စံပါယ်၊နှင်းဆီကိုပန်းအပွင့်များများပွင့်အောင်စိုက်ပျိုးနည်း(1) နှင်းဆီအကြောင်းအလှပန်းအိုးနဲ့စိုက်တာပဲဖြစ်ဖြစ် မြေမှာချစိုက်တာပဲဖြစ်ဖြစ် မြေဩဇာကိုတစ်လတခါ တစ်လခွဲတခါ ပုံမှန်ကျွေးပေးရပါတယ်မြေဩဇာပုံမှန်ကျွေးမပေးလို့အဖူး

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

အပွင့်သေးသွားတယ်အပင်ထပ်ပြီးမကြီးထွားဘူးအဲ့ဒီလိုမျိုးလည်း ဖြစ်တတ်ပါတယ်ဝယ်တဲ့အချိန်မှာအပွင့်အဖူးကြီးတယ်အပင်တွေသန်တယ်ဆိုတာကကျနော်တို့ဒီမှာကျွေးပေးထားတဲ့ ဓါတ်မြေဩဇာ အရှိန်နဲ့ပါဒီမှာက၃ပတ်တခါ

၁လတခါလောက်အပင်တွေကိုဓါတ်မြေဩဇာ ကျွေးပေးကြပါတယ်၊ ဓါတ်မြေဩဇာအနေနဲ့က အာမို/နိုက်ထရိုဖော်စကာ15:15:15ကိုသုံးပါတယ်နောက်တခုကအလှပန်းအိုးနဲ့စိုက်တဲ့အခါမှာ နုန်းဒါမှမဟုတ် မြေကြီးသက်သက်ချည်းပဲ

ထည့်ရင်လည်း မြေကြပ်ပြီးအမြစ်ကောင်းကောင်းအလုပ်မလုပ်နိုင်တဲ့အတွက်အပွင့် အဖူးသေးတတ်ပါတယ်။တခါတခါ အပင်တောင် သေသွားတတ်ပါတယ်။နုန်း/မြေကြီး ကို ဖွဲပြာ/စပါးခွံ/မြေပဲခွံ တမျိုးမျိုးနဲ့ရောစပ်ပြီးထည့်ပေးရပါတယ်

နုန်း/မြေကြီး၁ဆဖွဲပြာ၂ဆ၁ဆ၂ဆ၁ဆ၃ဆ၁ဆ၄ဆအဆင်ပြေသလိုရောစပ်ပြီး အသုံးပြုနိုင်ပါပေတယ်)နောက်တခုကလောင်းရိပ်အပင်တွေက လောင်းရိပ်အရိပ်အောက်မကြိုက်ပါဘူး။နေရောင်ရမှအစာချက်နိုင်တာပါလောင်းရိပ်

အရိပ်အောက် ရောက်နေရင်လည်းအပွင့်အဖူးသေးပြီးအပင်မကြီးထွားတတ်ပါဘူးနှင်းဆီပင်ကို နေပူမှာစိုးပြီးအရိပ်အောက်မှာပဲထားထားတာကို တွေ့ဖူးခဲ့ပါတယ်ခြုံငုံပြီး ပြောမယ်ဆိုရင်အပင်ကိုအလှပန်းအိုးနဲ့စိုက်တာပဲဖြစ်ဖြစ်

မြေကြီးမှာချစိုက်တာပဲဖြစ်ဖြစ် မြေဩဇာကိုတစ်လတခါတစ်လခွဲတခါလောက် ပုံမှန်ကျွေးပေးရပါတယ်အပင်ကိုအလှပန်းအိုးနဲ့ထည့်စိုက်မယ်ဆိုရင် နုန်း/မြေကြီးနဲ့ဖွဲပြာ/စပါးခွံ/မြေပဲခွံတမျိုးမျိုးတို့ကိုရောစပ်ပြီးထည့်ပေးရပါတယ်

အပင်ကို လောင်းရိပ်အရိပ်အောက်မှာမထားပဲ ေနရောင်ရတဲ့နေရာမှာသာထားပေးရပါတယ်(2)စံပယ်အကြောင်းစံပယ်ပန်းအပွင့်များများပွင့်အောင်စိုက်နည်းနှင့်ယခုလိုစံပယ်ပေါချိန်တွင်စံပယ်ပန်းခြောက် ရေနွေးကြမ်းပြုလုပ်နည်းလေး

၁။စံပါယ်ပင်လေးတွေ စိုက်တော့မယ်ဆိုရင်အိုးနဲ့စိုက်မှာလား၊ မြေမှာချပြီးစိုက်မှာလား ရွေးပါအိုးနဲ့စိုက်မယ်ဆိုရင်လည်းအိုးက ရေမဝပ်အောင် အောက်ခြေမှာအပေါက်လေးတွေပါတဲ့အိုးနဲ့စိုက်ပါ။ မြေမှာစိုက်မယ်ဆိုရင်လည်းရေ

