွတ်ကျွတ်အိတ်ကိုသုံးနိုင်ပါတယ်အုပ်ပြီးနောက်၁နာရီထားပေးရပါမယ်၁နာရီပြည့်တာနဲ့ခေါင်းလျှော်နိုင်ပါပြီ။ဒီMaskကိုတစ်ကြိမ်လုပ်တာနဲ့တင်ဆံသားသိသိသာသာပြောင်းလဲလာပါလိမ့်မယ်။