အဆီဖုသေးသေးလေးတွေကိုအရှင်းပျောက်သွားအောင်ဘယ်လိုလုပ်နိုင်မလဲအဆီဖုဆိုတာဝက်ခြံလိုမျိုးနာတာမျိုးလည်းမရှိဘူးအသားရောင်အဖုသေးသေးလေးတွေပဲ ဖြစ်ပါတယ်သူတို့ကိုClogged Poresအဆီဖုလို့ခေါ်ပါတယ်
အဆီဖုတွေပေါက်လာရင်တစ်ခုချင်းစီ ပေါက်တာမျိုးထက်တစ်စုတစ်စည်းတည်း ပေါက်တတ်ကြတယ်အဆီဖုတွေအပေါက်များတဲ့နေရာကတော့နဖူးပဲဖြစ်ပါတယ်ဘာကြောင့်အဆီဖု ပေါက်ရတာလဲဆိုတော့မျက်နှာပေါ်ကအဆီတွေစုပြီး
ချွေးပေါက်ပိတ်ဆို့ရာကနေအဖြူရောင်အသားရောင်အဖုသေးသေးလေးတွေ ပေါက်လာတတ်ပါတယ်ဒါတွေကတော့Close Comedoလို့ခေါ်ပြီး ချွေးပေါက်ပွင့်သွားကာ အောက်ဆီဂျင်နှင့်ထိတွေ့ဓာတ်ပြုရင်မဲမဲလေးဖြစ်နေတဲ့
ဆားဝက်ခြံအသွင်ပြောင်းသွားရင်Open Comedoလို့ ခေါ်ပါတယ်ထိရောက်တဲ့နည်းလမ်းမျက်နှာပေါ်အဆီဖုတွေ၊ဆားဝက်ခြံတွေရှိနေတာကိုကိုယ့်ကိုယ်ကိုယုံကြည်မှုမဲ့စေပါတယ်ဒါကြောင့်သူတို့တွေကိုအရှင်းဖယ်ရှားပစ်ဖို့ထိရောက်တဲ့
နည်းလမ်းလေးတွေကတော့ ရေနွေးငွေ့နဲ့ပေါင်းခံပေးပြီးမျက်နှာကို ချေးချွတ်သန့်စင်ပေးခြင်းပဲဖြစ်တယ်ရေနွေးငွေ့ပေါင်းတင်နည်ရေနွေးကိုဇလုံတစ်ခုထဲထည့်ပြီး ရေနွေးငွေ့အရမ်းမပူအောင်တော့ စောင့်ပေးရပါမယ်။ ပြီးရင်မျက်နှာကို
ဇလုံပေါ်ကပ်ပြီး ရေနွေးငွေ့ခံပေးပါမျက်နှာနဲ့ဇလုံဟာ ရေနွေးငွေ့ခံဖို့ကွက်တိမဖြစ်ဘူးဆိုရင် ရေနွေးငွေ့တွေအပြင်ကိုထွက်သွားနိုင်တယ်ဒါကြောင့် ရေနွေးငွေ့တွေအပြင်ကိုထွက်မသွားအောင် ခေါင်းပေါ်ကိုပဝါပတ်ထားလိုက်ပါ
(၅-၁၀)မိနစ်လောက်မျက်နှာပေါ် ချွေးစို့လာတဲ့အထိ ပေါင်းခံပေးရပါမယ်။ ပေါင်းခံပြီးရင်တော့မျက်နှာကိုပဝါဖြင့်အသာအယာလေးသုတ်လိုက်ပါမျက်နှာချေးချွတ်သန့်စင်နည်း(၃)မျိုး(၁)သဘာဝရှားစောင်းလက်ပပ်အနှစ်နဲ့
အဆီဖုနေရာတွေကိုလိမ်းပေးပြီးအခြောက်ခံထားလိုက်ပါညလုံးပေါက် လိမ်းပေးတာပိုကောင်းပါတယ်မနက်ကျရင်တော့မျက်နှာသစ်လိုက်ပါညတိုင်းရှားစောင်းလက်ပပ်အနှစ်ကိုလိမ်းအိပ်ပေးပါ(၂) ရေနည်းနည်းနဲ့baking
sodaတို့ကိုအနှစ်ဖြစ်အောင်ပျစ်ပျစ်လေးရောလိုက်ပါလက်ချောင်းလေးနဲ့ဝက်ခြံနေရာတွေကိုလိမ်းပေးပါဒီအနှစ်ကိုလိမ်းပြီးရင်တော့မျက်နှာပေါ်အကြာကြီးမလိမ်းထားရပါဘူးမျက်နှာအသားအရေကိုခြောက်သွားစေနိုင်လို့ပါ
(၃)သံပယိုသီးကိုအရည်ညှစ်ထုတ်ပြီးထွက်လာတဲ့သံပယိုရည်ဖြင့်မျက်နှာပေါ်ကို လိမ်းပေးပါ(၁၀)မိနစ်လောက်ထားထားပြီးမျက်နှာသစ်လိုက်ပါတစ်ရက်ကိုတစ်ကြိမ်၊ နှစ်ကြိမ်လောက်လုပ်ပေးပါ