နေ့အလိုက်ကောင်းကျိုးဝေဖြာခေါင်းဆေးမင်္ဂလာဤနည်းအတိုင်းခေါင်းဆေးမင်္ဂလာလုပ်ဆောင်ရင်းမိမိ၏လိုအင်အရကောင်းကျိုးခံစားခွင့်များရရှိလိုသူများရေချိုးခေါင်းလျှော်

မည့်နေ့တွင်အရင်ဦးစွာအိမ်ဘုရားကျောင်းဆောင်ရှိဘုရားရှင်ကိုသစ်သီး၇မျိုး၊ပန်း(၇)မျိုးကပ်လှူပူဇော်ပြီးမှအောက်ပါနည်းလမ်းအတိုင်းလုပ်ဆောင်ကြပါရန်တနင်္ဂနွေနေ့တွင်ခေါင်း

ဆေးမင်္ဂလာပြုရာမူအနောက်မြောက်ထောင့်ကိုမျက်နှာမူလျက်ခေါင်းလျှော်လျှင်ကျားမမည်သူမဆိုအိမ်ထောင်ကျလွယ်သည်အိမ်ထောင်ရေးတွင်ထူးခြားပြေလည်မှုကိုရ

စေ၏တနင်္လာနေ့တွင်ခေါင်းဆေးမင်္ဂလာပြုရာမူအရှေ့
မြောက်ထောင့်ကိုမျက်နှာမူခေါင်းလျှော်လျှင်မင်းအစိုးရအကြီးအကဲများကချီး‌မြှောက်ခြင်းခံရ၏အင်္ဂါနေ့တွင်

ခေါင်းဆေးမင်္ဂလာပြုရာမူအရှေ့တောင်ထောင့်သို့မျက်နှာမူလျက်အောင်မဲညိုပွင့်ထည့်၍ခေါင်းလျှော်လျှင်ကြီးစွာသောစီးပွားလာဘ်လာဘပေါကြွယ်ဝခြင်းရ၏ဗုဒ္ဓဟူးနေ့တွင်ခေါင်း

ဆေးမင်္ဂလာပြုရာမူအရှေ့အရပ်သို့မျက်နှာမူ၍ရေသူကြီးပွင့်ထည့်၍ခေါင်းလျှော်လျှင်မိတ်ဆွေကောင်း၊ခင်ပွန်းကောင်းရ၏ကြာသပတေးနေ့တွင်ခေါင်းဆေးမင်္ဂလာပြုရာမူ

အနောက်အရပ်သို့မျက်နှာမူ၍ရေသဖန်းပွင့်ထည့်ပြီးခေါင်းလျှော်လျှင်ဘုန်းကျက်သရေတိုး‌စေ၏သောကြာနေ့တွင်ခေါင်းဆေးမင်္ဂလာပြုရာမူအရှေ့အရပ်သို့

မျက်နှာမူ၍ခေါင်းလျှော်လျှင်ဘေးဘယ်ရန်များမှကင်းဝေးစေ၏စနေနေ့တွင်ခေါင်းဆေးမင်္ဂလာပြုရာမူအနောက်တောင်အရပ်ကိုမျက်နှာမူ၍ခေါင်းလျှော်လျှင်မကောင်းသောအညံ့

အခိုက်ဟူသမျှပျောက်၏၁လလျှင်နှစ်ကြိမ်မျှသာမိမိခေါင်းလျှော်လိုသောနေ့ရက်ကိုရွေးပြီးအတိအကျလုပ်ဆောင်ပါရန်အထက်ပါနည်းများအရဤကောင်းကျိုးဝေဖြာခေါင်းဆေး

မင်္ဂလာလုပ်ဆောင်နေခြင်းငှာမိမိ၏ကံအညံ့များအခိုက်များကင်းစင်ပြေပျောက်ကာကျက်သရေမင်္ဂလာအောင်ခြင်းအဖြာဖြာတိုးပွား၍လာဘ်ပေါငွေလျှံအဆင်‌ပြေကြပါစေဗျာ

ကျွန်ုပ်၏ရိုသေလေးစားရပါသောဆရာဦးမင်းနိုင်နှင့်တကွသင်ဆရာ၊မြင်ဆရာ၊ကြားဆရာများကိုအစဉ်ရှိခိုးဦးခိုက်လျှက်ဆရာပေါက်ကျိုင်း09776478912credit