ပျားရည်နှင့်သံပုရာသီးတို့သောက်သုံးခြင်းမှရရှိနိုင်မည့်ကျန်းမာရေးအကျိုးပြုချက်၇ချက်က်ိုတင်ပြပေးလိုက်ပါတယ်ပျားရည်နှင့်သံပုရာသီးကိုရေခပ်နွေးနွေးလေးနဲ့သို့ရေခပ်အေးအေးလေးနဲ့မနက်ခင်းတစ်ခွက်လောက်သောက်မယ်ဆိုရင်တော့အောက်ပါအကျိုးကျေးဇူး(၇)ချက်ကိုရရှိနိုင်ပါတယ်

(၁)အစာကြေလွယ်ခြင်းနေ့စဉ်ပျားသံပုရာရည်ကိုသောက်သုံးခြင်းဟာအစာချေဖျက်ခြင်းလမ်းကြောင်းကိုကောင်းမွန်စေပါတယ်ပျားသံပုရာရည်ကဆိုရင်အစာအိမ်မှအက်ဆစ်ရည်နဲ့သည်းခြေရည်တို့ကိုပိုမိုထုတ်လုပ်ပေးတဲ့အတွက်

အစာခြေဖျက်ခြင်းကိုလွယ်ကူစွာပြုလုပ်နိုင်ပြီးခန္ဓာကိုယ်အတွက်လိုအပ်သောအာဟာရများကိုလျင်မြန်စွာရရှိစေပါတယ်ပျားသံပုရာရည်ကဝမ်းမှန်စေပြီးဝမ်းချုပ်ခြင်းကိုလည်းကာကွယ်ပေးပါတယ်(၂)ခန္ဓာကိုယ်မှအဆိပ်အတောက်များကိုဖယ်ရှားပေးခြင်း

လေထုထဲရှိအညစ်အကြေးများကျန်းမာရေးနှင့်မညီညွတ်သောအစားအသောက်များစားသောက်နေထိုင်ပုံစနစ်များကြောင့်လူ့ခန္ဓာကိုယ်မှာမမြင်နိုင်တဲ့အဆိပ်အတောက်များရှိနေပါတယ်ပျားရည်နဲ့သံပုရာရည်ကိုရေနွေးနွေးလေးနဲ့
သောက်သုံးခြင်းကခန္ဓာကိုယ်တွင်းမှ

အဆိပ်အတောက်များကိုဖယ်ရှားပေးနိုင်တဲ့အစွမ်းသတ္တိရှိတဲ့အတွက်အသည်းမှ အဆိပ်အတောက်များကိုဖယ်ရှားပေးနိုင်ခြင်းအရေပြားတွင်းရှိအဆိပ်အတောက်များကိုဖယ်ရှားပေးနိုင်ခြင်းအသက်ရှူလမ်းကြောင်းမှအဆိပ်အတောက်များကိုလည်းဖယ်ရှားပေးနိုင်ပါတယ်

(၃)အသားအရည်ကိုကြည်လင်တောက်ပစေတယ်ပျားသံပုရာရည်နွေးနွေးလေးကိုသောက်သုံးခြင်းကအသားအရည်ကိုကြည်လင်ဝင်းပစေရုံသာမကဝက်ခြံထွက်ခြင်းအဖုအပိန့်ထွက်ခြင်းတို့ကိုသက်သာစေပါတယ်သံပုရာသီးကဆိုရင်အသားအရည်အတွင်းအပြင်ရှိ

အဆီပိုများကိုဖယ်ရှားပေးနိုင်ပြီးသံပုရာရည်မှရရှိနိုင်တဲ့citric acid ကအဆိပ်အတောက်တွေကိုဖယ်ရှားပေးနိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်ဒါကြောင့်တစ်ချို့ကသံပုရာသီးကိုအရေပြားပေါ်မှာတိုက်ရိုက်လိမ်းခြင်းကို

ပြုလုပ်လေ့ရှိကြပြီးထိုကဲ့သို့ပြုလုပ်ခြင်းကတစ်ချို့သောအသားအရည်တိုင်းအတွက်အဆင်မပြေပါဒါပေမဲ့ရေနွေးလေးနဲ့ပျားသံပုရာရည်ကိုသောက်သုံးခြင်းကတော့အန္တရာယ်မရှိဘဲအသားအရည်အတွက်အကျိုးကျေးဇူးများစွာရရှိစေနိုင်ပါတယ်။

(၄)ကိုယ်ခံအားကောင်းမွန်စေတယ်ပျားရည်မှာဆိုရင်အိုမင်းရင့်ရော်မှုကိုကာကွယ်ပေးနိုင်ခြင်း၊ရောဂါပိုးမွှားများကိုကာကွယ်ပေးနိုင်ခြင်းဘတ်တီးရီးယားများကိုကာကွယ်ပေးတဲ့အစွမ်းတွေရှိတဲ့အတွက်အဖျားနဲ့တုပ်ကွေးများကို

ကာကွယ်ပေးနိုင်တဲ့အပြင်allergiesဖြစ်ခြင်းကိုလည်းကာကွယ်ပေးနိုင်ပါတယ်ကိုယ်ခံအားကိုကောင်းမွန်စေတဲ့အတွက်ဖျားနာခြင်း၊ရောဂါကူးစက်ခြင်းဖြစ်ပါကမြန်ဆန်စွာပျောက်ကင်းစေနိုင်ပါတယ်။

(၅)အဆီများကိုလျော့ကျစေတယ်နေ့စဉ်နံနက်တိုင်းပျားသံပုရာရည်ကိုရေနွေးပူပူလေးနဲ့သောက်သုံးခြင်းဟာဝမ်းမှန်စေပြီးကိုယ်ခန္ဓာအဆိပ်အတောက်များကိုကင်းစင်စေရုံသာမကပဲခန္ဓာကိုယ်မှာမလိုအပ်တဲ့အဆီပိုများကိုပါလျော့ကျစေပါတယ်

အဆီပိုတွေကိုလောင်ကျွမ်းစေတဲ့အတွက်ကြောင့်တစ်နေ့လုံးပေါ့ပါးလွတ်လပ်နေပြီးကျန်းမာစေပါတယ်(၆)လည်ချောင်းနာခြင်းကိုကာကွယ်ပေးတယ်သံပုရာသီးကလည်ချောင်းထဲရှိချွဲ၊သလိပ်များကိုကင်းစင်စေပြီးလည်ချောင်းတွင်းရှိ

ဘတ်တီးရီးယားဗိုင်းရပ်စ်များကိုဖယ်ရှားပေးတဲ့အတွက်လည်ချောင်းနာခြင်းအာသီးရောင်ခြင်းတို့ကိုကာကွယ်ကုသပေးနိုင်ပါတယ်ချောင်းဆိုနေပါကပျားသံပုရာရည်နွေးနွေးလေးကိုဂျင်းလေးထည့်ပြီးသောက်ပါကလည်းသက်သာပျောက်ကင်းစေနိုင်ပါတယ်။

(၇)အားအင်တိုးစေခြင်းပျားရည်မှာဘတ်တီးရီးယားများကိုပိုးသတ်နိုင်တဲ့အစွမ်းရှိတဲ့အပြင်အားအင်လည်းတိုးစေတဲ့အစွမ်းသတ္တိရှိပါတယ်ဒါကြောင့်ဝိတ်ချတဲ့အချိန်တွေမှာသကြားနှင့်သကြားအစားထိုးအချိုဓါတ်အစားပျားရည်သောက်သုံးခြင်းကအားအင်ကိုပြည့်ဝစေပြီးအကျိုးအာနိသင်ပိုရှိစေပါတယ်