နှစ်လအတွင်းဆံပင်ထူလာအောင်လုပ်ကြစိုဒီရက်ပိုင်းကိုယ်တိုင်ဆံသားကျွတ်လွယ်ပြတ်လွယ်တာမို့ဆံပင်နဲ့ပက်သတ်တဲ့နည်းတွေလိုက်လုပ်ဖြစ်တယ်အမှန်ဆိုငယ်ငယ်က

ဆံပင်အုံထူလွန်းလို့ဆံပင်ဆိုင်သွားတိုင်းအမြဲပါးခိုင်းရတဲ့သူတယောက်ပါဒီရက်ပိုင်းမှာတော့ဆံပင်ကျွတ်တာခဏခဏဖြစ်လာတော့နည်းနည်းလန့်လာတယ်ကိုယ်တိုင်ခံစားမိတော့

ကိုယ့်လိုဖြစ်နေတဲ့သူတွေအတွက်နည်းပေးချင်လာတယ်ဆံပင်နဲ့ပက်သတ်လို့အကောင်းဆုံးဆိုတဲ့နည်းတွေလိုက်ရှာကြည့်တယ်ထောပတ်၊ဇီးဖြူ၊လက်ဖက်စိမ်း၊ကြံ၊လိမ္မော်၊သံပုရာ၊

သံလွင်ဆီစသည်ဖြင့်နည်းပေါင်းစုံတွေ့တယ်။အားလုံးထဲမှာအကောင်းဆုံးဆိုတဲ့နည်းတခုတော့တွေ့တယ်။အဲဒီနည်းကသိပ်မခက်ဘဲဆံသားက်ုထူစေပြီး ဆံပင်ပေါက်လွယ်လို့ပြန်

လည်ဖော်ပြလိုက်ပါတယ်ဒီနည်းမှာကြက်ဆူဆီကအရေးပါတယ်အရင်ဆုံးကြက်ဆူဆီထမင်းစားဇွန်း(၂)ဇွန်းကိုယူပြီးပျားရည်ထမင်းစားဇွန်း၁)ဇွန်းနဲ့ရောပါပြီးရင်အထဲကိုကြက်ဥ

နှစ်အဝါနှစ်တလုံးထည့်ပြီးသမအောင်မွှေပါ။ အဆိုပါအရောကိုဆံပင်အရင်း(ဆံသားအခြေ)ကမွှေးညှင်းပေါက်တွေထဲဝင်အောင်ငါးမိနစ်ခန့်နှိပ်ပေးပါပြီးရင်တခေါင်းလုံးကိုသေချာပွတ်

ပြီးအပေါ်ကhair capသို့ပလတ်စတစ်အကြည်တခုနဲ့အုပ်ပါအထက်ပါအတိုင်းလေးနာရီထားပါ။အားလုံးပြီးရင်ရှန်ပူခပ်ပျော့ပျော့နဲ့ထပ်လျှော်ပါ။ဆံပင်လျှော်တဲ့အခါလက်နဲ့အရမ်းဖိ

မလျှော်သင့်ဘူး၊ရေနွေးမသုံးသင့်ဘူးရေအေးသာသုံးပါ။ဒီနည်းအတိုင်းတပတ်ကိုနှစ်ကြိမ်တိတိလုပ်ပါ။နှစ်လအတွင်းဆံပင်ပါးတာ၊ဆံပင်ကျွတ်တာသိသိသာသာသက်သာပြီးသင့်ဆံပင်တွေထူလာလိမ့်မယ်credit