ပါးစပ်ကထုတ်မပြောပေမယ့်မိန်းကလေးအများစုသဘောကျတတ်တဲ့အချက်များ(၁)ကိုယ့်ကိုငေးကြည့်ခံရတဲ့အခါမိန်းကလေးတော်တော်များများမှာကိုယ့်ကိုငေးမောကြည့်ခံရတာကို

မကြိုက်သူတော်တော်ရှားပါတယ်။ဥပမာသင်ဟာချစ်သူနဲ့ရုပ်ရှင်ကြည့်ဖို့လှလှလေးဝတ်ပြီးမိတ်ကပ်လှလှလေးပြင်လာတယ်ဆိုပါတော့။ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိရှိနဲ့လျှောက်လာ

တဲ့သင့်ကိုပုရိသတွေလည်ပြန်ကြည့်တာကိုသာယာနေတတ်ကြပါတယ်။ဒီလိုအချိန်မျိူးမှာဆိုကိုယ့်ကိုယ်ကိုအလှဆုံးဆိုပြီးဂုဏ်ယူတတ်ကြတယ်မဟုတ်လား။ဘေးဘီဝဲယာကိုတောင်

မမြင်နိုင်တော့ဘဲသူများတွေရဲ့အာရုံစိုက်မှုမှာကြိတ်ဂုဏ်ယူတတ်ကြတယ်လေ။(၂)အခြားအမျိူးသမီးတစ်ယောက်ကကိုယ့်ကိုမနာလိုတဲ့အခါကိုယ့်ဘဲဘဲကိုတခြားမိန်းကလေး

တစ်ယောက်ကငေးကြည့်နေတာကိုမိန်းကလေးတွေမကြိုက်ကြပါဘူး။ထိုသို့သောအခါမျိူးမှာမနာလိုစိတ်နှင့်ချစ်သူကိုကိုယ်သာပိုင်သလိုလုပ်ပြလိုတဲ့စိတ်တွေဝင်လာတတ်ပါတယ်

ဒါကြောင့်ကောင်လေးချောချောအမိုက်စားလေးတွေကိုပိုင်ဆိုင်ထားသူမိန်းကလေးတွေအနေနဲ့ကိုယ့်ဘဲကိုလာcrushတဲ့တခြားမိန်းကလေးတွေကကိုယ့်ကိုမနာလိုဖြစ်တဲ့

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

အခါဂုဏ်ယူတတ်ကြပါတယ်(၃)ကောင်လေးတွေလာအီတဲ့အခါမိန်းကလေးတော်တော်များများကအီတာလောက်ကအရေးမကြီးဘူး။အန္တရာယ်မရှိဘူးလို့ထင်တတ်ကြပါတယ်

ကော်ဖီဆိုင်ကကော်ဖီဖျော်တဲ့သူချောချောလေးနှင့်မျက်လုံးချင်းဆုံမိတာကျောင်းသွားဖော်သူငယ်ချင်းကလှတယ်လို့ချီးကျူးတာ၊အွန်လိုင်းပေါ်ကကောင်လေးတစ်ယောက်နဲ့

စကားပြောနေတာကိုမသိစိတ်ကသာယာတတ်ကြပါတယ်(၄)ယောက်ျားတွေကိုယ့်ကြောင့်ရန်ဖြစ်တာရုပ်ရှင်တွေထဲကလိုပေါ့။ကိုယ့်အတွက်နဲ့ချစ်သူကမားမားမတ်မတ်ရန်ဖြစ်ပေး

တာ၊ကိုယ့်ကိုကာကွယ်ပေးတာမျိူကိုမိန်းကလေးတွေသဘောကျကြပါတယ်(၅)ကိုယ့်အတွက်ဆိုငွေရေးကြေးရေးကိုပဓာနမထားဘဲလိုချင်တာဖြည့်ဆည်းပေးတဲ့ချစ်သူဆိုလိုချင်

တာကကျိကျိတက်ချမ်းသာတဲ့သူဌေးဖြစ်ဖို့၊နောက်ဆုံးပေါ်ကားကိုသင်ပိုင်ဆိုင်ဖို့မလိုပါဘူး။သင့်လက်ထဲမှာ၁သောင်းပဲရှိပါစေဦးသူမလက်ရှိလိုချင်တာလေးကိုဖြည့်ဆည်းဖို့

သင်လက်မတွန့်တတ်တာမျိူးကိုမိန်းကလေးတွေအလွန်သဘောကျကြပါတယ်နောက်ပြီးအလုပ်ကအပြန်တကူးတကလာကြိုပေးတာမျိူးရှိတာလေးနှင့်မုန့်ဝယ်ကျွေးတာမျိူးကော

ပေါ့(၆)အလကားရတဲ့ပစည်းတွေယောက်ျားမိန်းမမရွေးအလကားရတဲ့ပစည်းတွေကိုမကြိုက်တတ်တဲ့သူခပ်ရှားရှားရယ်ပါမိန်းကလေးတွေအနေနဲ့တော့ကိုယ့်အလှအပကြောင့်ဒစ်စကောင့်ရတာမျိူးတွေကိုယ့်ကိုသီးသန့်အလကားပေးတဲ့ဟင်းပွဲတွေကိုသဘောခွေ့တတ်ကြပါတယ်