ပုစွန်ချက်စားမယ့်လူတွေဂရုပြုရမယ့်အဓိကအချက်အရမ်းအရေးကြီးပါတယ်ပင်လယ်စာ တွေဟာစားရတာလတ်ဆတ်ပြီးအရသာရှိ ပေမယ့်ချက် ပြုတ်ဖို့အတွက်ဆိုရင်အချိန် ပေးပြီးဆေးကြောဖယ်ရှားရတဲ့အရာတွေလည်းရှိတယ်

ပုစွန်ဟင်းချက် တော့မယ်ဆိုရင်ပုစွန်ရဲ့အခွံရတာ ကျောခွဲပြီးအညစ်အကြေးထုတ် ပေးရတာအပြင်အမြီးဖျားကဆူးချွန်လေးကိုလည်းချိုးပြီးဖယ်ရှားပေးရပါတယ်ပုစွန်ဟင်းတစ်ခွက်ချက်ဖူးကြတဲ့အိမ်ရှင်မများပုစွန်အမြီးဖျားက

ဆူးလေးလက်ကိုဆူးမိတာရှမိတာမျိုးကြုံဖူးကြပါသလားလက်ကိုဆူးမိရှမိပြီးအခုချိန်ထိကျန်းမာရေးကောင်းနေသေးရင်တော့အလွန်ကံကောင်းနေသေးတယ်လို့မှတ်လိုက်ပါတော့ဗျာသို့သော်လည်း နောက်တစ်ခါပုစွန်ကိုင်ရင်တော့

သတိထားကြဖို့ ဖော်ပြပါသတင်းလေးကအကြောင်းရင်းကို ဖော်ပြပေးလိုက်ပါတယ်တရုတ်နိုင်ငံဂျန်ဆုစီရင်စုဂွမ်နမ်မြို့ကအသက်၆၀ နှစ်အရွယ်အမျိုးသမီးကြီးဟာဟင်းချက်ဖို့ ပြင်ဆင်နေစဉ်မှာပဲပုစွန်ရဲ့ဖင်ပိုင်းကအမြီးဆူးလက်ကို

ပြတ်ရှခဲ့ပြီးနောက်ရက်ပိုင်းအတွင်းမှာကွယ်လွန်သွားခဲ့ပါတယ်လက်ကိုပြတ်ရှခဲ့တဲ့ပထမရက်မှာခပ်မြက်မြက်လေးသာခံစားနေခဲ့ရပါတယ်ဒုတိယရက်မှာတော့လက်ဟာ ရောင်ကိုင်းစ ပြုလာပါတယ်ဒါပေမယ့်လည်းမကြာခင်

ပျောက်သွားမှာပါဆိုပြီးဒီတိုင်းပဲထားလိုက်ပါတယ်တတိယရက်မှာတော့အပြင်းဖျားလာတဲ့အတွက်မိသားစုက ဆေးရုံတင်ပို့ခဲ့ကြပါတယ်ဆေးရုံမှာဆရာဝန်ကစစ်ဆေးမှုများ ပြုလုပ်ပြီးနောက်မှာတော့သူမရဲ့အတွင်းကလီစာတွေအားလုံး

တဖြည်းဖြည်းပျက်စီးလာနေတာကိုတွေ့ခဲ့ရပါတယ်ဆရာဝန်တွေကကြိုးစားပြီးကုသပေမယ့်ဆယ်ရက်အကြာမှာဆေးရုံပေါ်မှာပဲ သေဆုံးသွားခဲ့ပါတယ်ဆရာဝန်တွေက မေးခိုင်ပိုးဝင်တယ်လို့သံသယရှိပြီးဒီပိုးဟာလူကိုအချိန်တိုအတွင်း

သေ အောင်တိုက်ခိုက်နိုင်တဲ့အထိ ပြင်းထန်တယ်လို့ဆိုပါတယ်ဒီလိုဘက်တီးရီးယားတွေကို ရေသတ္တဝါတွေနဲ့သက်ဆိုင်တဲ့အရာတွေမှာအများဆုံးတွေ့ရတတ်ပြီးပင်လယ်စာတွေကိုကျက်အောင်ချက်ပြုတ်မစားတာမျိုးလူနဲ့ထိခိုက်မိပြီး

ပြတ်ရှခံရတာတွေကနေတစ်ဆင့်ခန္ဓာကိုယ်ထဲဝင်ရောက်ပျံ့နှံ့ပြီးတိုက်ခိုက်တတ်တယ်လို့ဆိုပါတယ်ဒီလိုပိုးဝင်ခံရသူအများစုဟာ၄၈နာရီအတွင်း သေဆုံးတတ်ကြောင်းသိရှိရပါတယ်အဲဒါကြောင့်အိမ်ရှင်မများအနေနဲ့ပင်လယ်စာတွေကို

မချက်ပြုတ်ခင်ဆေးကြောသန့်ရှင်းရေးလုပ်စဉ်မှာလက်အိတ်နဲ့ သေသေချာချာကိုင်တွယ်ဖို့အရေးကြီးပါတယ်ပင်လယ်စာတွေကိုအစိမ်းစားတာမျိုးထက်ချက်ပြုတ်ပြီး စားသင့်တာမျိုးကို ပြုလုပ်သင့်ကြောင်းအကြံပေးလိုက်ပါရစေခင်ဗျာ