မဝပ်နိုင်တဲ့နေရာမှာစိုက်ပေးပါ၂။စံပယ်ပင်လေးတွေဟာ နေရောင်ကြိုက်ပါတယ်အလင်းရောင် ကောင်းကောင်းရတဲ့ နေရာမှာစိုက်ပါ၃။စံပယ်ပင်လေးတွေကိုတစ်နေ့တစ်ကြိမ် ရေလောင်းပါ။ ရေလောင်းတဲ့အခါမှာ အောက်ခြေမြေကြီး

ကိုပဲ လောင်းပါသစ်ရွက်လေးတွေကို ရေမစိုပါစေနဲ့စံပယ်ရွက်လေးတွေကို ရေစိုသွားရင် နေရောင်နဲ့ထိတဲ့အခါမှာအရွက်လေးတွေပုပ်သွားတတ်ပါတယ်၎။ စံပယ်မျိုးစိတ်အများစုက နွယ်တက်တတ်ပါတယ်စံပယ်ပင်နားမှာ

တိုင်လေးဖြစ်ဖြစ်၊စင်လေးဖြစ်ဖြစ် ထားပေးပါ၅။စံပယ်ပွင့်လေးတွေအမြဲတမ်း ဝေနေစေချင်ရင် တစ်လတစ်ခါလောက်တော့ မြေဩဇာသုံးပေးပါပျိုးပင်ဆိုင်လေးတွေမှာစံပယ်ပင်အတွက် မြေဩဇာဝယ်နိုင်ပါတယ်နော်၆။ စံပါယ်ပင်လေး

တွေကိုကိုင်းညှပ်ပေးပါမခူးဖြစ်တဲ့အပွင့်ခြောက်တွေ၊အရွက်ခြောက်တွေ၊ ကိုင်းခြောက်တွေကိုကတ်ကြေးနဲ့ညှပ်ပါသတိထားရမှာက ပန်းပွင့်နေချိန်မှာကိုင်းမညှပ်ပါနဲ့ပန်းပွင့်နှုန်း လျော့သွားတတ်လို့ပါ၇။ အပြင်မှာရာသီဥတု

အရမ်းအေးလွန်းရင်စံပယ်ပင်လေးကိုအိမ်ထဲရွှေ့ထားပါမြေမှာချစိုက်ထားတယ်ဆိုရင်အပင်ခြေနားတဝိုက်ကိုကောက်ရိုးလေးတွေပုံထားပေးပါ၈။ရာသီဥတုပူလွန်းရင်လည်းစံပယ်ပင်လေးတွေပူပြီးခြောက်မသွားအောင်ရေမကြာခဏလောင်း

ပေးပါ၉။သင့်စံပယ်ပင်လေးတွေအပွင့်မပွင့်တာကြာပြီ၊အရွက်ကြမ်းတွေပဲထွက်နေတယ်ဆိုရင် မြေကြီးထဲကိုNitrogen မြေဩဇာလေး ထည့်ပေးပါပြီးရင်အပေါ်ကပြောခဲ့တဲ့အချက်တွေနဲ့ကိုက်ညီရဲလားပြန်စစ်ဆေးကြည့်ပါ

၁ဝ။စံပယ်ပန်းလေးတွေကိုခူးရင်ကတ်ကြေးထက်ထက်နဲ့ညှပ်ပြီးခူးပါလက်နဲ့မချိုးပါနဲ့၊မဆိတ်ပါနဲ့ခူးပြီးသားစံပယ်ပွင့်လေးတွေကိုကြာရှည်လတ်ဆတ်နေချင်ရင်ရိုးတံလေးကို ရေထဲစိမ်ထားပေးပါစံပယ်ဖူးလေးတွေကိုသုံးပြီး

ကျန်းမာရေးအတွက်အထောက်အကူ ဖြစ်စေတဲ့စံပယ်ပန်း ခြောက် ရေနွေးကြမ်းလးလုပ်သောက်လို့ရပါတယ်နော်၁။မနက်စောစောမှာစံပယ်ဖူးလေးတွေကိုခူးပါမနက်စောစောအချိန်ကစံပယ်ဖူးလေးတွေအတွက် အမွှေးဆုံးနဲ့အာနိသင်

အကောင်းဆုံးအချိန်ပါပြီးရင်စံပယ်ဖူးလေးတွေကိုဗန်းသန့်သန့်လေးမှာထည့်ခင်းပြီး နေပူလှန်းပါ၂။ နေပူလှန်းတဲ့အခါ နေရောင်တိုက်ရိုက်မထိပါ စေနဲ့။ မှန်ပြတင်းကို ဖြတ်ပြီးဝင်လာတဲ့ နေရောင်နဲ့လှမ်းပါတစ်နေ့နဲ့တစ်ညလှမ်းပြီးသွားရင်

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

စံပယ်ဖူးလေးတွေကို လေလုံတဲ့ဘူးထဲထည့်ထားလိုက်ပါ။ပြီးရင် ရေနွေးပူပူထဲကို၎၊၅ဖူးလောက်ခတ်ပြီး သောက်ပါ။ နှလုံးရောဂါအတွက်တကယ်ကို အသုံးဝင်ပါတယ်ရောင်းစားရင်လည်းသိန်းဆယ်ချီရာချီရတာမို့ဖော်ပြပေးလိုက်ပါတယ်