ပြင်သစ်ရေတပ်၏နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောသည်ပြင်ဆင်မွမ်းမံမှုလုပ်ငန်းများဆောင်ရွက်နေစဉ်အတွင်းမတ်ာတဆမီးလောင်မှုဖြစ်ပွား
ပြင်သစ်ရေတပ်သည်နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောဖြစ်သည့်Perleအားပြုပြင်မွမ်းမံမှုလုပ်ငန်းများဆောင်ရွက်ရန်ပြင်သစ်နိုင်ငံတောင်ပိုင်းToulonရေတပ်အခြေစိုက်စခန်းရှိလွန်းကျင်းတွင်ထားရှိစဉ်မတော်တဆမီးလောင်မှုဖြစ်
ပွားခဲ့ကြောင်းပြင်သစ်ရေတပ်မှတရားဝင်သတင်းထုတ်ပြန်ကြေညာခဲ့ပါသည်အဆိုပါမီးလောင်မှုအား၁၄နာရီကြာအောင်မီးသတ်သမား၁၀၀ကျော်နှင့်ရေယာဉအမှုထမ်း၁၅၀ကျော်တို့မှစုပေါင်းမီးငြိမ်းသတ်ခဲ့ကြောင်းတွေ့ရှိရပါသည်ထိုကဲ့သို့မီး
လောင်ကျွမ်းမှုတွင်ရေယာဉ်ပေါ်၌နျူကလီးယားလောင်စာများပေါက်ကွဲနိုင်သောပစ္စည်းများဒုံးပျံများတော်ပီဒိုများလက်နက်ခဲယမ်းများနှင့်ဘက်ထရီများမရှိခြင်းကြောင့်မီးလောင်ကျွမ်းမှုအားထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်းတွေ့ရှိရပါသည်။
ပြင်သစ်ရေတပ်အနေဖြင့်အဆိုပါမီးလောင်မှုနှင့်ပတ်သက်၍အသေးစိတ်အခြေအနေများနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအားသတင်းထုတ်ပြန်မှုမရှိကြောင်းတွေ့ရှိရပါသည်အဆိုပါစစ်ရေယာဉ်သည်Rubisအတန်းအစားနျူကလီးယားစွမ်းအင်
သုံးရေငုပ်သင်္ဘောဖြစ်သည့်အတွက်မီးလောင်မှုဖြစ်ပွားစဉ်လောင်စာများဓာတ်ပေါင်းဖိုများရှိပါကပိုမိုဆိုးရွားသောအခြေအနေဖြစ်နိုင်ကြောင်းတွေ့ရှိရပါသည်။
ပွားခဲ့ကြောင်းပြင်သစ်ရေတပ်မှတရားဝင်သတင်းထုတ်ပြန်ကြေညာခဲ့ပါသည်အဆိုပါမီးလောင်မှုအား၁၄နာရီကြာအောင်မီးသတ်သမား၁၀၀ကျော်နှင့်ရေယာဉ်အမှုထမ်း၁၅၀ကျော်တို့မှစုပေါင်းမီးငြိမ်းသတ်ခဲ့ကြောင်းတွေ့ရှိရပါသည်ထိုကဲ့သို့မီး
LEAVE A REPLY
Please enter your comment!
Please enter your name here