ရယ်လိုက်ရင်ပါးချိုင့်လေးပေါ်တဲ့သူတွေဟာတခြားသူတွေထက်ပိုပြီးဆွဲဆောင်မှုရှိပြီးချစ်စရာကောင်းတယ်ဆိုတာကတော့ အားလုံးလက်ခံထားပြီးသားအမှန်တရားတခုပါပဲနော်အခုပြောပြပေးချင်တာကတော့ပါးချိုင့်လေးနဲ့ချစ်စရာကောင်းသူတွေမှာပဲရှိတဲ့အားသာချက်လေးတွေမို့ပါးချိုင့်ပါသူလေးတွေဒီအချက်လေးတွေအတိုင်းဟုတ်၊
မဟုတ်ကိုဆန်းစစ်ကြည့်လိုက်ရအောင်နော်။(၁)ချစ်စရာကောင်းတယ်ပြုံးလိုက်တဲ့အခါမှာဖြစ်ဖြစ်အားရပါးရရယ်မောလိုက်တဲ့အခါမျိုးမှာဖြစ်ဖြစ်ပါးချိုင့်ပါသူလေးတွေဟာတခြားသူတွေထက်ပိုပြီးချစ်စရာကောင်းနေတတ်ကြပါတယ်။ပြုံးပြုံးရယ်ရယ်နဲ့စကားပြောတဲ့အချိန်မျိုးမှာပေါ်လာတဲ့ပါးချိုင့်လေးကတမျိုးလေးဆွဲဆောင်မှုရှိနေတာလည်းဖြစ်ပါတယ်။
(၂)တခြားသူတွေထက်ပိုပြီးမှတ်မိလွယ်တယ်ဒါကတော့လူတိုင်းလက်ခံထားတဲ့အမှန်တရားတခုပါပဲနော်ပါးချိုင့်ပါသူလေးတွေကိုတခါမြင်ဖူးရုံ၊ကြည့်ဖူးရုံနဲ့မှတ်မိလွယ်ကြပြီးလူကိုပါးချိုင့်လေးနဲ့တွဲပြီးမှတ်မိနေတတ်တာမျိုးကိုကတော်တော်များများနဲ့ ရင်းနှီးလွယ်စေတဲ့အချက်တခုပါ။(၃ဓာတ်ပုံရိုက်တဲ့အခါမျိုးမှာပိုပြီးဆွဲဆောင်မှုရှိကြတယ်ဓာတ်ပုံရိုက်တဲ့အခါမျိုးမှာပါးချိုင့်
ပါသူလေးတွေရဲ့အားသာချက်ကတော့ရယ်ရယ်မောမောနေတဲ့အခါပေါ်လာတဲ့ပါးချိုင့်လေးပါပဲဒါကြောင့်မို့လို့ပါးချိုင့်ပါသူလေးတွေအနေနဲ့ဓာတ်ပုံရိုက်တဲ့ အခါ ပြုံးပြုံးရယ်ရယ်လေးနေဖို့မေ့မထားသင့်ပါဘူးနော်(၄)ငယ်ရွယ်နုပျိုတဲ့အသွင်ပေါက်စေတယ်ပါးချိုင့်ပါသူလေးတွေဟာတခြားသူတွေထက်ပိုပြီးကလေးဆန်ပြီးချစ်စရာကောင်းသလိုအသက်အရွယ်တခုရလာ
ရင်တာင်ငယ်ရွယ်နုပျိုတဲ့အသွင်ပေါက်စေတာဖြစ်ပါတယ်(၅)အပြစ်ကင်းတဲ့အသွင်ပေါက်တယ်ရယ်လိုက်ရင်ပါးချိုင့်လေးပေါ်လာတာဟာမျိုးဟာတမျိုးတဘာသဆွဲဆောင်မှုရှိသလိုအပြစ်ကင်းစင်တဲ့ကလေးတယောက်လိုချစ်စရာကောင်းတာကြောင့်ပါးချိုင့်ပါသူလေးတွေဟာကံကောင်းသူလေးတွေ ဖြစ်နေတယ်ဆိုတာကတော့ငြင်းမရပါဘူး။ခရက်ဒစ်Calcifer